ပြည်ပွဲရုံများသို့ ဝင်ရောက်သော ကြက်သွန်များ ဆက်လက်ဈေးမြင့်

Tue, 10/20/2015 - 12:13 -- admin_ygn

            ယခုအောက်တိုဘာ တတိယပတ် ပြည်ကြက်သွန်နီပွဲရုံများသို့ ဝင်ရောက်လာတဲ့ ကြက်သွန်နီဈေးများ တဖြည်းဖြည်းဈေးတက်လာခဲ့ပါတယ်။ ဒေသထွက် ကြက်သွန်နီတွေကတော့ တောင်သူတွေထံမှာ စက်တင်ဘာလကထဲ က လက်ကျန်မရှိတော့ဘဲ နယ်ဘက်ကသာ ဝင်ရောက်လာမှုဖြင့် ပွဲရုံများတွင် ပခုက္ကူ၊ ဆိပ်ဖြူစများသာ အရောင်းအဝယ်ပြုလုပ်နေပါတယ်။ နယ်ဘက်သို့လည်း ရခိုင်နဲ့ မြဝတီဘက်မှ ကုန်သည်များကလည်း တိုက်ရိုက်အဝယ် ဆင်းေ ကြာင်း သိရပါ တယ်။ နယ်မှာ ကြက်သွန်နီဈေးတွေ မြောက်နေတာကြောင့် ပြည်ပွဲရုံများသို့ ဝင်ရောက်လာတဲ့ ကြက်သွန်နီတွေဟာ ဒေသတွေမှာလည်း စားသုံးသူများ ဈေးကြီးပေးကာ သုံးစွဲနေရခြင်းဖြစ်ပါတယ်။
             ယခုတစ်ပတ် ကြက်သွန်ဈေးကွက်မှာ ရာသီဥတုက မိုးဆက်တိုက် ရွာသွန်းပြီး ကြက်သွန်နီဈေး ဆက်တိုက်တက်နေတာကြောင့် အရောင်းအဝယ် ကျလာတယ်လို့ သိရပါတယ်။ ကြက် သွန်နီပွဲရုံဈေး တစ်ပိဿာကို (ကြီး) ၂၁၀ဝ ကျပ်၊ (လတ်)၂၀ဝဝကျပ်၊ (သေး) ၁၉၀ဝ ကျပ်တို့ဖြစ်ပြီး ဒေသတွင်း လက် လီဈေးက (ကြီး) ၂၅၀ဝ ကျပ်၊ (လတ်) ၂၄၀ဝ ကျပ်၊ (သေး) ၂၂၀ဝ ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြပါတယ်။ ပွဲရုံသို့ တစ်ရက်ကို ကြက်သွန်နီ အိတ် ၅၀ဝ ပုံမှန်အဝင်ရှိပြီး အိတ် ၂၀ဝ နီးပါး   အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။  
 

 

နီနီဝင်း-ပြည်