မုံရွာကုန်စည်ဒိုင် နိုဝင်ဘာဒုတိယပတ် ပဲဈေးကွက် ဆီထွက်သီးနှံသာ အရောင်းအဝယ်သွက်

Wed, 11/18/2015 - 12:33 -- admin_ygn

မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ ဒုတိယပတ် ပဲဈေးကွက်မှာ ပဲမျိုးစုံထက် မြေပဲ ဆန်ဈေးကွက်   အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်ပဲဈေး ကွက်မှာExport  ဈေး ကွက်ပဲတွေဖြစ်ကြတဲ့ ငုံနီ၊ စိမ်းသေးနဲ့ မတ်ပဲတို့မှာ ပေါက်ဈေး သာဖွင့်နိုင်ခဲ့ပြီး အရောင်းအဝယ်မဖြစ်သလောက်ပါးခဲ့ကာ ဒေသသုံးပဲ တွေဖြစ်တဲ့ စွန်တာနီ၊ ပဲနီလုံးကြား၊ ပဲပုပ်၊ စားတော်ပဲ နဲ့  ပဲယင်းဝါတို့ အရောင်းအဝယ်အနည်းငယ်ဖြစ်ခဲ့ပါတယ်။ကုလားပဲမျိုးစုံဈေးကွက်မှာတော့ ထိုင်ဝမ်တစ်တင်း ၃၈၂၀၀ ကျပ်၊V2 တစ် တင်း ၃၉၀၀၀  ကျပ်၊ 929 တစ်တင်း ၃၉၃၀၀ ကျပ်  အသီးသီးပေါက်ဈေးဖြစ်ခဲ့ကြ ပြီး၊ ဒေသတွင်း ပဲခွဲစက်၊  အမှုန့်ကြိတ်စက်နဲ့ ကြာဆံစက်သမားတွေ မရှိမဖြစ် လုပ်ငန်းသုံးအဝယ်ရှိခဲ့လို့  တစ်ရက် အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။
ဒီတစ်ပတ်အတွင်း ပဲမျိုးစုံအသီးသီးရဲ့ တစ်တင်း ပေါက်ဈေးများအနေနဲ့ ငုံနီ ၄၂၀၀၀ ကျပ်၊ မတ်ပဲ ၇၂၀၀၀ ကျပ်၊ စွန်တာနီ ၁၇၂၀၀ ကျပ်၊ ပဲနီလုံးကြား ၁၇၈၀၀ ကျပ်၊ ပဲပုပ်စေ့ ၁၈၇၀၀ ကျပ်၊ စားတော်ပဲ ၂၅၀၀၀ ကျပ်၊ ပုဂံပဲ ၂၄၇၀၀ ကျပ်အသီး သီး ဖြစ်ပေါ်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ ယခုတစ်ပတ်အတွင်း အရောင်းအဝယ် အသွက်ဆုံးသီးနှံဖြစ်တဲ့ မြေပဲဆန် ပေါက်ဈေး မှာ မြေပဲဆန်နီ တစ်ပိဿာ ၃၀၀၀ ကျပ်၊ မြေပဲဆန်ဖြူ တစ်ပိဿာ ၂၇၀၀ ကျပ်အသီးသီးပေါက်ခဲ့ပြီး နယ်စုံက ပစ္စည်းအဝင်ရှိသလို ဝင်သလောက်  အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ် ကွက်က လေ့လာသိရှိရပါတယ်။                                                    

   ထွန်းလှိုင်-မုံရွာ