WTO/တာဝန်ဝတ္တရားများ

 

ကုန်စည်ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များဌာနစု

                   ( က)     WTO ရုံးကိစ္စရပ်များအားကြီးကြပ်ကွပ်ကဲခြင်း။

                   ( ခ )     WTO ၏ မြန်မာနိုင်ငံ Focal ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ခံဆောင် ရွက်ခြင်း။

                   ( ဂ )     ဂျီနီဗာမြို့ရှိ WTO ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ မြန်မာအဖွဲ့ရုံးနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက် ခြင်း။

                  (ဃ)     WTO နှင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ အောက်ဖော်ပြပါ သဘောတူညီချက်များနှင့်ပတ်သက်၍ တိုက်ရိုက်သော်လည်းကောင်း၊

                             သွယ်ဝိုက်၍သော်လည်းကောင်း သက်ဆိုင်ရာဌာနများနှင့် လိုအပ်သလိုညှိနှိုင်း ပေါင်းစပ် အကောင် အထည်ဖော်‌ဆောင်ရွက်ခြင်း -

                               (၁)   Agreement on Agriculture

                               (၂)   Agreement on Sanitary and Phyto-sanitary Measures

                               (၃)   Agreement on Textiles and Clothing

                               (၄)   Agreement on Technical Barriers to Trade

                               (၅)   Agreement on  Anti- dumping

                               (၆)   Agreement on Pre-shipment Inspection

                               (၇)   Agreement on Import Licensing Procedures

                               (၈)   Agreement on Subsidies  and Countervailing  Measures

                               (၉)   Agreement on Safeguards

                   ( င )     ကုန်စည်ကုန်သွယ်မှုနှင့် ဆက်နွယ်သောအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

                   ( စ  )   ကုန်စည်ကုန်သွယ်မှုနှင့် ဆက်နွယ်သောအစီရင်ခံစာ၊ လေ့လာချက်နှင့် တွေ့ရှိချက် များအပေါ် ကုန်သွယ်မှုရှုထောင့်မှ

                              လေ့လာသုံးသပ် အကြံပြုတင်ပြခြင်း၊ သဘောထား မှတ်ချက်များပြုစုပြန်ကြားခြင်း။

                   ( ဆ )   လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ပတ်သက်ဆက်နွယ်သောအစီရင်ခံစာ၊ လေ့လာချက်များနှင့် တွေ့ရှိချက်များအပေါ် ကုန်သွယ်မှုရှုထောင့်မှ

                               လေ့လာသုံးသပ်အကြံပြု တင်ပြခြင်း၊ သဘောထားမှတ်ချက်များပြန်ကြားခြင်း။

                   ( ဇ )    လယ်ယာထွက်ကုန်ပစ္စည်းများ၊ သဘောတူညီချက်များနှင့် ပတ်သက်သော Notifications များအား Notify လုပ်ရန်နှင့် အခြား

                             ဆောင်ရွက်ရမည့်ကိစ္စများကို ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ မြန်မာအဖွဲ့ရုံးနှင့် ချိတ်ဆက်  ဆောင်ရွက်ခြင်း။

                   (ဈ )    လယ်ယာထွက်ကုန်ပစ္စည်းများကုန်သွယ်မှုနှင့် ပတ်သက်သောအလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများတက်ရောက်ခြင်းနှင့်

                             မိမိဌာနမှ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများကိုအဆင်ပြေချောမွေ့စွာကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်

                            ပေးခြင်း။

                   (ည)   ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ မြန်မာအဖွဲ့ရုံးမှ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ရံဖန်ရံခါ တောင်းဆိုချက်များကိုပြန်ကြားခြင်း။

                  ( ဋ )  ကုန်သွယ်မှုအဟန့်အတားနှင့် အငြင်းပွားမှုများ ဖြေရှင်းခြင်းဆိုင်ရာသော်လည်းကောင်း၊ ဖြစ်ပွားခြင်းသော်လည်းကောင်း အဆိုပါဖြစ်စဉ်များ

                           နှင့်ပတ်သက်၍ အစီရင် ခံစာ၊ လေ့လာချက်များနှင့် တွေ့ရှိချက်များအပေါ် ကုန်သွယ်မှုရှုထောင့်မှ လေ့လာသုံးသပ်အကြံပြု တင်ပြခြင်း၊

