ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

Fri, 09/17/2021 - 17:18 -- dotadmin

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ၁၇-၉-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် မြဝတီ၊ ချင်းရွှေဟော် နယ်စပ်စခန်း(၂)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၄) ခုမှ ယာဉ်စီးရေ (၅) စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) (၁၀၀၀) ခု၊ Oxygen Plant (၁၅)ခု၊ အိမ်သုံး Oxygen Concentrator (၃၆၇)ခု၊ Covid Test Kit (၁၀၂၆၀) ခု၊ PPE (၁၅၇၁၇၇)စုံ၊ လက်အိတ် (၁၆) တန်နှင့် နှာခေါင်းစည်း (Mask) (၃၂)တန် တင်သွင်းခဲ့ပါသည်။ ​ Oxygen Plant (၁၅)ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ (၁၄) ခုနှင့် ချင်းရွှေဟော်မှ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့သို့ (၁) ခု ဖြစ်ကြောင်း သိရှိရပါသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာ တွင်နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိ ပါကြောင်းနှင့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက် များကိုလည်း အများပြည်သူသိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

Pages