၂၀၂၃ စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ ထွက်ခွာ

Tue, 11/21/2023 - 09:13 -- mocadmin

နေပြည်တော်၊ နိုဝင်ဘာ ၂၁       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစပယ်အစိုးရ၊ နိုင်ငံခြား ရေးရာဌာန၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ကျင်းပမည့် ၂၀၂၃ စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (2023 Sichuan-Chongqing & Mekong Countries Sub-national Cooperation Forum) သို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

        မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို အကျိုးဖြစ်ထွန်းစေရန်၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ချန်ဒူး-ချုံချင့်ဒေသနှင့် မဲခေါင်နိုင်ငံများအကြား ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရန် ရည်ရွယ်ပြီး အဆိုပါဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

           ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့နှင့်  ကိုယ်စားလှယ် (၃) ဦး လိုက်ပါသွား ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းများ

Pages