လူ့စွမ်အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန ၊ ဌာနခွဲများ အားလုံးရှိ ဝန်ထမ်းများအား ကမ္ဘာ့ကုန်သွယ်‌ရေးအဖွဲ့၏ သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်း သဘောတူညီချက်နှင့် အသိပေးအကြောင်းကြားခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ်ခဲ့မှု့အခြေအနေ

Fri, 08/25/2023 - 04:14 -- DotTrading

၁။   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး

တိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့်သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

အနေဖြင့် တာဝန်ယူအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။    ကုန်သွယ်ရေးဦးစီးဌာနတွင်  တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများ၏ စွမ်းဆောင်ရည်စဉ်ဆက်မပြတ်

တိုးတက်မြင့်မားစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့်

လုပ်ငန်းများနှင့် ပတ်သက်ပြီးတစ်စိတ်တစ်ပိုင်းအနေဖြင့် သိရှိစေရန် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်လျင်မြန်မှုရှိစေ

ရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သွင်းကုန်ပို့ကုန်လိုင်စင်  လုပ်ထုံးလုပ်နည်းများကို တစ်စိတ်တစ်ပိုင်း နားလည်သိရှိနိုင်‌စေရန်

ရည်ရွယ်၍ ကမ္ဘာ့ကုန်သွယ်‌ရေး အဖွဲ့၏ သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်း သဘောတူညီချက်နှင့် အသိပေးအကြောင်းကြား

ခြင်းဆိုင်ရာ သင်တန်းကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

၃။   အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၂၁) ရက်နေ့မှ (၂၂) ရက်ထိ (တနင်္လာ ၊ အင်္ဂါ) နေ့များတွင်နံနက် (၁၀:၀၀) နာရီမှ

(၁၂:၀၀) နာရီထိ ဖွင့်လှစ်ခဲ့ပြီးသင်တန်းသား၊ သင်တန်းသူ (၂၇ )ဦး တက်ရောက်ခဲ့ပါသည်။