လူ့စွမ်အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရကုန်သွယ်ရေးဦးစီးဌာန၊ဌာနခွဲများအားလုံးရှိဝန်ထမ်းများအားယှဉ်ပြိုင်မှုဥပဒေဆိုင်ရာစီးပွားရေးဘာသာရပ်သင်တန်း ဖွင့်လှစ် ခဲ့မှု့အခြေအနေ

Wed, 08/30/2023 - 09:28 -- DotTrading

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၏   လမ်းညွှန်ချက်အရလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး

 တိုးတက်ရေးစီမံချက်တွင်  ထည့်သွင်းရေးဆွဲထားရှိသည့်   သင်တန်းများကို  ကုန်သွယ်ရေးဦးစီးဌာန၊  ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

အနေဖြင့်တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။         ကုန်သွယ်ရေးဦးစီးဌာနတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း ၊ အမှုထမ်းများ ၏ စွမ်းဆောင်ရည်စဉ်ဆက်မပြတ် တိုးတက်မြင့်မားစေရန် ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေရန်နှင့်မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက် ပြီး တစ်စိတ်တစ်ပိုင်းအနေဖြင့်သိရှိစေရန်၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်ထိရောက်လျင်မြန်မှု ရှိစေရန် အတွက်ရည်ရွယ်၍  ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ စီးပွားရေးဘာသာရပ်သင်တန်းကို  ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပါသည်။

၃။       အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၃၀) ရက်နေ့မှ (၃၁) ရက်ထိ (ဗုဒ္ဓဟူး ၊ ကြာသပတေး)နေ့များတွင်နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိဖွင့်လှစ်ခဲ့ပြီးသင်တန်းသား ၊ သင်တန်းသူ (၂၀ )ဦး တက်ရောက်ခဲ့ပါသည်။