၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မူပိုင်ခွင့်နေ့အထိမ်းအမှတ် Animation ၊ ကွန်ပျူတာပိုစတာ နှင့် TikTok ပြိုင်ပွဲများဖိတ်ခေါ်ခြင်း

Fri, 03/15/2024 - 07:30 -- ipICTdep

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့တွင် ကမ္ဘာ့မူပိုင်ခွင့်နေ့အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “Building our Common Future with Innovation and Creativity” ခေါင်းစဉ်ဖြင့် Animation၊ ကွန်ပျူတာပိုစတာ နှင့် TikTok ပြိုင်ပွဲများအား မြန်မာနိုင်ငံသား မည်သူမဆို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    Animation ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များ

(၁)   Entry works (details of entry, character-line-up နှင့် storyboard) တို့ဖြင့် ပြိုင်ပွဲခေါင်းစဉ်ကို ပေါ်လွင်အောင် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

(၂)    ယှဉ်ပြိုင်မှုခေါင်းစဉ်နှင့် သရုပ်ဖော်ပြသချက်ကို မြန်မာဘာသာ(သို့) အင်္ဂလိပ်ဘာသာဖြင့်သာဖော်ပြရမည်။

(၃)   စက္ကန့် (၁၂၀)ခန့် (Animation video) ဖန်တီးထုတ်လုပ်နိုင်ရမည်။

(၄)   ယှဉ်ပြိုင်မှုသည် ကိုယ်တိုင်ဖန်တီးမှုသာဖြစ်ရမည်။ အခြားသူများ၏ လက်ရာများ အားမှီငြမ်း ပြုလုပ်ထားသည့် လက်ရာများ (သို့) ယခင်ရှိပြီးသား Animation လက်ရာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရ။

(၅)   Animation ထုတ်လုပ်မှု၏ နည်းပညာများသည် အမျိုးအစားကွဲပြားသော Animation နည်းပညာများနှင့် Animation ထုတ်လုပ်မှုနည်းပညာရပ်များသို့ ပြောင်းလဲထုတ်လုပ်နိုင်ရမည်။

(၆)   Image ၊ sound နှင့် story တို့အား အသံပိုင်းဆိုင်ရာ နည်းပညာရပ်များနှင့် line effects စသည့် နည်းပညာရပ်များ အသုံးပြုခြင်းအားဖြင့် ပြည့်စုံစွာ ဇာတ်လမ်း ဖန်တီးနိုင်မှုရှိရမည်။

(၇)   Animation work အတွက် နောက်ခံ Sound track ကို မူပိုင်ခွင့်ဦးစီးဌာန website ၏ သတင်းများ (news) Menu အောက်ရှိ ပြိုင်ပွဲဖိတ်ခေါ်ခြင်း စာမျက်နှာဖြစ်သည့် https://www.ipd.gov.mm/news/post-97 လင့်ခ်ရှိ sound track ဒေါင်းလုပ်ရယူ ရန် နေရာမှတစ်ဆင့် ရယူနိုင်ပါသည်။

(၈)   File format သည် mpeg/ wmv/ avi ၊ အနည်းဆုံး 720*579 pixels နှင့် File size သည် 20MB ထက်မပိုစေရ။

(၉)   သရုပ်ဖော်တင်ဆက်မှု နှင့် အစီအစဉ်တင်ဆက်မှုတို့သည် ဇာတ်လမ်းဇာတ်ကွက် နှင့် လိုက်လျောမှုရှိပြီး အနုပညာလက်ရာဒီဇိုင်းကို ထူးခြားစွာ ပုံရိပ်ဖော်နိုင်ရမည်။

(၁၀) ပြိုင်ပွဲဝင်လက်ရာများသည် ဆုရရှိခဲ့သော လက်ရာ၊ စီးပွားရေးကြော်ငြာ၊ ပုံနှိပ် ထုတ်ဝေမီဒီယာ၊ ဝက်ဆိုဒ်ဘ်များ၊ Facebook နှင့် အခြား Social Platform တစ်ခုခုတွင် အသုံးပြုပြီးသော လက်ရာ မဖြစ်စေရ။

(၁၁) ပြိုင်ပွဲဝင်၏ Soft copy အား PDF file format နှင့် video format တို့ဖြင့် [email protected]  သို့ လည်းကောင်း၊ Hard copy အား DVD (သို့) VCD ဖြင့် လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ သော်လည်းကောင်း ပေးပို့လျှောက်ထားရမည်။

