ကမ္ဘာ့မူပိုင်ခွင့်နေ့(၂၀၂၄) အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

   ကမ္ဘာ့မူပိုင်ခွင့်နေ့(၂၀၂၄) အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်၊ သောကြာနေ့၊ နံနက် ၉:၀၀ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဦးထွန်းအုံ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
 

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ်ပြိုင်ပွဲတွင် ကွန်ပျူတာပိုစတာပြိုင်ပွဲ ဆုရရှိသူများစာရင်း

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ်ပြိုင်ပွဲတွင် ကွန်ပျူတာပိုစတာပြိုင်ပွဲ ဆုရရှိသူများစာရင်း
 

ပထမဆု ဦးအောင်စည်သူ

ဒုတိယဆု ဦးအောင်ကိုဇင်

တတိယဆု ဒေါက်တာပြည့်ထူးတို့ ဖြစ်ပါကြောင်း ဂုဏ်ပြုတင်ပြအပ်ပါသည်။

 

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြားခြင်း

နေပြည်တော်၊ ဧပြီလ ၂၄
 

  မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးတက်ရောက် အမှာစကားပြောကြားသည်။

မူပိုင်ခွင့်ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်လှစ်သင်ကြား

နေပြည်တော် ဧပြီလ
 

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင် နေသော အရာထမ်း၊ အမှုထမ်းများအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ရက်နေ့၊ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅၂)တွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

တက္ကသိုလ်များနှင့် ကောလိပ်များမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ်လ ၂၉
 

   တက္ကသိုလ်များနှင့် ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မူပိုင်ခွင့်နေ့အထိမ်းအမှတ် Animation ၊ ကွန်ပျူတာပိုစတာ နှင့် TikTok ပြိုင်ပွဲများဖိတ်ခေါ်ခြင်း

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့တွင် ကမ္ဘာ့မူပိုင်ခွင့်နေ့အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “Building our Common Future with Innovation and Creativity” ခေါင်းစဉ်ဖြင့် Animation၊ ကွန်ပျူတာပိုစတာ နှင့် TikTok ပြိုင်ပွဲများအား မြန်မာနိုင်ငံသား မည်သူမဆို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အရာထမ်းများအတွက် စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းဆိုင်ရာ သိကောင်းစရာများ၊ လက်တွေ့လုပ်ဆောင်ခြင်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ မတ်လ
 

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အရာထမ်းများအတွက် စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်းဆိုင်ရာသိကောင်းစရာများ၊ လက်တွေ့လုပ်ဆောင်ခြင်းများနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲကို မတ်လ ၄ ရက်နေ့နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်အမှာစကားပြောကြားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို တရားဝင်စတင်လက်ခံခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
 

    စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို တရားဝင် စတင်လက်ခံခြင်းအခမ်းအနားကိုယနေ့နံနက် ၉ နာရီအချိန်တွင် ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ (၂)၌ Hybrid စနစ်ဖြင့်ကျင်းပခဲ့ပါသည်။