ပြည်ပမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအားနှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိ

Tue, 07/20/2021 - 11:33 -- pskhing

 

 လတ်တလောတွင် နိုင်ငံတစ်ဝှမ်းလုံးတွင် Covid-19 ရောဂါတတိယလှိုင်း ကူးစက်ဖြစ်ပွားမှု နှုန်းမြင့် တက်လာခြင်းနှင့်အတူကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအရေးပေါ် လိုအပ်မှုမှာလည်းမြင့် တက်လျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါပစ္စည်းများ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိပဲလွယ်ကူလျင်မြန်စွာတင်သွင်းနိုင်ရေးအတွက် ဆက်စပ် ဝန်ကြီးဌာနများနှင့် ထိထိရောက်ရောက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

 ပြည်သူများအရေးပေါ်လိုအပ်လျက်ရှိသောကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများအား ပြည်ပမှတင်သွင်းမှုကို အများပြည်သူရုံးပိတ်ရက်များတွင်လည်း ရပ်ဆိုင်း ထားခြင်းမရှိပဲပုံမှန်အတိုင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀-၇-၂၀၂၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ မောတောင်တို့မှ ကုမ္ပဏီ (၇၆) ခု၊ မော်တော်ယာဉ် (၅၁)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၄၃) တန်၊ အောက်စီဂျင် အရည် (အိုးဖြင့်) (၂၉) တန်၊ Oxygen Generator (၄)လုံး၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၃၉၇၈)ခု၊ Test Kit (၂၀၀၀၀)ခု၊ နှာခေါင်းစီး ( Mask ) (၅၅) တန် တင်သွင်းနိုင်ခဲ့ ပါသည်။

 ၁၂-၇-၂၀၂၁ မှ ၂၀-၇-၂၀၂၁ ရက်နေ့အထိ မော်တော်ယာဉ် (၂၁၃)စီးဖြင့် အောက်စီဂျင် အရည် (Bowser) ယာဉ်ဖြင့် (၃၂၉) တန်၊ အောက်စီဂျင်အရည် (အိုးဖြင့်) (၁၁၂)တန်၊ အောက်စီဂျင် ဓါတ်ငွေ့ (အိုးဖြင့်) (၆၂) တန်၊ အိမ်သုံးအောက်စီဂျင်စက် (၁၅၅၆၁)ခု၊ Test Kit (၁၃၄၅၀၀) ခု၊ နှာခေါင်းစီး ( Mask ) (၄၂၀) တန် တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်ပါသည်။

 မူဆယ်နယ်စပ်မှ တင်သွင်းမည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ပစ္စည်းများ ့လျင်မြန်စွာရောက်ရှိစေရေးအတွက် ကုမ္ပဏီများအနေဖြင့် တင်ပြလျှောက် ထားသည့်စာများတွင် တစ်ဖက်တရုတ်နိုင်ငံရှိဆက်သွယ်ရမည့်လူအမည်၊ ကုမ္ပဏီအမည်၊ တရုတ်ဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြပေးနိုင်ပါရန် အသိပေးထားပါကြောင်းနှင့် အကူအညီ လိုအပ်ပါကသက်ဆိုင်ရာဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ Contact Person များကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ website ဖြစ်သည့် commerce.gov.mm တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရှိရပါသည်။