ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော Expo 2023 Doha ကုန်စည်ပြပွဲ၏ မြန်မာနေ့အခမ်းအနားကျင်းပ

   ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော Expo 2023 Dohaတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာပြခန်းဆောင်ကို ပါဝင်ပြသလျက်ရှိပါသည်။
 

မြန်မာနိုင်ငံမှတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of China - GACC) ၏ ကြေညာချက်အမှတ် (၂၄၈) နှင့် (၂၄၉) တို့အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့်/ တင်ပို့လျက်ရှိသည့်  လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိမည် ဖြစ်ပါသည်။
 

China- ASEAN Sugar Expo 2023 သို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား

  China – ASEAN Sugar Expo 2023 ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Nanning International Convention and Exhibition Center ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များမှ ပြခန်းများ ပါဝင် ပြသရန် ဖိတ်ကြားလာပါသည်။

  ကုန်စည်ပြပွဲ ကျင်းပပြုလုပ်ခြင်းမှာ သကြားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာရှိ သကြားလုပ်ငန်းနှင့် အခြားဆက်စပ်လုပ်ငန်းများအကြား စီးပွားရေးချိတ်ဆက်မှုကို မြှင့်တင်ပေးရန်နှင့် သကြားနှင့် ဆက်စပ်သောထုတ်ကုန်များနှင့် ကုန်ကြမ်းများ ဝယ်ယူမှုတို့ကို လွယ်ကူချောမွေ့စေရန်ဖြစ်ပါသည်။

Japan Jewellery Fair 2023 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား

  Japan Jewellery Fair 2023 ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Tokyo Big Sight East Hall ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပြခန်းများ ပါဝင်ပြသနိုင်ရန် ဖိတ်ကြားလာ ပါသည်။

  အဆိုပါပြပွဲအား ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် ကမ္ဘာ့အကြီးဆုံး ကျောက်မျက်ရတနာပြပွဲကို ဦးဆောင်ကျင်းပခဲ့သည့် Informa Markets Japan နှင့် Japan Jewellery Association တို့မှ ကြီးမှူးကျင်းပမည်ဖြစ်ပြီး ပြပွဲတွင် ကုမ္ပဏီ (၄၀၀) ကျော်မှ ကျောက်မျက်ရတနာများ ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရှိရသည်။