လူ့စွမ်အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန ၊ ဌာနခွဲများ အားလုံးရှိ ဝန်ထမ်းများအား သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့မှုသတင်း

Fri, 07/28/2023 - 04:46 -- DotTrading

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲ ထားရှိသည့် သင်တန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။         ကုန်သွယ်ရေးဦးစီးဌာနရှိ အရာထမ်း ၊ အမှုထမ်းများအား မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး တစ်စိတ်တစ်ပိုင်းအနေဖြင့် သိရှိစေရန် ရည်ရွယ်၍  အသုံးစရိတ်ထုတ်ယူရန် ကြိုတင်စစ်ဆေးခြင်းသင်တန်း၊ ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာအသိပညာပေးသင်တန်း၊ သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေသင်တန်း၊ စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များသင်တန်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာမူဝါဒများအသိပညာပေးသင်တန်း စသည်ဖြင့် သင်တန်း (၅) ခုဖွင့်လှစ် ခဲ့ခြင်းဖြစ်ပါသည်။

၃။      အသုံးစရိတ်ထုတ်ယူရန် ကြိုတင်စစ်ဆေးခြင်းသင်တန်းကို ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ (၁၇) ရက်မှ (၁၈) ရက်ထိ (တနင်္လာ ၊ အင်္ဂါ) နေ့များတွင် နံနက် (၀၉:၄၅)နာရီမှ (၁၂:၂၀) နာရီထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ပါသည်။

၄။    ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအသိပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်မှ (၂၁) ရက်ထိ ( ကြာသပတေး၊ သောကြာ) နေ့များတွင် နံနက် (၀၉ : ၄၅)  နာရီမှ (၁၂:၂၀) နာရီထိ ဖွင့်လှစ် ခဲ့ပြီးသင်တန်းသား၊ သင်တန်းသူ(၁၉)ဦး တက်ရောက်ခဲ့ပါသည်။

၅။    သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၁ )ရက် (သောကြာနေ့)၊ နေ့လယ် (၁၃:၃၀) နာရီမှ (၁၆:၀၅) နာရီထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ပါသည်။

၆။      စုံစမ်းစစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်မှ (၂၅) ရက်ထိ (တနင်္လာ ၊ အင်္ဂါ ) နေ့များတွင် နံနက် (၀၉:၄၅)  နာရီမှ (၁၂:၂၀) နာရီထိ  ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ပါသည်။

၇။     အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ မူဝါဒများအသိပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက် (ဗုဒ္ဓဟူးနေ့)၊ နေ့လယ် (၁၃:၃၀)  နာရီမှ (၁၆:၀၅ ) နာရီထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၁၉)ဦး တက်ရောက်ခဲ့ပါသည်။