“အသိပေးကြေညာချက်”

Thu, 07/15/2021 - 04:43 -- pskhing

ရက်စွဲ။ ၂၀၂၁ခုနှစ်၊ဇူလိုင်လ ၁၅ ရက်

       အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသော (၁၇-၇-၂၀၂၁ မှ ၂၅-၇-၂၀၂၁ ထိ) ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများ အနေဖြင့် အလုပ်တာဝန်များရပ်ဆိုင်းထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန် သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် Covid-19 ကူးစက် ရောဂါ ကာကွယ် ကုသရေး ပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာ ဌာန များနှင့် ညှိနှိုင်း ထားသည့် SOP များနှင့်အညီဦးစားပေး တင်သွင်းခွင့်ပြုပေးသွားမည် ဖြစ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။     

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန