ပြည်ပမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအားနှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိ

Mon, 07/26/2021 - 12:30 -- pskhing

 

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ်လျက်ရှိသည့် အောက်စီ ဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် (၂၆-၇-၂၀၂၁ ရက်မှ ၁-၈-၂၀၂၁ ရက်အထိ) ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများ အနေဖြင့် အလုပ်တာဝန်များရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်းပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် COVID-19 ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်းသက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးမည်ဖြစ်ပါသည်။

 အဆိုပါရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန် သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ်လျက်ရှိသည့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများဖြစ်သည့် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကော့သောင်း တို့မှ အဆက်မပြတ်

တင်သွင်းခွင့်ပြုလျက်ရှိပါသည်။

 ၂၅-၇-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၂၆၇၁)လုံး၊ Oxygen Generator (၅) ခုနှင့် Test Kit (၄၇၂၉၃) ခုတို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင်အရည် (Bowser) ယာဉ် (၃) စီးဖြင့် (၅၈) တန်၊ အောက်စီဂျင်အရည် (အိုးဖြင့်) (၁၆) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၂၇၈၅)ခု၊ နှာခေါင်းစီး (Mask) (၃၁) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၂၅)ခုမှ ယာဉ်စီးရေ (၃၇) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ၁၂-၇-၂၀၂၁ မှ ၂၅-၇-၂၀၂၁ ရက်နေ့အထိ ယာဉ်စီးရေ (၄၂၅) စီးဖြင့် အောက်စီဂျင်အရည် (Bowser)ယာဉ်ဖြင့် (၅၃၃) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၄၀၅)တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၀၂) တန်၊ အိမ်သုံးအောက်စီဂျင်စက် (၃၀၈၇၇)ခု၊ Test Kit (၂၄၅၈၆၈) ခု၊ နှာခေါင်းစီး (Mask) (၆၆၅) တန် ၊ Oxygen Plant (၄) ခု၊ Oxygen Generator (၁၄) ခု တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ် ကုသရေးပစ္စည်းများတင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်း များမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။