လူ့စွမ်အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန ၊ ဌာနခွဲများ အားလုံးရှိ ဝန်ထမ်းများအားသင်တန်းများ ဖွင့်လှစ်ပို့ချခဲ့မှုသတင်း

Fri, 08/18/2023 - 04:00 -- DotTrading

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေး ဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။            ကုန်သွယ်ရေးဦးစီးဌာနတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း ၊ အမှုထမ်းများ ၏ စွမ်းဆောင်ရည်စဉ်ဆက်မပြတ်တိုးတက်မြင့်မားစေရန် ၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုး တိုးတက်စေရန်နှင့်မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး တစ်စိတ်တစ်ပိုင်းအနေဖြင့်သိရှိစေရန်နှင့်ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်ထိရောက်လျင်မြန်မှုရှိစေရန်ရည်ရွယ်၍ ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်းသင်တန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့် ဆက်စပ်ကတ်များ ဆိုင်ရာအသိပညာပေးသင်တန်း ၊ မျက်မှောက်ခေတ်နှစ်နိုင်ငံကုန်သွယ်ဆက်ဆံ မှုဆိုင်ရာအသိပညာပေးသင်တန်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အသိပေးအကြောင်းကြားခြင်း လုပ်ငန်းစဉ်အကြောင်းသိကောင်းစရာ သင်တန်း စသည် ဖြင့်သင်တန်း (၄) ခုဖွင့်လှစ် ခဲ့ခြင်းဖြစ် ပါသည်။

၃။      ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်းသင်တန်းကို ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၁၀) ရက်မှ (၁၁) ရက်ထိ (ကြာသပတေး ၊သောကြာ) နေ့များတွင်နံနက် (၁၀:၀၀)နာရီမှ (၁၂:၀၀) နာရီထိ ဖွင့်လှစ်ခဲ့ပြီးသင်တန်းသား၊သင်တန်းသူ (၂၀ )ဦး တက်ရောက်ခဲ့ပါသည်။

၄။         ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့်ဆက်စပ်ကတ်များဆိုင်ရာအသိပညာပေးသင်တန်း ကို ၂၀၂၃ ခုနှစ်၊ ၊ သြဂုတ်လ (၁၅) ရက်မှ (၁၆) ရက်ထိ ( အင်္ဂါ ၊ ဗုဒ္ဓဟူး) နေ့များတွင် နံနက် (၁၀ : ၀၀)  နာရီမှ (၁၂:၀၀) နာရီထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက် ခဲ့ပါသည်။

၅။         မျက်မှောက်ခေတ် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံမှုဆိုင်ရာအသိပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၇ )ရက်နေ့မှ (၁၈) ရက်နေ့ထိ (ကြာသပတေး၊ သောကြာ)နေ့များတွင် နံနက် (၁၀:၀၀)  နာရီမှ (၁၂ : ၀၀) နာရီထိဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၁၉) ဦး တက်ရောက် ခဲ့ပါသည်။