                           သဘောထားမှတ်ချက်များပြန်ကြားခြင်း။

                 ( ဌ )  ကုန်သွယ်မှုအဟန့်အတားနှင့် အငြင်းပွားမှုနှင့်ပတ်သက်သည့် အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများတက်ရောက်ခြင်းနှင့်

                          မိမိဌာနမှ ပြုလုပ်သည့်အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများကို အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရန်

                           ပြင်ဆင်ဆောင်ရွက်ပေးခြင်း။

                   ( ဍ )  ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာမြန်မာအဖွဲ့ရုံးမှ ကုန်သွယ်မှုအဟန့်အတား၊ အငြင်းပွားမှုနှင့်ပတ်သက်၍ ရံဖန်ရံခါတောင်းဆိုချက်များကိုပြန်ကြားခြင်း။

                   ( ဎ )   သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း။

WTO ဆိုင်ရာ Notifications၊ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းနှင့် အခြားသဘောတူညီချက်များဌာနစု

                   ( က )     WTO ဆိုင်ရာ Notifications များကိုသက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း။

                   ( ခ )     ဝန်ဆောင်မှုကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ကိစ္စရပ်များအား အကောင်အထည် ဖော်ဆောင်ရွက်ခြင်း။

                   ( ဂ )     ဝန်ဆောင်မှုကုန်သွယ်မှုနှင့်ပတ်သက်ဆက်နွယ်သော အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်း အဝေးများကျင်းပရန်နှင့်

                              သဘောထားမှတ်ချက်များ ပြန်ကြားရန်အတွက် ကြီးကြပ် ဆောင်ရွက်ခြင်း။

                   (ဃ)      WTO နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ အောက်ဖော်ပြပါ သဘောတူညီချက်များနှင့်ပတ်သက်၍

                              တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သက်ဆိုင်ရာဌာနများနှင့် လိုအပ်သလို ညှိနှိုင်းပေါင်းစပ်အကောင်

                             အထည်ဖော်‌ဆောင်ရွက်ခြင်း၊ သဘောထားမှတ်ချက်များပြန်ကြားခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ အစည်း အဝေးများကို ကြီးကြပ်ဆောင်ရွက်ခြင်း၊

                              အစီရင်ခံစာ၊ လေ့လာချက်နှင့် တွေ့ရှိချက်များအပေါ် ကုန်သွယ်မှုရှုထောင့်မှ လေ့လာသုံးသပ်အကြံပြုတင်ပြခြင်း-

                              (၁)   Agreement on Trade Related Investment Measures

                               (၂)   Agreement on Trade-Related Aspects of Intellectual Property Rights

                               (၃)   Agreement on Dispute Settlement Mechanism

                               (၄)   Agreement   on Customs Valuation

                               (၅)   Agreement on Rules of Origin

                               (၆)   Agreement on Trade Facilitations

                   ( င )  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့် Follow up Actions များအားအကောင်အထည်ဖော်​

                           ဆောင်ရွက်ခြင်း၊ Trade Policy Review (TPR) လုပ်ငန်းနှင့်ပတ်သက်၍ တာဝန်ယူကြီးကြပ် ဆောင်ရွက်ခြင်း။

                   ( စ )  ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ဆက်နွယ်သော အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။

                   (ဆ)  ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ဆက်နွယ်သောအစီရင်ခံစာ၊ လေ့လာချက်နှင့်တွေ့ရှိချက်များအပေါ် ကုန်သွယ်မှုရှုထောင့်မှ

                            လေ့လာသုံးသပ်အကြံပြုတင်ပြခြင်း၊ သဘောထားမှတ်ချက်များပြုစုပြန်ကြားခြင်း။

                   ( ဇ )  ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးဆိုင်ရာဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ သက်ဆိုင်သောသဘောထား

                            မှတ်ချက်များ တောင်းခံလာပါက တာဝန်ခံလေ့လာသုံးသပ်တင်ပြခြင်း။

                   (ည )  WTO ၏ လမ်းညွှန်ချက်အရ Notifications များပြုလုပ်ရန် လိုအပ်သောကဏ္ဍများ အတွက် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြား

