စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်းရာထူး (၂၆) နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

Thu, 01/25/2024 - 08:04 -- ipICTdep

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

မူပိုင်ခွင့်ဦးစီးဌာန

ကြော်ငြာစာအမှတ် (/၂၀၂)

လျှောက်လွှာခေါ်ယူခြင်း

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်းရာထူး (၂၆) နေရာအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်-

          (က)    ဒုတိယဦးစီးမှူး                                                 လစ်လပ်(၁၅) နေရာ  

                   (လစာနှုန်းကျပ် ၂၁၆၀၀ဝ-၂၀၀ဝ-၂၂၆၀၀ဝ)           

          ( ခ )   အငယ်တန်းစာရေး                                           လစ်လပ် ( ၇ ) နေရာ 

                   (လစာနှုန်းကျပ် ၁၈၀၀၀ဝ-၂၀၀ဝ-၁၉၀၀၀ဝ)

          ( ဂ )   ရုံးအကူ                                                         လစ်လပ် ( ၄ ) နေရာ 

                   (လစာနှုန်းကျပ် ၁၄၄၀၀ဝ-၂၀၀ဝ-၁၅၄၀၀ဝ) 

၂။       အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည်-

          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

          ( ခ )   ဒုတိယဦးစီးမှူးရာထူးအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။

                   ( အင်္ဂလိပ်၊ ဥပဒေ၊ ကွန်ပျူတာဘွဲ့ရရှိသူများ ဦးစားပေးမည်။)

                   (ကွန်ပျူတာကျွမ်းကျင်သူဖြစ်ရမည်။)

          ( ဂ )   အငယ်တန်းစာရေးရာထူးအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။

                   (ကွန်ပျူတာကျွမ်းကျင်သူဖြစ်ရမည်။)

          (ဃ)    ရုံးအကူရာထူးအတွက် အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။

                   (ကွန်ပျူတာကျွမ်းကျင်သူကို ဦးစားပေးမည်။)

          ( င )   ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင် နိုင်သူ ဖြစ်ရမည်။

          ( စ )   ပါတီနိုင်ငံရေးကင်းရှင်းသူ၊ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသူဖြစ်ရမည်။

          (ဆ)    ဌာနဆိုင်ရာတစ်ခုခုတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြစ်မှု၊ ပြစ်ဒဏ် တစ်ခုခုကျခံခဲ့သူ၊ နုတ်ထွက်ခဲ့သူ  မဖြစ်စေရ။

          ( ဇ )   ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၁) ရက်တွင် (၁၈)နှစ်ပြည့်ပြီး  အသက်(၃၀)နှစ်ထက် မကျော် လွန်သူဖြစ်ရမည်။

                  (လက်ရှိဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ် ရမည်။)

          ( ဈ )   အထက်ဖော်ပြပါ ရာထူးအဆင့်များအားလုံးအတွက် ဌာနတွင် အနည်းဆုံးတစ်ဆက် တည်း(၃)နှစ်ပြည့်သည့်အထိ တာဝန်

                     ထမ်းဆောင်ရန် ဝန်ခံကတိပြုလက်မှတ်ရေးထိုးရမည်။

          (ည)   ဒုတိယဦးစီးမှူးရာထူးလျှောက်ထားသူသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ(၃)နှစ်ပြည့်သည်အထိ

                 တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေကျပ်(၂၀)သိန်း(ကျပ်နှစ်ဆယ်သိန်းတိတိ)ကို 

                 တစ်လုံးတစ်ခဲတည်ပေးလျော်ရမည်။

      ( ဋ )   အငယ်တန်းစာရေးရာထူး လျှောက်ထားသူသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ(၃)နှစ်ပြည့်သည်အထိ တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရန်ပျက်ကွက်ပါက လျော်ကြေးငွေကျပ်(၁၀)သိန်း(ကျပ်ဆယ်သိန်းတိတိ)ကို တစ်လုံးတစ်ခဲတည်းပေးလျော်ရမည်။

      ( ဌ )    ရုံးအကူရာထူး လျှောက်ထားသူသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာမရှိ ဘဲ (၃)နှစ်ပြည့်သည်အထိ တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေကျပ်(၅)သိန်း (ကျပ်ငါးသိန်းတိတိ)ကို တစ်လုံးတစ်ခဲတည်း ပေးလျော်ရမည်။

