ထိုင်းရေကြီးမှုနှင့် ဥရောပကြွေးမြီအကျပ်အတည်းကြောင့် ရော်ဘာဈေးနှုန်း ၁၄ လ အတွင်း အနိမ့်ဆုံးသို့ ကျဆင်းလာ

Fri, 10/21/2011 - 05:04 -- Anonymous (not verified)

ထိုင်းရေကြီးမှုနှင့် ဥရောပကြွေးမြီအကျပ်အတည်းကြောင့် ရော်ဘာဈေးနှုန်း ၁၄ လ အတွင်း အနိမ့်ဆုံးသို့ ကျဆင်းလာ ဥရောပ အကြွေး ကယ်တင်မှုနည်းဗျူဟာတွင် ပြင်သစ်နှင့်ဂျာမာန်တို့ သဘောထား ကွဲနေခြင်းနှင့် ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှုက ကားထုတ်လုပ် မှု လျော့ကျပြီး တာယာ ထုတ်လုပ်ရာမှာ အသုံးပြုသည့် ရော်ဘာဝယ်လိုအားနည်းသွားခြင်းနှင့် ဆက်နွယ် ၍ ရော်ဘာဈေးနှုန်းမှာ ၁၄ လ အတွင်း အနိမ့်ဆုံးဈေးသို့ ကျဆင်းခဲ့ပါသည်။ တိုကျိုကြို ရောင်းဈေးကွက်တွင် မတ်လကြိုရောင်းဈေးမှာ ၂၀၁၀ ခုနှစ် သြဂုတ်လတွင်ဖြစ် ခဲ့သော အနိမ့်ဆုံးဈေး အဆင့်သို့ ရောက်ခဲ့ပြီး တစ်ကီလို ၂၈၁.၅ ယန်း(တစ်တန်၃၆၆၉ ဒေါ်လာ) သို့ကျဆင်းပြီး ၆.၆% ကျဆင်းခဲ့ပါ သည်။ အောက်တိုဘာ ၂၃ ရက်မတိုင်မီ ဝေစုခွဲေ၀ ရေး ဆွေးနွေးရန် ဖရန့်ဖတ်မြို့ တွင် ခေါင်းဆောင်များစုဝေး၍ ပြင်သစ်သမ္မတနီ ကိုလပ် ဆာကိုဇီမှ ဂျာမဏီသို့ဆက်သွယ်ပြောကြားခဲ့ပါသည်။ ဒေသတွင်းအကြွေးပြဿနာ သည် အီတလီနှင့် စပိန်နိုင်ငံတို့ကို လွှမ်းမိုး ထားသဖြင့် ဥရောပခေါင်းဆောင်များသည် ဥရောပငွေကြေးများတည်ငြိမ်စေရန် ယူရို ၄၄၀ ဘီလီယံ( ဒေါ်လာ ၆၀၅.၅ ဘီလီယံ)   ဖြင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများရှာဖွေလျှက်ရှိသည်။