2023 Macao International Environmental Co-operation Forum and Exhibition (2023 MIECF ) သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန်ဖိတ်ကြား

Wed, 06/21/2023 - 09:45 -- mocadmin

   မကာအိုအထူးအုပ်ချုပ်ရေးဒေသရှိ၊ Venetian ၌ 2023 Macao International Environmental Co-operation Forum and Exhibition (2023 MIECF) ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန် ဖိတ်ကြားလာပါသည်။

   အဆိုပါပြပွဲသို့ ပြသမည့် အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအတွက် (၁၈) စတုရန်းမီတာရှိ Special Booth  (သို့မဟုတ်) Standard Booth တစ်ခုအတွက်ကျသင့်ငွေကင်းလွတ်ခွင့်စသည်တို့မှ အကျိုးခံစားခွင့်တစ်မျိုးကို ခံစားနိုင်မည်ဖြစ်သည်။ ပြခန်းပြသမည့် လုပ်ငန်းတစ်ခုအတွက် ၁၆-၈-၂၀၂၃ ရက်မှ ၂၀-၈-၂၀၂၃ ရက်အထိ  သတ်မှတ်ထားသည့် ဟိုတယ်၌ (၄) ညတာ အခမဲ့တည်းခိုနေထိုင်ခွင့်ကို လည်းကောင်း၊ ဖိုရမ်သို့ တက်ရောက်မည့် ကိုယ်စားလှယ် (၄) ဦးအတွက်လည်း ဟိုတယ်၌ (၄) ညတာ အခမဲ့တည်းခိုနေထိုင်ခွင့် စီစဉ်ပေးမည်ဖြစ်သည်။

   ယခင်ကျင်းပပြုလုပ်ခဲ့သည့် 2022 MIECF တွင် နိုင်ငံတကာမှလုပ်ငန်းရှင်များ၊ စီးပွားရေး မိတ်ဖက်များ၊ ပညာရေးကဏ္ဍမှ ပတ်ဝန်းကျင်နှင့်ပတ်သက်သည့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျွမ်းကျင်နည်းပညာရှင်များ တက်ရောက်ခဲ့သည်။

   အဆိုပါပြပွဲနှင့် ဖိုရမ်သို့ ပါဝင်တက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။