ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

Thu, 04/18/2024 - 15:09 -- mocadmin

နေပြည်တော်၊ ဧပြီ ၁၈

   နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်း များကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော သီလဝါဆိပ်ကမ်း (International Bulk Terminal Thilawa- IBTT) မှ ပြောင်းဖူး စေ့တန်ချိန် ၁၄,၅၀ဝ တန်နှင့် မင်းထက်မင်းဆိပ်ကမ်း (MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ စုစုပေါင်းတန်ချိန် ၁၇,၂၀၀ တင်ပို့ခဲ့ပါသည်။

   အလားတူ ၁၈.၄.၂၀၂၄ ရက်နေ့တွင် အေရှားဝေါဆိပ်ကမ်း (AWPT-3)မှ သင်္ဘောတစ်စီးပေါ် သို့ ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲ၊ ပြောင်းများ သင်္ဘောတင်ဆောင်လျက်ရှိပါသည်။

   ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူး စေ့တန်ချိန် ၆,၆၀ဝ တန် နှင့် ဧပြီလ ၂၀ ရက်နေ့တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀ဝ တန် ဆက်လက်တင်ပို့သွားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages