ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Tue, 12/05/2023 - 04:11 -- mocadmin

   ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ဒီဇင်ဘာလ (၃) ရက်နေ့အထိ အမှန် ကုန်သွယ်မှုမှာ ပို့ကုန် (၁.၆၅၁) ဒေါ်လာသန်း၊ သွင်းကုန် (၁.၁၇၃)ဒေါ်လာသန်း၊ စုစုပေါင်း (၁.၈၂၄) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှု လျာထားချက်အပေါ် (၉.၈၅၉%) ဆောင်ရွက်ပြီးဖြစ်သည်။

   ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော (၃,၈၀၀) တန်၊ ရော်ဘာစိမ်း (၁၉၃) တန်၊ ဖရဲသီး (၁၂၅) တန်နှင့် ဆန် (၁၁၀) တန် တင်ပို့နိုင်ခဲ့သည်။

   အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံပြား၊ သံပိုက် ၊ မြက်ခင်းတု၊ ပန်သီး ၊ လိမ္မော်သီး၊ ကြွေပြားနှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ တန်ချိန် (၈.၇၄၀) တန်၊ လုပ်ငန်းသုံးပစ္စည်း (၇၆)တန်နှင့် လူသုံးကုန်ပစ္စည်း (၆၁) တန်တို့ တင်သွင်းနိုင်ခဲ့သည်။

(DOT ကံပိုင်တည်)