၃။      လျှောက်လွှာတွင်-

          (က)    လျှောက်ထားသူ၏ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်။

          ( ခ )   မွေးသက္ကရာဇ်။

          ( ဂ )   လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ။

          (ဃ)    လျှောက်ထားလိုသည့်ရာထူး။

          ( င )   ပညာအရည်အချင်း၊ အောင်မြင်သည့် ခုနှစ်နှင့်အောင်မြင်ခဲ့သည့်ကျောင်း/တက္ကသိုလ်။

          ( စ )   မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့်၎င်းတို့၏အလုပ်အကိုင်။

          (ဆ)    ဆက်သွယ်ရန်လိပ်စာအပြည့်အစုံနှင့်ဖုန်းနံပါတ်။

          ( ဇ )   အမြဲတမ်းနေရပ်လိပ်စာ အပြည့်အစုံနှင့်ဖုန်းနံပါတ်။

၄။      လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-

      (က)    ဒုတိယဦးစီးမှူး၊ အငယ်တန်းစာရေးနှင့် ရုံးအကူရာထူးများတွင်  ပညာအရည်အချင်း အထောက်အထားအတွက် ဘွဲ့လက်မှတ်မိတ္တူ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊

          ( ခ )   နှစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၃)ပုံ။

          ( ဂ )   နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ။

          (ဃ)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။

        ( င )   သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ (၆)လအတွင်း ရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်(မူရင်း)။

        ( စ )   သက်ဆိုင်ရာမြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ (၆)လအတွင်းရယူထားသည့် ပြစ်မှုကင်းရှင်း ကြောင်း ထောက်ခံချက်(မူရင်း)။

၅။      နိုင်ငံ့ဝန်ထမ်းများသည် မူရင်းလျှောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်သည့်ဌာနမှ တစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူ၍ လည်းကောင်း၊ ပြင်ပမှ လျှောက်ထားသူများ အနေဖြင့် ဤဦးစီးဌာန(နေပြည်တော်)ရုံးချုပ်သို့ (၈- ၂- ၂၀၂၄ )ရက်နေ့ (ကြာသပတေးနေ့) အရောက် နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။

၆။      စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို(၁၅-၂-၂၀၂၄)ရက်နေ့နှင့်(၁၆-၂-၂၀၂၄) ရက်နေ့များတွင် ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြသ၍ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂) ၊ နေပြည်တော်၌ ရုံးချိန်အတွင်း ထုတ်ယူရန် ဖြစ်ပါသည်။

၇။      ဒုတိယဦးစီးမှူး၊ အငယ်တန်းစာရေးနှင့် ရုံးအကူရာထူးနေရာအတွက် ရေးဖြေစာမေးပွဲကို အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ ကွန်ပျူတာကျွမ်းကျင်မှု(လက်တွေ့) ကို  ဖြေဆိုရမည်။ ရေးဖြေစာမေးပွဲကို (၁၉-၂-၂၀၂၄) ရက်နေ့တွင် စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပြီး ပဏာမရွေးချယ်ခံရသူများကို ဌာနမှဆက်သွယ်အကြောင်းကြားပါမည်။

၈။    (၂၁-၂-၂၀၂၄) ရက်နေ့နှင့် (၂၂-၂-၂၀၂၄) ရက်နေ့များတွင် ဒုတိယဦးစီးမှူး၊ အငယ်တန်းစာရေး နှင့် ရုံးအကူရာထူးနေရာများအတွက် လူတွေ့/လက်တွေ့ စစ်ဆေးမည်ဖြစ်ပါသည်။

၉။  အသက်ကန့်သတ်ချက်ကျော်လွန်သူများ၊ အချက်အလက်မပြည်စုံသောလျှောက်လွှာများနှင့် လျှောက်လွှာပိတ်ရက်ထက် နောက်ကျသောလျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ရုံးအမှတ်(၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊  နေပြည်တော်(ရုံးချုပ်)သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် (၀၆၇-၃၄၃၀၅၇၁) သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

 

                                                                                                                                                                                                                                                                                                                                               မူပိုင်ခွင့်ဦးစီးဌာန