ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေး နှောင့်နှေးကြန့်ကြာမှုမရှိစေရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

Wed, 08/11/2021 - 17:43 -- dotadmin

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် Covid-19 ရောဂါကာကွယ် ကုသ ထိန်းချုပ်ရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကိုလုပ်ငန်းရှင်များ လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ဖြေလျော့မှုများအားဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆက်စပ်ဌာနများ နှင့် ညှိနှိုင်းထားသည့် SOP နှင့်အညီဆောင်ရွက်ပေးလျက်ရှိပါသည်။

 

အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ပြည်သူများ အရေးပေါ်လိုအပ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား တင်သွင်းမှုကို အများပြည်သူရုံးပိတ်ရက်များတွင်လည်း ရပ်ဆိုင်းထားခြင်းမရှိပဲ ပုံမှန်အတိုင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၁၁-၈-၂၀၂၁ ရက်နေ့ တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၂၅၃၂)ခု၊ Test Kit (၇၂၂၆) ခု၊ နှင့် နှာခေါင်းစီး (Mask) (၁၁) တန် ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ Oxygen Concentrator (၁၅)ခု အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ ၊ တာချီလိတ်၊ ထီးခီးကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင် အရည် (Bowser)ယာဉ်(၂)စီးဖြင့်(၃၅)တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်)(၇)တန်၊ အောက်စီဂျင်(အိုးခွံ) (၆၆၉၈)ခု၊ Oxygen Plant (၁)ခု၊ Oxygen Generator (၁) ခု၊ အိမ်သုံးအောက်စီဂျင်စက်(Oxygen Concentrator)(၂၈၈၈) ခု၊ Test Kit (၇၂၂၆) ခု၊ PPE (၁၅၉၆၀)စုံ၊ လက်အိတ်(၈)တန်နှင့် နှာခေါင်းစီး (Mask) (၄၉) တန်တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများ အား ကုမ္ပဏီ(၂၄)ခုမှ ယာဉ်စီးရေ (၄၃)စီးဖြင့် တင်သွင်းလာခြင်း ဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၆၄၂)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၅၈၉)တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်)(၁၅၆)တန်၊ အောက်စီဂျင်ဓာတ်ငွေ့အိုးဖြင့် (၆၅)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၇၇၈၀၄) ခု၊ Oxygen Plant (၁၆)ခု၊ အောက်ဆီဂျင်(Generator)(၁၀)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၁၆၅၈)ခု၊ Test Kit (၁၅၀၂၆၈)ခု၊ PPE (၃၄၁၈၅၂)စုံ၊ လက်အိတ် (၅၈)တန်နှင့် နှာခေါင်းစီး (Mask) (၈၄၉) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါ သည်။

 

ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်စီဂျင်(အိုးခွံ) (၄၀၄၉၁)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါ သည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လမှ သြဂုတ်လ(၁၁)ရက်နေ့ထိ ပြည်ပမှ တင်သွင်းလာသည့် အောက်စီဂျင် အရည် (Bowser) ယာဉ် စုစုပေါင်း (၆၃) စီးမှာ ရန်ကုန်မြို့သို့ (၄၆) စီး ၊ မန္တလေးမြို့သို့ (၁၁)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ မော်လမြိုင်မြို့ သို့ (၃)စီး ၊ သထုံမြို့ သို့ (၁)စီး ဖြစ်ကြောင်း သိရှိရပါသည်။Oxygen Plant စုစုပေါင်း (၂၄) ခုမှာ ရန်ကုန်မြို့သို့ (၄ ) ခု၊ လားရှိုး (၄) ခု ၊ ပဲခူးမြို့သို့ (၄) ခု ၊ ပခုက္ကူ (၂) ခု ၊ မန္တလေးမြို့၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ဘားအံ၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့၊ မော်လမြိုင်မြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်းသိရှိရပါသည်။

နောက်ဆုံးရသတင်းများ

Pages