()    ကွန်ပျူတာပိုစတာ ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များ

(၁)   ပိုစတာဒီဇိုင်းသည် ပြိုင်ပွဲ ခေါင်းစဉ် (သို့) မူပိုင်ခွင့်ဆိုင်ရာ အကြောင်းအရာနှင့် ကိုက်ညီမှုရှိရမည်။

(၂)   Graphic Design ရေးဆွဲ၍ရသည့် မည်သည့် Software Application နှင့်မဆို စိတ်ကြိုက်ရေးဆွဲနိုင်သည်။

(၃)   ဖန်တီးသည့်ပိုစတာလက်ရာ၏ အကြီးဆုံး File Size မှာ 10MB ထက်မကြီးရ။

(၄)  ပိုစတာဒီဇိုင်းသည် ကိုယ်တိုင်ဖန်တီးမှုသာဖြစ်ရမည်ဖြစ်ပြီး ပိုစတာပါ အကြောင်း အရာ၊ သရုပ်ဖော်ပြချက်များနှင့် ပုံများသည် အခြားသူများ၏ မူပိုင်ခွင့်လက်ရာ များအား လက်ရာရှင်၏ ခွင့်ပြုချက်မရရှိဘဲ ကူးယူဖော်ပြခြင်းမပြုရ။

(၅)   ပိုစတာသည် 36"x48"အလျားလိုက် သို့မဟုတ် ဒေါင်လိုက်ရေးဆွဲနိုင်သည်။

(၆)   Screenshot ရိုက်ထားသော ပုံများထည့်သွင်းရေးဆွဲခြင်းမပြုရ။

(၇)   ယှဉ်ပြိုင်မည့် ပိုစတာကို Resolution (300 dpi)နှင့် JPG (သို့) PNG Format ဖြင့် ရေးဆွဲရမည်။

(၈)   ဖန်တီးရေးဆွဲထားသော အကြောင်းအရာများအား စာဖြင့် အသေးစိတ် ရှင်းလင်း ဖော်ပြရမည်။

(၉)   ပြိုင်ပွဲဝင်လက်ရာများသည် ဆုရရှိခဲ့သော လက်ရာ၊ စီးပွားရေးကြော်ငြာ၊ ပုံနှိပ် ထုတ်ဝေမီဒီယာ၊ ဝက်ဆိုဒ်ဘ်များ၊ Facebook နှင့် အခြား Social Platform တစ်ခုခုတွင် အသုံးပြုပြီးသော လက်ရာ မဖြစ်စေရ။

(၁၀) ပြိုင်ပွဲဝင်၏ Soft copy အား JPG သို့ PNG Format တို့ဖြင့် worldipdaycontest@ ipdept.gov.mm  သို့ လည်းကောင်း၊ Hard copy အား DVD (သို့မဟုတ်) VCD ဖြင့် လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ သော်လည်းကောင်း ပေးပို့လျှောက်ထားရမည်။

()     TikTok ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များ

(၁)     ပြိုင်ပွဲဝင်များသည် အသက် ၁၈ နှစ်မှ ၃၅နှစ်အတွင်း လူငယ်လူရွယ် ဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

(၂)      TikTok ဗီဒီယိုတစ်ခုအား ပြိုင်ပွဲဝင်တစ်ဦးအနေဖြင့်သာ ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အသုံးပြုလျက်ရှိသည့် Active ဖြစ်သော TikTok Account တစ်ခုရှိရမည်။

(၃)     TikTok Application တွင် “#WorldIPDay2024MM” ဟု ရှာဖွေ၍ မူပိုင်ခွင့် ဦးစီးဌာန၏ TikTok account (IPD Myanmar) တွင် Original Sound ကို Download ရယူပြီး အသုံးပြုရမည် ဖြစ်ပါသည်။

(၄)     ပြိုင်ပွဲဝင်များသည် မိမိကိုယ်တိုင် ဖန်တီးထားသည့် အများဆုံး စက္ကန့် (၉၀) ခန့် TikTokကို မိမိတို့၏ ကိုယ်ပိုင် Account မှတစ်ဆင့် Public Post အဖြစ် hashtag “#WorldIPDay2024MM ” ကို အသုံးပြုပြီး Upload ပြုလုပ်ရ မည် ဖြစ်ပါသည်။

(၅)     ပြိုင်ပွဲဝင်များ ဖန်တီးထားသော TikTok Video သည် ပြိုင်ပွဲခေါင်းစဉ်နှင့် ကိုက် ညီမှု ရှိရမည်ဖြစ်ပါသည်။

(၆)     ပြိုင်ပွဲဝင် TikTok လက်ရာများကို Likes ၊ Shares နှင့် Comments အများ ဆုံးအပေါ်အခြေခံ၍သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အကဲဖြတ် အမှတ်ပေးမည်ဖြစ်သည်။

