MAPT

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ရန်ကုန်မြို့ရှိ၊ အိန္ဒိယသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E. Mr. Gautam Mukhopadhaya အား ဝန်ကြီးရုံး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ ၁၅း၀၀ နာရီအချိန်တွင် ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ( ၁၅ ) ရက်နေ့မှ ( ၂၈ ) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့်“MYANTRADE Project အကောင်အထည် ဖော်ရေးအတွက် လေ့လာရေးခရီးစဉ်”သို့ ကိုရီးယားသမ္မတနိုင်ငံ၊ (Korea Trade- Investment Promotion Agency-KOTRA) ၏ ဖိတ်ကြားချက်အရ သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ Working Level Officials အဆင့်ရှိ မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၅) ဦးက ဒုတိယအကြိမ်လေ့လာရေးအဖွဲ့အဖြစ် သွားရောက်ခဲ့ပါသည်။ သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့ (၂၅) ဦးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ (၂၀)ဦး၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ (၂) ဦး၊ စက်မှု ဝန်ကြီးဌာနမှ(၁)ဦး၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ(၁)ဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ (၁)ဦး တို့ ပါဝင်ကြောင်း သတင်းရရှိပါသည်။

လေ့လာရေးခရီးစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံမှ MYANTRADE Project အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာလုပ်ငန်း များတွင်တာဝန်ရှိသည့် အစိုးရအရာထမ်းများ MYANTRADE Project အကြောင်း သိရှိ နားလည်နိုင်ရန်၊ KOTRA ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ကိုရီးယားနိုင်ငံ၏ ဆင်းရဲ သောဘဝမှ အောင်မြင်အောင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို လေ့လာရန် အတွက် စေလွှတ်ခြင်းဖြစ်ပါသည်။

ခရီးစဉ်အတွင်း Site Visit အဖြစ် ကိုရီးယားယဉ်ကျေးမှုဆိုင်ရာများ လေ့လာရန် အတွက် Jyeongsang ပြည်နယ် မြောက်ပိုင်းရှိ ရှီလာဘုရင်အုပ်စိုးခဲ့သည့် နိုင်ငံ၏ မြို့တော် (BC 57 မှ AD 935) ဖြစ်ပြီး ရှေးဟောင်း အမွေအနှစ် အဆောက်အဦများ ရှိသည့် Jyeongji မြို့သို့လည်းကောင်း၊ ထို့နောက် ၎င်းမြို့ရှိ နှစ်ပေါင်းထောင်ကျော် သက်တမ်းရှိပြီး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များအား ထိန်းသိမ်းသည့် UNESCO မှ ထိန်းသိမ်းထားသည့် Bulguk Temple သို့လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၏ (ရ)ခုမြောက်အကြီးဆုံး မြို့တော် ဖြစ်သည့် ULSAN မြို့ ရှိ Hyundai Motor Company မှ လည်ပတ်ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး မော်တော်ကားတပ်ဆင်သည့် စက်ရုံနှင့် Hyundai Heavy Industries မှ ဆောင်ရွက်နေသည့် ကမ္ဘာ့အကြီးဆုံး သင်္ဘောတည်ဆောက်သည့် လုပ်ငန်းများသို့လည်းကောင်း၊ Changwon ရှိ LG Electronics သို့လည်းကောင်း၊ BUSAN ရှိ အကောက်ခွန်ဌာန၏ ပြတိုက်နှင့်  APEC အစည်းအဝေးပွဲ ကျင်းပဆောင်ရွက်ခဲ့သည့် ဟယ်ဟွန်းဒယ်(ဘူဆန်ကမ်းခြေ)ရှိ နူရီမာရို ပန်းခြံ တို့သို့ လေ့လာရေး ခရီးသွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ MYANTRADE Project ဖြစ်ပေါ်လာရခြင်းမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၏၂၀၁၂ခုနှစ်၊ အောက်တိုဘာလတွင် ကိုရီးယား သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း ကိုရီးယားသမ္မတနိုင်ငံအစိုးရ၏ အကူအညီ ဖြင့် မြန်မာနိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာန ထူထောင်ရန်အတွက် နှစ်နိုင်ငံအကြီးအကဲများ ဆွေးနွေး၍အကူအညီပေးရန် သဘောတူညီမှုရရှိခဲ့ရာမှ ပေါ်ပေါက် လာခြင်းဖြစ်ကြောင်း သိရပါသည်။

