ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား အများပြည်သူ ရုံးပိတ်ရက်များတွင်လည်း လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆက်မပြတ် တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

Sat, 08/07/2021 - 15:46 -- dotadmin

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့်  ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ရက်များအတွင်းတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး   ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကိုပြည်ပမှတင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်း မှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း၊ နယ်စပ်ဒေသများမှ တင်သွင်းရာတွင်လွယ်ကူအဆင်ပြေစေရေး အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက်မရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

၇-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၂၅၀၇) ခု အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊တာချီလိတ် ကုန်သွယ်ရေးစခန်း များမှ အောက်စီဂျင်အရည် (Bowser) ယာဉ်(၄)စီးဖြင့် (၇၄)တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၇) တန်၊ အောက်စီဂျင်ဓာတ်ငွေ့(အိုးဖြင့်) (၉)တန်၊အောက်စီဂျင်(အိုးခွံ)(၈၄၂၂)ခု၊ Oxygen Plant (၁)ခု၊  အိမ်သုံးအောက်စီ ဂျင်စက်(Oxygen Concentrator)(၄၀၉၀) ခု၊ PPE (၄၉၀၃၀)စုံနှင့် နှာခေါင်းစီး (Mask) (၆၇) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ(၄၂) ခု မှ ယာဉ်စီးရေ (၇၉) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၄၂၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၃၉၈) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၁)တန်၊အောက်စီဂျင်ဓာတ်ငွေ့အိုးဖြင့်(၆၂)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၄၇၈၈၀) ခု၊ Oxygen Plant (၆)ခု၊ အောက်ဆီဂျင်(Generator) (၉)ခု၊ အိမ်သုံးအောက်စီဂျင် စက် (Oxygen Concentrator) (၄၂၁၈၉)ခု၊ Test Kit (၁၄၁၆၄၂) ခု၊ PPE (၂၈၀၉၃၂)စုံ၊ လက်အိတ် (၃၉)တန်နှင့် နှာခေါင်းစီး (Mask) (၅၆၉) တန်၊ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

 

ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်စီဂျင်(အိုးခွံ) (၄၀၄၉၁)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါ သည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရပါ သည်။

နောက်ဆုံးရသတင်းများ

Pages