သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု အစီအစဉ်

Wed, 11/10/2021 - 03:19 -- mocadmin

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်စားသုံးသူပြည်သူများ သက်သာသောဈေး နှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်း ချပေးသည့် နိုင်ငံခြားငွေ (၁၉) သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီတန်ချိန် (၁၆,၁၃၈.၃၃)၊ ပိဿာချိန်(၉,၈၇၆,၆၅၇) ကို တစ်ပိဿာလျှင် လက်ကားဈေး (၃၇၀ဝိ/-) ကျပ်နှုန်းဖြင့်၂၀-၉-၂၀၂၁ရက်မှစ၍ရန်ကုန်တိုင်းဒေသကြီးတွင် တန်ချိန် (၁၂,၈၂၃.၅၉) ၊ မန္တလေးတိုင်းဒေသကြီးတွင် တန်ချိန် (၈၄၇.၄၇)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တန်ချိန် (၆၀၆.၆၁) ၊ မကွေးတိုင်းဒေသကြီးတွင် တန်ချိန်(၈၆၉.၂၂)၊ ပဲခူးတိုင်းဒေသကြီးတွင် တန်ချိန်(၄၆၂.၈၃)၊ တနင်္သာရီတိုင်းဒေသကြီး တန်ချိန်(၆၁.၂၉)၊ နေပြည်တော် တန်ချိန်(၁၁၆.၈၃)၊ ရှမ်းပြည်နယ်တွင် တန်ချိန်(၃၁၄.၅၄)၊ မွန်ပြည်နယ်တွင် တန်ချိန် (၃၅.၉၅)တို့ကို ဖြန့်ဖြူးရောင်းဖြူးရောင်းချပေးခဲ့ပါသည်။

              မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ လက်ကားဈေးတစ်ပိဿာလျှင် (၃၇၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူရရှိခဲ့သည့် အရောင်းဆိုင်များသည် ဒေသအလိုက်သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ဆောင်း၍ (၂%) ထက်မပိုသော အမြတ်ဖြင့် ရောင်းချပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဘုရင့်နောင်ပွဲရုံတန်းနှင့် ညောင်ပင်လေးဈေးတို့တွင် လက်ကားဖြန့်ဖြူးရောင်းချပေးခဲ့သည့်အပြင်ဆီအသင်း၏ အစီအစဉ်ဖြင့် မြို့နယ်/ ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး နေပြည်တော်အပါအဝင် ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချပေးခဲ့ပါသည်။

              ထပ်မံ၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့်  တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ  အမေရိကန်ဒေါ်လာ (၁၂) သန်းကိုလည်း ပြည်ပနိုင်ငံခြားပေါက်ဈေးအပေါ် မူတည်၍ စားအုန်းဆီများ မှာယူတင်သွင်းပြီး စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

Pages