Myanmar Tradenet 2.0 စနစ်စတင်မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

Thu, 11/12/2020 - 10:42 -- dotadmin

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် National Single Window အထောက်အကူပြုစနစ်ဖြစ်စေရန် ကုန်သွယ်မှုလုပ်ငန်းစဉ်တလျှောက်တွင် ကုန်သွယ်မှုဆက်စပ်ဌာနများကြား တူညီသည့်အချက်များအား Single Entry အဖြစ် ဆောင်ရွက်နိုင်စေရန်၊ ထောက်ခံချက်ပေးသည့် လုပ်ငန်းများအပါအဝင် လိုင်စင်စနစ်နှင့် ဆက်စပ်လုပ်ငန်းများအား Online အသုံးပြု၍ ဆောင်ရွက်နိုင်စေရန်အတွက် Myanmar Tradenet 2.0 စနစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ စနစ်အကောင်အထည် ဖော်ဆောင်မှုအနေဖြင့် ပြီးစီးပြီးဖြစ်သဖြင့် အဆင့်လိုက် စနစ်တကျ ကူးပြောင်းဆောင်ရွက်သွား မည်ပါသည်။

 

Myanmar Tradenet 2.0 စနစ်အား အဆင့်လိုက်စနစ်တကျကူးပြောင်း ဆောင်ရွက် သွားနိုင်ရေး အတွက် Myanmar Tradenet Member လျှောက်ထားခြင်း၊ ပသကနှင့် ဆက်စပ်ကတ်များ လျှောက်ထားခြင်း၊ ပို့ကုန်(သို့မဟုတ်) ခွင့်ပြုအမယ်များ လျှောက်ထားခြင်း၊ ပို့ကုန်သွင်းကုန် အမယ်အားလုံး လျှောက်ထားခြင်းတို့ကို အဆင့်လိုက်ခွင့်ပြုဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

အဆိုပါ ပို့ကုန်သွင်းကုန်မှတ်ပုံတင်ကတ်နှင့် ဆက်စပ်ကတ်များမှတ်ပုံတင်ခြင်း၊ ပို့ကုန်သွင်း ကုန် လိုင်စင် ပါမစ်များအား Online စနစ်ဖြင့် လျှောက်ထားထုတ်ပေးနိုင်မည့် Myanmar Tradenet 2.0 စနစ်အား စတင်မိတ်ဆက်ခြင်း( Soft Launch) အခမ်းအနားအား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် Virtual Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အဆိုပါအခမ်းအနားသို့ နေပြည်တော်ဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သွယ်မှုနှင့်ဆက်စပ်သည့် ဦးစီးဌာန (၃၂) ခုရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူး များ (၇၀) ဦး၊ ရန်ကုန်ဘက်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အမှုဆောင်များ၊ ညီနောင်အသင်းများမှ ဥက္ကဌများနှင့် ကိုယ်စားလှယ်များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ စနစ် အကောင်အထည်ဖော်ရန် ပံ့ပိုးပေးသည့် USAID မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ညွှန်ကြားရေးမှူး Ms. Aler Grubbs နှင့်တာဝန်ရှိသူများ၊ စနစ်အကောင်အထည်ဖော်ပေး သည့် Information Matrix Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ နှင့် တာဝန်ရှိသူများ၊ MPU၊ KBZ၊ MCB နှင့် Ayeyarwaddy ဘဏ်များမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ပ မြန်မာနိုင်ငံသံရုံးများရှိ စီးပွားရေးသံမှူးများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းများရှိ စခန်း တာဝန်ခံနှင့်တာဝန်ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ပြင်ပသတင်းမီဒီယာဌာနများ အပါအဝင် အခမ်းအနားသို့ စုစုပေါင်း တက်ရောက်သူ (၄၇၀) ဦး တက်ရောက်ခဲ့ပါသည်။

 

အခမ်းအနားအစီအစဉ်များကို ပထမပိုင်းနှင့် ဒုတိယပိုင်း (၂) ပိုင်းဖြင့် ကျင်းပ ပြုလုပ်ခဲ့ပြီး ပထမပိုင်းကို နံနက် (၁၀) နာရီတွင် စတင်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ က အမှာစကား ပြောကြားခြင်း၊ Myanmar Tradenet 2.0 စနစ် အောင်မြင်အောင် အကောင်အထည်ဖော် နိုင်ရေးအတွက် Financial Support ပေးသည့် USAID ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ညွှန်ကြားရေးမှူး Ms. Aler Grubbs က ပြောကြားခြင်း၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Myanmar Tradenet 2.0 အကောင်အထည်ဖော်ဆောင်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ Myanmar Tradenet 2.0 Soft Launch စတင်ခြင်းကို Virtual စနစ်ဖြင့် ဖွင့်လှစ်ပေးခြင်း၊ Myanmar Tradenet 2.0 စနစ်အား Video Clip File ဖြင့် ရှင်းလင်းတင်ပြခြင်း၊ အခမ်းအနားတက်ရောက်သူ အကြီးအကဲများ စုပေါင်းဓာတ်ပုံရိုက်ကူး ခြင်းတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဒုတိယပိုင်းအနေဖြင့် Virtual Online ဖြင့် တက်ရောက် သူများ နှင့် မီဒီယာများမှမေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခြင်း အစီအစဉ်ကို နံနက် (၁၁ : ၁၀) တွင် စတင်ခဲ့ပြီး Myanmar Tradenet 2.0 စနစ် မိတ်ဆက်ခြင်းအခမ်းအနားကို (၁၂ : ၃၀) တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

Pages