ကော့သောင်းကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Mon, 06/12/2023 - 10:55 -- mocadmin

ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများ မှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ် စေ့၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၅၄၅)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁.၇၅၅) သန်း၊ သွင်းကုန် တန်ချိန် (၁၅၂)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၃၆၁) သန်း၊ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၁၆ သန်းဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာ ပုစွန်၊ တာဝမ်၊ ကုလားကုတ်၊ ငါးပါကင်၊ ဇလွယ်၊ ဇယော၊ ပလာတူး၊ စစ်ဟောက်၊ သဲကဏန်း၊ ပလာလန်း၊ ဆီအုန်းတို့ဖြစ်ပြီး၊ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဒီဇယ်၊ ဓာတ်မြေသြဇာ၊ ထုံးမှုန့်၊ စားဆော်ဒါ၊ ပီလောပီနံမှုန့်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ မီးသွေးမှုန့်တို့ဖြစ်သည်။

          ၂၀၂၃ ခုနှစ်၊ ဇွန် ၁၂ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၁၇၉) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၄.၈) ကျပ်ခန့်ဖြစ်သည်။ စက်သုံးဆီဈေးနှုန်းများ အနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၀၈၀၀) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၀၃၅၀) ကျပ်ခန့်ဖြင့် တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းများ

Pages