MYANTRADE Project ကို Korea International Cooperation Agency –KOICA ၏ငွေကြေးအထောက်အပံ့၊ KOTRA ၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး ဖွဲ့စည်းတည်ဆောက်ပုံကစပြီး Export လုပ်နိုင်သည့်အထိ သင်တန်း များ ပို့ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ MYANTRADE  Project အတွက် ကိုရီးယားသမ္မတနိုင်ငံသို့ လေ့လာရေးအစီအစဉ်အဖြစ် (၂) ကြိမ်ထပ်မံစေလွှတ်ရန် ရှိကြောင်းနှင့် MYANTRADE Project အရ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေး အတွက် ထိရောက်စွာဆောင်ရွက်နိုင်မည့် အဖွဲ့တစ်ခု ပေါ်ပေါက်လာမည်ဖြစ်ပြီး အလွန် ကောင်းမွန်အကျိုးရှိမည့် Project ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။   

အိန္ဒိယနှင့်တရုတ် ကြက်သွန်နီများတင်သွင်းခွင့်ပြု

Mon, 11/30/2015 - 15:22 -- rgn_ICT

ကြက်သွန်နီ ပြည်တွင်းဈေးနှုန်းများတည်ငြိမ်စေရေးနှင့်စားသုံးသူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကြက်သွန်နီများ တင်သွင်းရန် သွင်းကုန်လိုင်စင်အား မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံး သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့သူများအသင်းထောက်ခံချက်ဖြင့် ကုမ္ပဏီ (၆) ခုအား တင်သွင်းခွင့်ပြုခဲ့ရာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့ထိ နယ်စပ်နည်းဖြင့် တရုတ် နိုင်ငံ မူဆယ်နယ်စပ်မှ တင်သွင်းရန် သွင်းကုန်လိုင်စင် (၂) စောင်၊ တန်ချိန် (၂၅၀) ၊ ပင်လယ်ရေကြောင်းဖြင့် အိန္ဒိယနိုင်ငံမှတင်သွင်းရန် သွင်းကုန်လိုင်စင် (၃) စောင်၊ တန်ချိန် (၃၈၀)တန်၊ စုစုပေါင်း ကြက်သွန်နီ တန်ချိန် (၆၃၀)တန် ခွင့်ပြုပေးပြီးဖြစ်ပါတယ်။ ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် မည်သူ မဆို ကြက်သွန်နီ ပြည်ပမှ တင်သွင်း ခွင့် လျှောက်ထား လာပါကလည်း ဆက်လက်ခွင့်ပြုပေး သွားမည် ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ ကြက်သွန်နီများ တင်သွင်းခွင့်ပြုလိုက်သည့်အတွက် မကြာမီ ကြက်သွန်နီဈေးနှုန်း တည်ငြိမ်လာမည်ဟု မျှော်မှန်းရ ပါကြောင်း တင်ပြလိုက်ရပါတယ်။

ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေသဖြင့် သုံးစွဲရန် မသင့်ကြောင်းနဲ့ ဖြန့်ဖြူးရောင်းချ ပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဟု ထပ်မံအသိပေး ကြေညာ

Tue, 11/24/2015 - 13:28 -- rgn_ICT

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ထိရောက်သည့် အကျိုးအာနိသင်ရှိပြီး ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းစေသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိပါတယ်။

