စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်ခြင်း

Wed, 10/25/2023 - 12:40 -- ipICTdep

နေပြည်တော်၊ အောက်တိုဘာလ ၂၃

   မူပိုင်ခွင့်ဦးစီးဌာန၏ စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ မိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားသည်။

   အဆိုပါသင်တန်းကို မူပိုင်ခွင့်ဦးစီးဌာနမှ ကိုယ်စားလှယ်ဆောင်ရွက်ခွင့် (WIPO File Account) ရရှိထားသူများနှင့် စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းများ လက်ခံဆောင်ရွက်ရာတွင် လျှောက်ထားသူများ ကိုယ်စားဆောင်ရွက်မည့် ကိုယ်စားလှယ်များအား စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စက်မှုဒီဇိုင်းအကြောင်း၊ စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များ၊ ကန့်သတ်ချက်များအား သိရှိနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

   စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းကို ၂၀၂၃ ခုနှစ်တွင် ပထမအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် မူပိုင်ခွင့်နှင့် အပြည်ပြည်ဆိုင်ရာ စာချုပ်များအကြောင်းသိကောင်းစရာများ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်အကြောင်း သိကောင်းစရာများ၊ အကာအကွယ်မရနိုင်သော စက်မှုဒီဇိုင်းအကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် လျှောက်လွှာများနှင့် အခကြေးငွေများ၊ စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ လျှောက်လွှာပုံစံများအား ရှင်းလင်းခြင်း၊ အပြည်ပြည်ဆိုင်ရာ စက်မှုဒီဇိုင်းအမျိုးအစားခွဲခြားခြင်း၊ Online Filing စနစ်ဖြင့် စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာသိကောင်းစရာများ၊  ကိုယ်စားလှယ်တစ်ဦး၏ အခန်းကဏ္ဍ၊ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များ သိရှိလိုက်နာသင့်သည့် အချက်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

   အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မှ (၂၇)ရက်နေ့ထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း(၁၀၅)ဦးနှင့် လေ့လာသူ(၁၃)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။