ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

Sun, 09/05/2021 - 17:54 -- dotadmin

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင်လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၅-၉-၂၀၂၁ ရက်နေ့တွင် ချင်းရွှေဟော်၊ မြဝတီ ၊ တာချီလိတ်နှင့် ထီးခီး စခန်း(၄)ခုတို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၁၀)ခုမှ ယာဉ်စီးရေ(၁၈)စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၂)စီးဖြင့် (၄၀) တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် (၃)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၇၂၀)ခု၊ Oxygen Plant (၂)ခု၊ အိမ်သုံး Oxygen Concentrator(၁၇၀၀)ခု၊ PPE (၂၀၀၀) စုံ နှင့် နှာခေါင်းစည်း(Mask) (၂၆)တန် တင်သွင်းခဲ့ပါသည်။ အောက်ဆီဂျင်အရည်(Bowser)ယာဉ်(၂)စီးနှင့် Oxygen Plant(၂)ခုမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရပါသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်းသိရှိရပါသည်။

နောက်ဆုံးရသတင်းများ

Pages