မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Tue, 12/05/2023 - 04:13 -- mocadmin

   မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၃၂၃) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၅) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၃၇၃)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

   မောတောင်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၇၂.၄၁) တန်၊ ဂျင်းခရု (အရှင်) (၁၄) တန်၊ ရွှံ့ဂဏန်း (အရှင်) (၆.၃၅)တန်၊ ပုစွန်ငါးပိ (၄) တန်၊ ဂဏန်းအသေ (၇.၆) တန်၊ ရေခူဆားနယ်  (၁၅) တန်၊ ကျောက်ပုဇွန် (အရှင်) (၀.၆၈) တန်၊ ငှက်ပျောသီး (၆၀) တန်၊ ငရုတ်သီးစိမ်း (၁၂.၂) တန်၊ ဆီအုန်း ကြိတ်ဖတ် (၁၀၀.၀၂) တန်၊ တံမြက်စည်း (၁၆၈၀၀) ခု တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန် ပစ္စည်းများမှာ သစ်သီး (၆) တန်၊ ဆောက်လုပ်ရေးသုံးမှန် (၅) တန်၊ ကြွေပြား (၈၀၀) စတုရန်းမီတာ ဖြစ်သည်။

   ၃-၁၂-၂၀၂၃ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၄၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၆.၁၅) ကျပ်ခန့်ရှိကြောင်း သိရှိရသည်။

(DOT မောတောင်)