 မြန်မာနိုင်ငံ၊ကျန်းမာရေးဝန်ကြီးဌာန၏ အလှကုန်ပစ္စည်းဆိုင်ရာအမိန့်အမှတ် (၁/၂၀၁၀)နဲ့အညီ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိ ဘဲ ပြည်တွင်း၌ ဈေးကွက်တင် ရောင်းချနေသော ဖော်ပြပါ အလှကုန်ပစ္စည်းများ ၁၃ မျိုးမှာ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သုံးစွဲရန် မသင့်တော်ကြောင်း အများပြည်သူ လူထုအား အသိပေးနှိုးဆော်ကြညာခဲ့ပြီးဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ အဆိုပါအလှကုန်ပစ္စည်းများကို အများပြည်သူလူထုသုံးစွဲခြင်းမပြုကြရန်နဲ့ တင်သွင်း၊ဖြန့်ဖြူး ရောင်းချမှုများကို တွေ့ရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း အောက်တိုဘာလ နောက်ဆုံးပတ်တွင် ထပ်မံအသိပေးကြေညာထားတာဖြစ်ပါတယ်။

မာကျူရီ၊ဟိုက်ဒြိုကွီနိုး၊ဘီတာမီသာဇုံး ၁၇-ဗယ်လီရိတ်၊ရက်တီနွိုက်အက်စစ်တို့ပါဝင်သဖြင့် သုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများမှာ ထိုင်းနိုင်ငံလုပ် မယ်လ်လာနို(ခရင်မ် နံပါတ်-၁၊ ညလိမ်းခရင်မ် နံပါတ်-၂ ၊မျက်နှာသစ်လိမ်းခရင်မ် နံပါတ်-၃)၊ ပိုလာ(ပလက်တီနမ်၊ ခရစ်တယ်လ်ဝှိုက် ခရင်မ်၊ စူပါဝှိုက်၊ ညလိမ်းခရင်မ်အသစ်) ဘာစ်ချီ(နေ့/ည၊အသားဖြူခရင်မ်)၊ သရီးဒေးစ်(အသားစိုပြေ တောက်ပြောင် စေသော ခရင်မ်)၊ပီဒဗလျူ ဘင်န်စ်ရှင်းခရင်မ်၊ လေးနောင်း ညလိမ်းအသားဖြူ ခရင်မ်၊  ဒေါက်တာဂျပန်၊ အသားအရေ တောက်ပြောင်ဝင်းပစေသော အရည်များဖြစ်ပါတယ်။

မွန်ပြည်နယ်မော်လမြိုင်မြို့ (ဒိုင်းဝန်ကွင်း) ဈေးတွင် စားသုံးရန်/သုံးစွဲရန်မသင့်တားမြစ်ကုန်စည်များ မရောင်းချရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

Thu, 11/19/2015 - 14:50 -- rgn_ICT

မွန်ပြည်နယ်ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအား ကုန်စည်နှင့် ဝန်ဆောင်မှုတို့နဲ့ စပ်လျဉ်းသည့်အသိပညာပေးခြင်းအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၆ ရက်နေ့ ၌ မော်လမြိုင်မြို့ (ဒိုင်းဝန်ကွင်း)ဈေးတွင်စားသုံးရန်/သုံးစွဲရန်မသင့်သည့် တားမြစ်ကုန်စည်များ ရောင်းချနေခြင်းရှိ/မရှိစစ်ဆေးခြင်း၊ အသိပေးစာစောင်များ ဝေငှ၍ ဘေးဥပဒ်အန္တရာယ်များအကြောင်းဆွေးနွေးရှင်းလင်းခြင်း၊ စားသုံးသူ အကာအကွယ်ပေးရေး လက်ကမ်းစာစောင်များဝေငှခြင်းနဲ့ ခွင့်မပြုဆိုးဆေးများပါဝင်သော အစားအသောက်များနှင့် ဓါတုပစ္စည်းများအသုံးပြုထားသောအလှကုန်များသုံးစွဲခြင်းသည် လတ်တလောအခြေအနေတွင် မသိသော်လည်း အချိန်ကြာမြင့်စွာသုံးစွဲလာပါ က ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများရရှိမှာဖြစ်ပါကြောင်းကို ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ  ဆွေးနွေးရှင်းလင်းဆောင်ရွက်ခဲ့ကြပါတယ်။

ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှလည်း ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ခြင်းသည် ဈေးဆိုင်ပိုင်ရှင်များနှင့် ဈေးဝယ်သူများအတွက် စားသုံးရန်နှင့်သုံးစွဲရန်သင့်/မသင့်သိရှိရသဖြင့်ကုန်စည်အားရွေးချယ်သုံးစွဲတတ်ခြင်း၊ တားမြစ်ကုန်စည်များ မရောင်းချရန် ဂတိပေးကြပြီးမိမိတို့၏ အကျိုးစီးပွားဆုံးရှုံးနစ်နာမှုအားအကာအကွယ်ပေးရာရောက်သဖြင့် ဝမ်းသာပါကြောင်းနဲ့ အလွန်ကောင်းမွန်သောဆောင်ရွက်မှုဖြစ်ပါကြောင်း ပြန်လည်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။

ချိုဝင်း(မွန်)

မော်လမြိုင်မြို့ မောင်ငံဈေးတွင် တားမြစ်ကုန်စည်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

Wed, 11/11/2015 - 15:10 -- rgn_ICT

 

မွန်ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနသည် မွန်ပြည်နယ်အတွင်း စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများအား အစဉ်မပြတ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၃၀ ရက်နေ့ ၌ မော်လမြိုင်မြို့၊ မောင်ငံဈေးတွင် စားသုံးရန်/သုံးစွဲရန်မသင့် တားမြစ်ကုန်စည်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ အသိပေးစာစောင်များ၊ စားသုံးသူအကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့်အတူ စားသုံးသူများဘေးဥပဒ်အန္တရာယ် ကင်းရှင်းစေရန်၊ လုံခြုံစိတ်ချရမှုမရှိသော ထုတ်ကုန်များဖြစ်သော တားမြစ်ကုန်စည်များ၏ ဘေးဥပဒ်အန္တရာယ်များအကြောင်းကို ဈေးဆိုင်တစ်ဆိုင်ချင်း တွင် ရှင်းလင်းဆွေးနွေးခြင်း၊ ထပ်မံမရောင်းချရန် တားမြစ်ခြင်း၊ စားသုံးသူ အကာအကွယ်ပေးရေး အသိပညာများ ရှင်းလင်းဆွေးနွေးခြင်းတို့အား ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက် ခဲ့တယ်လို့ သတင်းရရှိပါတယ်။           

ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် မောင်ငံဈေးရှိ စီးပွားရေးလုပ်ငန်းရှင်၊ ဈေးဆိုင်ပိုင်ရှင်များမှ မိမိတို့အတွက် နစ်နာဆုံးရှုံးမှုများအား အကာအကွယ်ပေးရာရောက်ခြင်း၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေ၍ အသိပညာများ ရရှိခြင်းတို့ကြောင့် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းအား စိတ်ဝင်စားမှုများရှိလာခြင်း၊ ယခုကဲ့သို့ လာရောက်ဆွေးနွေးခြင်းအတွက် အလွန်ကျေးဇူးတင်ရှိပါကြောင်း တုံ့ပြန်မှုများရရှိခဲ့တယ်လို့ သိရပါတယ်။

ငရုတ်သီးနဲ့မျှစ်များမှာ ကျန်းမာရေးထိခိုက်စေနိုင်သော ဆိုးဆေးများအသုံးပြုခြင်း ရှိ/မရှိ၊ လတ်ဆတ်မှု ရှိ/မရှိ ဦးစားပေးစစ်ဆေးသွားမည်

Thu, 11/05/2015 - 12:18 -- rgn_ICT

စားသောက်ကုန်များကြောင့် ကျန်းမာရေးထိခိုက်မှုမရှိစေရန်စစ်ဆေးမှုများကိုအရှိန်မြှင့်ပြီး ရန်ကုန်မြို့တွင်းရှိ အသေးစားနဲ့အလတ်စားဈေးများမှာ တစ်ပတ်နှစ်ကြိမ်နှုန်းနဲ့ဆောင်ရွက်သွားမယ်လို့သတင်းရရှိပါတယ်။ မြို့နယ်အဆင့်ဈေးများကို အဓိကထားစစ်ဆေးသွားမယ်၊ ငရုတ်သီးနဲ့မျှစ်များမှာ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ဆိုးဆေးများ အသုံးပြုခြင်းရှိ/မရှိ၊ စားသောက်ကုန်များ လတ်ဆတ်မှုရှိ/မရှိကို ဦးစားပေး စစ်ဆေးသွားမယ်၊ ကျန်းမာရေးနဲ့မညီတဲ့ စားသောက်ကုန်တွေရောင်း တာတွေ့ရင် သိမ်းဆည်းပြီးဒဏ်ရိုက်ခြင်း၊ ပထမဆုံးအကြိမ်ရောင်းတာဆိုရင်တော့သတိပေးခြင်းကို ပြုလုပ်မယ်လို့သိရပါတယ်။

ဈေးအကြီးစားများကိုတော့ လတ်တလောစစ်ဆေးနိုင်မှာမဟုတ်သေးသော်လည်း ကျန်းမာရေးဦးစီးဌာနFDAနဲ့ ပူးပေါင်းကာစီမံချက်များ ချမှတ်ပြီးစစ်ဆေးရေးဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနကထုတ်ပြန်ထားပါတယ်။

ဈေးသည်တွေကတော့ သူတို့ရောင်းတဲ့ပစ္စည်းတွေ ကျန်းမာရေးနဲ့ညီညွတ်တယ် မညီညွတ်ဘူးဆိုတာသေချာ သိနားလည်မှုမရှိကြတဲ့အတွက် ဈေးများမှာ စစ်ဆေးခြင်း၊ ပညာပေးခြင်းများကိုလုပ်ဆောင်သွားမယ်ဆိုတဲ့ စားသုံးသူ အကာအကွယ်ပေးရေးသတင်းကိုကြိုဆိုလိုက်ရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စားသောက်ကုန်များ၊ဆေးဝါးများ၊ အလှကုန်များကိုလည်း သုံးစွဲရန်သင့်မသင့်ကို စစ်ဆေးပေးခြင်း၊  ပြည်သူအများသိရှိစေရန် စားသုံးရန်မသင့်သော ကုန်စည်များကို နိုင်ငံပိုင်သတင်းစာများမှာ ထုတ်ပြန်ကြေညာပေးလျက်ရှိပါတယ်။

အများပြည်သူအကျိုးငှာ ဆက်သွယ်သတင်းပေးနိုင်သော FDAဖုန်းနံပါတ်များအသိပေးကြေညာ


Thu, 11/05/2015 - 12:12 -- rgn_ICT

စားသုံးသူပြည်သူများအနေနဲ့ အစားအသောက်၊ ဆေးဝါးနဲ့အလှကုန်ပစ္စည်းများဆိုင်ရာကိစ္စရပ်များအတွက် မေးမြန်း စုံစမ်းရန်၊ မိမိတို့ပတ်ဝန်းကျင်၌ သံသယရှိသောကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အစားအသောက်၊ ဆေးဝါးနဲ့ အလှကုန်ပစ္စည်းများထုတ်လုပ်ရောင်းချခြင်း၊ဖြန့်ဖြူးခြင်းနဲ့ ပြည်သူများအကြားဝယ်ယူသုံးစွဲရန် နည်းမျိုးစုံနဲ့ လိုက်လံစည်းရုံးခြင်း၊ကြော်ငြာခြင်းနဲ့ စပ်လျဉ်းပြီးသတင်းပေးလိုပါကသတင်းပေးတိုင်ကြားရမဲ့ ဖုန်းနံပါတ်နဲ့ gmailaccountများကို ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနေပြည်တော်ကထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဟာကျန်းမာရေးဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူများဘေးကင်းလုံခြုံစိတ်ချစွာဝယ်ယူစားသောက်သုံးစွဲစေရန် ချမှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနဲ့ ကာကွယ်ထိန်းချုပ်ခြင်းကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်နေပြီလို့လည်းသိရပါတယ်။

ဆက်သွယ်သတင်းပို့ရမဲ့ ဖုန်းနံပါတ်များနဲ့ gmail account များကိုဖော်ပြပေးလိုက်ရပါတယ်-

ဒေါက်တာထွန်းဇော်                ညွှန်ကြားရေးမှူး          အစားအသောက်ဌာနခွဲ                 ဝ၆၇-၄၀၃၁၆၇

