ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

Wed, 11/17/2021 - 09:54 -- dotadmin

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကိုလေကြောင်း၊ ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးစခန်းများ မှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီစီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ (၁၇-၁၁-၂၀၂၁) ရက်နေ့တွင် မြဝတီ၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီကုန်သွယ်ရေးစခန်း (၃) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂) ခု မှယာဉ်စီးရေ (၄) စီး ဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁) စီးဖြင့် (၂၀) တန်၊ PPE (၄၄၀) စုံနှင့် နှာခေါင်းစည်း (Mask) (၁၄)တန် တို့ကိုတင်သွင်းခဲ့ပါသည်။ အောက်ဆီဂျင် (အရည်) Bowserယာဉ် (၁) စီးမှာ မြဝတီစခန်းမှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရပါ သည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းထားသည့် SOPများနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့်အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်းသိရှိရပါသည်။

နောက်ဆုံးရသတင်းများ

Pages