သီလဝါအစုရှယ်ယာဈေးနှင့်FMI အစုရှယ်ယာဈေးများ ကျဆင်း

Fri, 06/03/2016 - 09:06 -- admin_ygn

ရန်ကုန်စတော့အိတ်ချိန်းတွင်ရောင်းချလျက်ရှိသည့် သီလဝါအစုရှယ်ယာဈေးများနှငFMI အစုရှယ်ယာများ ၏ဈေးနှုန်းများသည် ယခုတစ်ပတ်တွင် အနည်းငယ်စီကျ ဆင်းခဲ့ကြောင်း YSX မှသိရသည်။မေ ၂၀ ရက် စတင်ရောင်းချခဲ့သည့်သီလဝါ အစုရှယ်ယာများသည်စတင်ဈေးဖွင့်ချိန်ကအဝယ်များခဲ့ကာ ဈေးမြင့်တက် ခဲ့သော် လည်း ယခုတစ်ပတ်တွင်မူ ဈေးပြန်လည်ကျဆင်းခဲ့သည်။ပြီးခဲ့သည့်ရက်သတ္တပတ်ကဈေး မြင့်တက်ခဲ့ပြီး အဝယ်သာရှိ အရောင်း မရှိသည့် သီလဝါ အစုရှယ်ယာ များသည် ယခုတစ်ပတ်တွင် ကျပ် ၇၀၀၀၀ အထိ မြင့်တက်ခဲ့ပြီးမှ ကျပ် ၆၀၀၀၀ သို့ပြန် လည်ကျဆင်းခဲ့သည်။ ထို့အတူFMIအစုရှယ်ယာများသည်လည်း ယခုတစ် ပတ်အတွင်း ကျပ်လေးထောင်ခန့် ကျ ဆင်းခဲ့ကြောင်း သိရသည်။ဗဟိုဘဏ်မှ လယ်သမားအတွက် ထုတ်ချေးငွေကို အသစ်ရိုက်နှိပ်မည်ဖြစ် သဖြင့် စတော့ရှယ်ယာဝယ်လိုသူများ သည် ဒေါ်လာဘက်သို့လှည့်သွားကြ  ရာ ဈေးကွက်အတွင်း အဝယ်မရှိ သလောက်ဖြစ်သွားသဖြင့် ဈေးပြန်လည် ကျဆင်း ရခြင်းဖြစ်သည်ဟုဆိုသည်။