ပဲစင်းငုံ(နီ)ဈေးနှုန်း အနည်းငယ်ကျဆင်း၍ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်

Wed, 04/10/2024 - 03:57 -- comsumer

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရွှေဘိုဈေးကွက်သို့ ‌ဇန်နဝါရီလ(ဒုတိယပတ်)မှ စတင်၍ ပဲစင်းငုံ (နီ၊ဖြူ)များ စတင်ဝင်ရောက်ခဲ့သော်လည်း မတ်လ(နောက်ဆုံးပတ်)တွင် ပဲစင်းငုံ(နီ) တစ်မျိုးတည်းသာ ဝင်ရောက်ခဲ့ကြောင်း၊ မတ်လ(နောက်ဆုံးပတ်)တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းအနေဖြင့် ပဲစင်းငုံ(နီ) တစ်တင်းလျှင် ကျပ်(၁၁၅၀၀ဝ) ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀)တင်း/ တန်အားဖြင့် (၅၉)တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မတ်လ(တတိယပတ်)နှင့် မတ်လ(နောက်ဆုံးပတ်) ဈေးနှုန်းများ နှိုင်းယှဉ်ပါက မတ်လ(တတိယပတ်)၌ ပဲစင်းငုံ(နီ)တစ်တင်းလျှင် ကျပ် (၁၁၅၃၀ဝ) ပေါက်ဈေး ရှိခဲ့သဖြင့် မတ်လ(နောက်ဆုံးပတ်)တွင် ပဲစင်းငုံ(နီ)တစ်တင်းလျှင် ကျပ်(၃၀ဝ) ဈေးနှုန်းလျော့နည်းခဲ့ပြီး ဈေးနှုန်းအနည်းငယ်အေးသဖြင့် ဝင်ရောက်မှုနည်းသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages