MAPT

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၁၉)ကြိမ်မြောက်နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေး ကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ (စနေနေ့)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ တက်ရောက်အားပေးချီးမြှင့်၍ အမှာစကား ပြောကြားခဲ့ပါသည်။

       မွန်ပြည်နယ် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်း ( Myanmar Rubber Planters and Producers Association –MRPPA) နှင့် နိုင်ငံတကာရော်ဘာသုတေသနနှင့်ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (International Rubber Research and Development Board-IRRDB) တို့ ပူးပေါင်း၍ ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ် များဖြင့် ရော်ဘာ အထွက်နှုန်း များ တိုးမြင့်အောင်ဆောင်ရွက်ခြင်း (International workshop on Improving Rubber Productivity through Good Agricultural Practices) အလုပ်ရုံဆွေးနွေးပွဲကို ၂၇.၉.၂၀၁၁  နေ့မှ ၂၈.၉.၂၀၁၁ နေ့ထိ ကျင်းပခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျော့ကျ ရေး ဗဟိုကော်မတီ လက်အောက် တွင် ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် တာဝန်ယူဆောင်ရွက် ရမည်ဖြစ်၍ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးသည်  ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ ကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး   ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာနှင့် သက် ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဆိပ်သာကန်၊ ဆုံကုန်း၊ထီးဆောင်း၊ မကျီးစင်၊ ရွာထောင် ကျေးရွာ (၅)ရွာနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆင်မကြပ်၊ ပျားစည်၊ ဝက်ကော်၊ ကြာအင်း၊ ကန်ရိုး၊ လင်းယောခင်   ကျေးရွာ(၆)ရွာသို့ ကွင်းဆင်းစစ်ဆေးပြီး ကျေးလက်နေပြည်သူများနှင့် လက်ရှိလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်း လိုအပ်ချက်များ နှင့်ဆောင်ရွက်ပေးရမည့်အစီအစဉ်များအား အသေးစိတ် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေး ခဲ့ပါသည်။


ဆိပ်သာကန်                 ဆုံကုန်း                           ထီးဆောင်း                            မကျီးစင်                       ရွာထောင်

ဆင်မကြပ်                ပျားစည်                     ဝက်ကော်                ကြာအင်း                    ကန်ရိုး                   လင်းယောခင်

Pages