မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Fri, 04/05/2024 - 03:19 -- bordertrade

                 မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ(၂၇) ရက်နေ့မှ (၃၀)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၉၃၈၂) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၁၀၈၂) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁.၀၄၆၄) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းမှ မတ်လ(၂၇) ရက်နေ့ မှ (၃၀) ရက်နေ့ အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၃၀၇.၃၂၀) တန်၊ (၀.၁၄၄၁) ဒေါ်လာသန်း၊ ငရုတ်သီး (၁၄၁.၂၁၄) တန်၊ တန်ဖိုး (၀.၀၈၁၈) ဒေါ်လာသန်း၊ ငှက်ပျောသီး (၂၈) တန်၊ တန်ဖိုး (၀.၀၀၈၆) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၂၇၉.၁၂၀) တန်၊ တန်ဖိုး (၀.၆၉၇၇) ဒေါ်လာသန်း၊ သစ်တောထွက် ပစ္စည်းအနေဖြင့် ဓနိဖက် (၁၈) တန်၊ တန်ဖိုး (၀.၀၀၂၄) ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းအနေဖြင့် တံမြက်စည်း (၁၈၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၃၆) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၆.၅) တန် တန်ဖိုး (၀.၀၀၂၂) ဒေါ်လာသန်း၊ ကြွေပြား (၈၀၀) M2 ၊ တန်ဖိုး (၀.၀၀၁၉) ဒေါ်လာသန်း၊ ကျောက်ပြား (၂၃၆)  တန်၊ တန်ဖိုး (၀.၀၄၇၁) ဒေါ်လာသန်း၊ A4 စက္ကူ (၈) တန်၊ တန်ဖိုး (၀.၀၀၆၇) ဒေါ်လာသန်း၊ ဖိနပ် (၃၃၆၀၀) ရံ၊  တန်ဖိုး (၀.၀၀၄၀) ဒေါ်လာသန်း၊ ကာဗွန်မှုန့် (၁၈) တန်၊ တန်ဖိုး (၀.၀၄၃၈)  ဒေါ်လာသန်း၊ ကော်စေ့ (၃) တန်၊ တန်ဖိုး (၀.၀၀၂၅) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၆၉.၅၄၃) ဒေါ်လာနှုန်း၊ ပုစွန် (၂၀၂၉၃.၂၇၁) ဒေါ်လာနှုန်း၊ ကဏန်း (၂၂၅၁.၅၈၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၈၃၀.၅၁၇) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၆၈.၈၉၂) ဒေါ်လာနှုန်း၊ ငရုတ်သီး (၅၇၉.၂၆၃) ဒေါ်လာနှုန်း၊ ငှက်ပျောသီး (၃၀၇.၁၄၃) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၃၃.၃၃၃) ဒေါ်လာနှုန်း တံမြက်စည်း (၀.၂) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၃၃၈.၄၆၁) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၃၇) ဒေါ်လာနှုန်း၊ ကျောက်ပြား (၁၉၉.၅၇၆) ဒေါ်လာနှုန်း၊ A4 စက္ကူ (၈၃၇.၅) ဒေါ်လာနှုန်း၊ ဖိနပ်တစ်ရံ (၀.၁၂)  ဒေါ်လာနှုန်း၊ ကာဗွန်အမှုန့် (၂၄၃၃.၃၃) ဒေါ်လာနှုန်း၊ ကော်စေ့ (၈၃၃.၃၃၃) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Border Trade News

Pages