ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၉ /၂၀၂၀)

Thu, 06/11/2020 - 12:08 -- eiprdep

 

ယမကာတင်သွင်းခွင့်မှတ်ပုံတင်လျှောက်ထားခြင်း၊ပြင်ဆင်ခြင်း၊သက်တမ်း တိုးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာခြင်း

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၂၀) ပါ အရက်တင်သွင်းခွင့် လုပ်ထုံးလုပ် နည်းများ၏  အပိုဒ် (၁၅) အရ ယမကာတင်သွင်းခွင့် မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ကြေး၊ မှတ်ပုံတင်သက်တမ်းတိုးကြေး ၊ မှတ်ပုံတင်ပြင်ဆင်ကြေးများကို ထုတ်ပြန်ကြေညာခြင်းဖြစ်ပါသည်။