ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

Tue, 09/14/2021 - 17:15 -- dotadmin

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ လွယ်ကူလျင်မြန်စွာတင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့် ပြုပေးလျက်ရှိရာ ၁၄-၉-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် မြဝတီကုန်သွယ်ရေးစခန်း (၄) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၁၁) ခုမှ ယာဉ်စီးရေ (၂၄) စီးဖြင့် အောက်ဆီဂျင် (အရည်) (Bowser) ယာဉ် (၂) စီး (၃၉) တန် ၊ အောက်ဆီဂျင် (အိုးခွံ) (၂၇၉၀) ခု၊ Oxygen Plant (၆၈) ခု၊ အိမ်သုံး Oxygen Concentrator (၃၁၈) ခု၊ Tesk Kit (၅၀၂၄၀)ခု၊ PPE (၇၃၀၀) စုံ ၊ လက်အိပ် (၂၉) တန် နှင့် နှာခေါင်းစည်း (Mask) (၆၃) တန်တင်သွင်းခဲ့ပါသည်။ အောက်ဆီဂျင် (အရည်) (Bowser) ယာဉ် (၂) စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး၊  Oxygen Plant (၆၈) ခုမှာ ရန်ကုန်မြို့သို့ (၆၄)ခု၊ မန္တလေးမြို့၊ မြစ်ကြီးနားမြို့၊ ဖားကန့်မြို့နှင့် မိုးကောင်းမြို့တို့ သို့ (၁) ခုစီ ဖြစ်ကြောင်းသိရှိရပါသည်။

 

ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များနှင့် အကူအညီလိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင် သည့် တာဝန်ခံ (Contact Person) များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

Pages