                          စေခြင်းနှင့် Notifications များပေးပို့ခြင်း။

                  ( ဋ )  မိမိတို့နိုင်ငံမှ ထုတ်ပြန်ကြေငြာပြီးသော ကုန်သွယ်မှုနှင့်သက်ဆိုင်သည် ဥပဒေများ၊ မူဝါဒ များနှင့် လုပ်ထုံးလုပ်နည်းများကို

                          WTO သို့ Notify ပြုလုပ်နိုင်ရန် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ခြင်း။

                 ( ဌ )  ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းနှင့် Notifications တို့နှင့် ပတ်သက်ဆက်နွယ်သော အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ

                         ကျင်းပရန်အတွက် ကြီးကြပ်ဆောင်ရွက်ခြင်း။

                  ( ဍ )  Reference Centre လုပ်ငန်းများအား တာဝန်ယူကြီးကြပ်ဆောင်ရွက်ခြင်း။

                 ( ဎ )   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများကကျင်းပပြုလုပ်လျက်ရှိသော Trade Policy Review အစီရင်ခံစာများအပေါ်

                         မိမိတို့နိုင်ငံမှ မေးခွန်းများမေးမြန်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ၎င်းအစီရင်ခံစာကိုဖြန့်ဝေခြင်း၊ မေးမြန်းလာပါက

                          WTO Secretariat ရုံးသို့ ပေးပို့နိုင်ရေးဆောင်ရွက်ပေးခြင်း။

               ( ဏ )  Agreement on Customs Valuation ဆိုင်ရာသဘောတူညီချက်နှင့်ပတ်သက်၍ သဘောထားမှတ်ချက်များပြန်ကြားခြင်း၊

                          အလုပ်ရုံဆွေးနွေးပွဲများ အစည်းအဝေးများ ကိုကြီးကြပ်ဆောင်ရွက်ခြင်း။

               ( တ )  အခြား WTO အဖွဲ့ဝင်နိုင်ငံများ၏ Agree - ment on Rules of Origin ဆိုင်ရာများကို လေ့လာ၍ အကြံပြုချက်များရှိက

                        တင်ပြဆောင်ရွက်ခြင်း။

               ( ထ )  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများက ကျင်းပပြုလုပ်လျက်ရှိသော Trade Policy Review အစီရင်ခံစာများအပေါ်

                         မိမိတို့နိုင်ငံမှ မေးခွန်းများမေးမြန်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ၎င်းအစီရင်ခံစာကိုဖြန့်ဝေခြင်း၊ မေးမြန်းလာပါက

                           WTO Secretariat ရုံးသို့ ပေးပို့နိုင်ရေးဆောင်ရွက်ပေးခြင်း။

                ( ဒ )  အခြား WTO အဖွဲ့ဝင်နိုင်ငံများ၏ TPR Report များကိုလေ့လာ၍ အကြံပြုချက် များရှိကတင်ပြဆောင်ရွက်ခြင်း။

               ( ဓ )  Agreement on Trade-Related Aspects of Intellectual Property Rights ဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်၍

                       သဘောထားမှတ်ချက်များပြန်ကြားခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများအစည်းအဝေးများကိုကြီးကြပ်ဆောင်ရွက်ခြင်း။

               (န )  Agreement on Trade Related Investment Measures ဆိုင်ရာ သဘောတူညီ ချက်နှင့်ပတ်သက်၍ သဘောထားမှတ်ချက်များ

                       ပြန်ကြားခြင်း၊ အလုပ်ရုံဆွေးနွေး ပွဲများအစည်းအဝေးများကို ကြီးကြပ်ဆောင်ရွက်ခြင်း။

                (ပ )   Agreement on Dispute Settlement Mechanism နှင့် ပတ်သက်သော လုပ်ငန်းများ၊ အသေးစိတ်ဆောင်ရွက်ခြင်း။

                ( ဖ )  သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း။

အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကုန်သွယ်မှုအကူအညီဆိုင်ရာဌာနစု

                   ( က )    ကုန်သွယ်မှုနှင့်ဆက်စပ်နေသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးသည့်ကိစ္စရပ်

