MoCOM E-Commerce Innovation Challenge စိန်ခေါ်ပွဲများ စတင်ပါပြီ...

Tue, 12/01/2020 - 07:27 -- dotadmin

စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) တို့ပူးပေါင်းပြီး COVID ကာလအတွင်း စီးပွားရေးထိခိုက်မှုသက်သာရေး မြန်ဆန်စေရန်၊ ဒီဂျစ်တယ်နည်းလမ်း များ အသုံးချမှုကို မြှင့်တင်ရန်နှင့် အရည်အချင်းရှိသော လူငယ်များ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ တီထွင်ဆန်းသစ်မှုများကို အားပေးနိုင်ရန်အတွက် MoCOM E-Commerce Innovation Challenge ကို နိုဝင်ဘာလ (၁၁) ရက်နေ့မှ စတင်ကျင်းပ လျက်ရှိပါတယ်။

 

စိန်ခေါ်ပွဲများကို Round နှစ်ခုဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး Round တစ်ခုလျှင် Theme နှစ်ခုနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ ပထမအကျော့အဖြစ် ကိုဗစ်ကို ကြံ့ကြံ့ခံ တွန်းလှန်ရေးနဲ့ MSME များ စနစ်တကျ တည်ထောင်နိုင်ရေး Theme နှစ်ခုအတွက် ပြိုင်ပွဲဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှ ဒီဇင်ဘာလ (၃) ရက်နေ့အထိ ပြုလုပ်နိုင်ပြီး ပြိုင်ပွဲဝင် အဆိုပြုလွှာများကိုတော့ ဒီဇင်ဘာလ (၄) ရက်နေ့မှ (၁၇) ရက်နေ့အထိ လက်ခံသွားမှာဖြစ်ပါတယ်။

 

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများ ၊ E-Commerce ကိုစိတ်ဝင်စားတဲ့လူငယ်လူရွယ်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေနဲ့ လက်မလွတ်သင့်တဲ့ အခွင့်အရေးဖြစ်တဲ့အတွက်ကြောင့် MoCOM E-Commerce Innovation Challenge စိန်ခေါ်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ စိန်ခေါ်မှုတွေ၊အသေးစိတ်အကြောင်းအရာတွေကို သိရှိချင်တယ်ဆိုရင်တော့ https://www.connectthedot.com.mm/မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ MOCOM E-Commerce Innovation Challenge Facebook Page တွင်လည်း နောက်ဆုံးရအချက်အလက်များကို ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ် ပါတယ်။

နောက်ဆုံးရသတင်းများ

Pages