အသိပေးကြေငြာချက်

Sat, 07/24/2021 - 11:26 -- pskhing

၁။ အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသော ၂၆.၇.၂၀၂၁ ရက်မှ ၁.၈.၂၀၂၁ ရက်အထိ ရုံးပိတ်ရက်များတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး COVID -19 ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစား ပေး တင်သွင်းခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။

၂။ အဆိုပါရက်များတွင်လည်း ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်း ကုန်ရုံး(ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက်ထားမှုများကို ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။