                               များအား တာဝန်ခံဆောင်ရွက်ခြင်း၊ အစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများကျင်းပခြင်း၊  သင်တန်းများပေးခြင်း၊

                               သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ခြင်း။

                   ( ခ )     Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်၍ တာဝန်ခံဆောင်ရွက်ခြင်း။

                   ( ဂ )     EIF နှင့် ပတ်သက်၍ WTO, UNOPS, EU နှင့် World Bank အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း။

                   ( ဃ )     EIF လုပ်ငန်းစဉ်အောက်ရှိ ပြည်တွင်းအလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများနှင့် ပတ်သက်သော လုပ်ငန်းများဆောင်ရွက်ခြင်း။

                   ( င )     EIF ၏ ပြည်ပခရီးစဉ်များနှင့်ပတ်သက်၍ အချက်အလက်စုဆောင်းခြင်း၊ လိုအပ်သော အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ခြင်း။

                   ( စ )     EIF ဆိုင်ရာ ကျွမ်းကျင်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆောင်ရွက်ခြင်း။

                   ( ဆ)    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Aid for Trade လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ တာဝန်ခံဆောင်ရွက်ခြင်း။

                   ( ဇ )     WTO နှင့် Aid for Trade ကိစ္စများဆက်သွယ်ဆောင်ရွက်ခြင်း။

                   ( ဈ )     DTIS နှင့် ပတ်သက်သောပုံမှန်အစည်းအဝေးဆောင်ရွက်ခြင်း၊ အရေးပေါ်အစည်း အဝေးများဆောင်ရွက်ခြင်း။

                   ( ည )     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Trade Sector Working Group လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တာဝန်ခံဆောင်ရွက်ခြင်း။

                   ( ဋ )     Trade Sector Working Group နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ခြင်း။

                   ( ဌ )     Trade Sector Working Group လုပ်ငန်းစဉ်များဆောင်ရွက်ခြင်း၊ ပုံမှန်အစည်း အဝေးများကျင်းပပြုလုပ်ခြင်း။

                   ( ဍ )     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Aid Coordination အတွက် သက်ဆိုင်ရာ အစိုးရဌာနများပြည်ပဖွံ့ဖြိုးမှုမိတ်ဖက်များနှင့်

                             ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။

                   ( ဎ )     အဆိုပါအဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

                   ( ဏ )     အဆိုပါအဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ ကုန်သွယ်မှုရှုထောင့်မှ လေ့လာအကြံပြု တင်ပြခြင်း၊  သဘောထားမှတ်ချက်များ ပြုစုပြန်ကြားခြင်း။

                   ( တ )     အဆိုပါအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကိစ္စများဆောင်ရွက်ခြင်း။

                   ( ထ )     အဆိုပါအဖွဲ့အစည်းများနှင့် နည်းပညာအကူအညီနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး ဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း။

                   ( ဒ )     သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း

                               ဆောင်ရွက်ခြင်း။

                   ( ဓ )     WTO ၏မိတ်ဖက်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် သဘောတူညီချက်များ ကတိကဝတ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

                   ( န )     အခြား အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် သဘောတူညီချက်များကတိကဝတ် များအကောင် အထည်ဖော်ဆောင်ရွက်ခြင်း။

                   ( ပ )     နိုင်ငံတော်၏ National Steering Committee ဆိုင်ရာအစည်းအဝေးအတွက် အချက်အလက်စုဆောင်း၍ ပြုစုတင်ပြခြင်း၊ အစည်းအဝေး

                              ကျင်းပခြင်း။

                    ( ဖ )   ဌာနခွဲ၏ ဝန်ထမ်းကိစ္စရပ်များ၊ အစည်းအဝေးများကျင်းပရန်အတွက် အထက်အဖွဲ့ အစည်းများ၏ ခွင့်ပြုချက်ရရှိရေး၊ ငွေကြေးသုံးစွဲခွင့်ရရှိရေး

                             တို့ကို ဆောင်ရွက်ခြင်း၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စများဆောင်ရွက်ခြင်း။

 

Subscribe to WTO/တာဝန်ဝတ္တရားများ