ဒေါက်တာသိင်္ဂီဇင်                  ညွှန်ကြားရေးမှူး          ဆေးဝါးဌာနခွဲ                             ဝ၆၇-၄၀၃၀၉၁

ဒေါက်တာဒေါ်ခင်ချစ်              ညွှန်ကြားရေးမှူး          ဓါတ်ခွဲဌာနခွဲ                               ဝ၆၇-၄၀၃၂၄၂

ဒေါက်တာသဇင်ရီလှိုင်             ညွှန်ကြားရေးမှူး          အလှကုန်/ဆေးပစ္စည်းဌာနခွဲ          ဝ၆၇-၄၀၃၄၈၉၊  ဝ၆၇-၄၀၃၂၄၂

ဒေါက်တာဇင်ဇင်နွယ်              ညွှန်ကြားရေးမှူး          ရန်ကုန်တိုင်းဒေသကြီး                  ဝ၁-၃၇၇၀၂၉

ဒေါက်တာဒေါ်ခင်စောလှ           ညွှန်ကြားရေးမှူး          မန္တလေးတိုင်းဒေသကြီး                ဝ၂-၆၂၁၁၈၊  ဝ၉၆၅၀ဝ၂၈၅

ဒေါက်တာထွန်းလင်းအောင်       လ/ထညွှန်ကြားရေးမှူး   စီမံရေးရာဌာနခွဲ                        ဝ၆၇-၄၀၃၆၀၉

ဒေါက်တာဥက္ကာဖြိုး                 ဦးစီးအရာရှိ                စီမံရေးရာဌာနခွဲ                         fdanpt1@

ဒေါက်တာရန်လင်းမောင်          ဦးစီးအရာရှိ                စီမံရေးရာဌာနခွဲ                         gmail.com

ဒေါက်တာမိုးမြင့်ဟိန်း              ဦးစီးအရာရှိ                စီမံရေးရာဌာနခွဲ

 

MyanBuild/MyanEnergy 2015 ပြပွဲ

Fri, 11/13/2015 - 11:13 -- DDG1_office

ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Event Park (MEP) ခန်းမတွင် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် MyanBuild/MyanEnergy 2015 ပြပွဲကို ပြည်တွင်းကုမ္ပဏီဖြစ်သော Care Freight Services Ltd. မှ တာဝန်ယူ ကျင်းပမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။ MyanBuild/MyanEnergy 2015  ပြပွဲသို့ ထိုင်း၊ ဂျပန်၊ တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ အမေရိကန်၊ အီတလီ၊ ဂျာမနီ၊ ကိုရီးယား၊ ကနေဒါ၊ ဗီယက်နမ်နိုင်ငံ စသည့်နိုင်ငံများရှိ ကုမ္ပဏီပေါင်း (၁၂၀) ကျော်ခန့်တို့မှ Renewable Energy & Energy Efficiency, Construction Material & Equipment, Automation equipment, Transmission & Distribution, Wires/Ducting Systems နှင့်ဆက်စပ်  ပစ္စည်းများကို လာရောက်ပြသရောင်းချမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

International Jewellery and Watch Expo 2015 Mandalay” ပြပွဲ


 

“International Jewellery and Watch Expo 2015 Mandalay” ပြပွဲကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ မြန်မာနိုင်ငံ၊ မန္တလေးမြို့(၇၈) လမ်းပေါ်ရှိ Diamond Plaza အပေါ်ထပ်တွင်ကျင်းပရန် အင်တိုင်း(မ်)မီဒီယာ (မြန်မာ)ကုမ္ပဏီလီမိတက်က စီစဉ် ဆောင်ရွက်လျှက်ရှိပါသည်။ အဆိုပါပြပွဲတွင်  မြန်မာ၊ ထိုင်း၊ ဟောင်ကောင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အီတလီ၊ ပြင်သစ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်းရှင်များအား ဖိတ်ကြား၍ အဆင့်မြင့် ကျောက်မျက်ရတနာ (Value- added Gems & Jewellery) နှင့် နာရီများအား ခင်းကျင်းပြသမည်ဖြစ်ပါသည်။

Pages