(၇)     ပြိုင်ပွဲဝင်လက်ရာများသည် ဆုရရှိခဲ့သော လက်ရာ၊ စီးပွားရေးကြော်ငြာ၊ ပုံနှိပ် ထုတ်ဝေမီဒီယာ၊ ဝက်ဆိုဒ်ဘ်များ၊ Facebook နှင့် အခြား Social Platform တစ်ခုခုတွင် အသုံးပြုပြီးသော လက်ရာ မဖြစ်စေရ။

(၈)     ပြိုင်ပွဲဝင်၏ Soft copy အား mp4 (သို့) mov Format ဖြင့် [email protected]  သို့ လည်းကောင်း၊ Hard copy အား DVD (သို့) VCD ဖြင့် လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ သော်လည်းကောင်း ပေးပို့လျှောက်ထား ရမည်။

()   ဆုရွေးချယ်ရေးသတ်မှတ်ချက်

(၁)     ဆုများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုတို့ကို ချီးမြှင့် သွားမည်။

(၂)      မည်သည့်ပြိုင်ပွဲမဆို ပါဝင်ယှဉ်ပြိုင်သူသည် တစ်ဦးတည်းဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ ဆုရရှိပါက အဖွဲ့ကိုယ်စား တစ်ယောက်ကိုသာ ဆုလက်ဆောင်ပေးအပ် သွားမည်ဖြစ်ပါသည်။

(၃)     ဆုရွေးချယ်မှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာအငြင်းပွားဖွယ်ရာ ဖြစ်ပေါ်လာပါက ပြိုင်ပွဲ ကျင်းပရေးနှင့် ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ (ဆုရွေးချယ်ရေး) အဖွဲ့၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။

(၄)     ကမ္ဘာ့မူပိုင်ခွင့်နေ့(၂၀၂၄)တွင် ဆုရရှိသူသည် လက်ရာ၏ မူလပိုင်ရှင်ဖြစ်သော်လည်း လက်ရာများအား အသုံးပြုခွင့်ကို မူပိုင်ခွင့်ဦးစီးဌာနသို့ ခွင့်ပြုပေးရမည်ဖြစ်သည်။

(၅)     ပြိုင်ပွဲဝင်လက်ရာများနှင့် ပြိုင်ပွဲဝင်များ၏ အမည်များအား မူပိုင်ခွင့်ဦးစီးဌာနမှ အများ ပြည်သူသိရှိနိုင်စေရန် ထုတ်လွှင့်ခြင်းတွင် အသုံးပြုခြင်းအား ပြိုင်ပွဲဝင်ထံ ထပ်မံ ခွင့်ပြုချက်တောင်းခံမည်မဟုတ်ပါ။ 

(၆)    ပြိုင်ပွဲဝင်လက်ရာများပေးပို့လျှောက်ထားရာတွင် ပြိုင်ပွဲဝင်၏ အမည် (သို့) ပြိုင်ပွဲဝင် အဖွဲ့၏ အမည်နှင့် အဖွဲ့ခေါင်းဆောင် အပါအဝင်အဖွဲ့ဝင်များ အားလုံး၏အမည် အပြည့်အစုံ စသည်တို့ကို Paper Size A4၊ Pyidaungsu font နှင့် Font Size-13 ဖြင့် ဖော်ပြရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲအမျိုးအစားအလိုက် ကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်ကြောင်း ဝန်ခံချက်ရေးသား၍ အမည်၊ အသက်၊ မှတ်ပုံတင်အမှတ်၊ အဘအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ လိုင်စင်ဓါတ်ပုံ (၃)ပုံတို့နှင့်အတူ ပေးပို့ရမည် ဖြစ်သည်။

(၇)    ပြိုင်ပွဲဝင် “Animation၊ ကွန်ပျူတာပိုစတာ နှင့် TikTok” လက်ရာများကို မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်သို့ လူကိုယ်တိုင်(သို့မဟုတ်) စာတိုက်မှ လည်းကောင်း၊ Soft Copy များကို [email protected] သို့ လည်းကောင်း ၂၀၂၄ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့၊ ညနေ (၁၅:၀၀) နာရီ အချိန် နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့ရမည်ဖြစ်သည်။

 

Animation အတွက် sound track ဒေါင်းလုပ်ရယူရန်

Sound Track 1

Sound Track 2

 

***ပြိုင်ပွဲနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ ဆက်သွယ်မေးမြန်းလိုပါက ၀၆၇-၄၃၀၅၇၄ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

                                                                                                                                                         မူပိုင်ခွင့်ဦးစီးဌာန

                                                                                                                              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန