ဒေသတွင်းကုန်သွယ်မှု/လှုပ်ရှားမှုများ

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက် မှုအောက်ရှိနယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက် မှုဆိုင်ရာစတုတ္ထအ​ကြိမ်မြောက်လုပ်ငန်းအဖွဲ့အစည်းအဝေး (4th Joint Working Group Meeting on Cross-border Economic Cooperation under Mekong- lancang Cooperation- 4th JW

Wed, 10/19/2022 - 10:39 -- regionaldep
Undefined

၁။မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအောက်ရှိ နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စတုတ္ထအကြိမ်မြောက်လုပ်ငန်းအဖွဲ့အစည်းအဝေး (4th Joint Working Group Meeting on Cross-border Economic Cooperation under Mekong- lancang Cooperation- 4th JWG-CBEC) အား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လည် (၁၁: ၃၀)နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ Virtual နည်းလမ်းဖြင့် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၌လက်ခံကျင်းပ ခဲ့ပါသည်။

၂။ အဆိုပါအစည်းအဝေးသို့ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင် ရာအဖွဲ့ဝင်နိုင်ငံများစုံညီစွာတက်ရောက်ခဲ့ကြပြီး ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ နယ်စပ်ဖြတ်ကျော်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်စုစုပေါင်း (၄၃) ဦးသည် online ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံဘက်မှ မဲခေါင်-လန်ချန်းနယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဦးဆောင် ဝန်ကြီးဌာနဖြစ်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဦးဆောင်၍ မဲခေါင်-လန်ချန်း နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်သည့် ကဏ္ဍများနှင့် သက်ဆိုင်သည့်တာဝန်ခံဝန်ကြီး ဌာနများမှ စုစုပေါင်းကိုယ်စားလှယ် (၃၀) ဉီးသည် offline ဖြင့်လည်း ကောင်း အသီးသီးပါဝင်တက်ရောက်ခဲ့ကြပါသည်။

၃။ အဆိုပါအစည်းအဝေးအား မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းမှ အစည်းအဝေးဥက္ကဋ္ဌအဖြစ်လည်း ကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of Commerce of People’s Republic of China- MOFCOM)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ Mr. Yu Xiang မှ အစည်းအဝေးပူးတွဲဥက္ကဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးတွင် မဲခေါင်-လန်ချန်း နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဖြစ်ပေါ်တိုးတက်မှုများ၊ မဲခေါင်-လန်ချန်းနိုင်ငံများအကြား စက်မှုလုပ်ငန်းများနှင့် တန်ဖိုးချိတ်ဆက်ကူးပြောင်းမှုဆိုင်ရာကိစ္စရပ်များ၊ မဲခေါင်- လန်ချန်းနယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (၅)နှစ် စီမံကိန်း (မူကြမ်း)အပေါ် သဘောထားအမြင်များ ဖလှယ်ခဲ့ကြပြီး မဲခေါင်-လန်ချန်းဒေသနိုင်ငံများအကြား ဒေသန္တရအစိုးရများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ကြပါသည်။

Latest News: 
Latest New တင္ရန္

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိကျင်းပပြုလုပ်လျက်ရှိသည့် အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ (၁၀၂) ကြိမ်မြောက် အစည်းအဝေး (102nd Meeting for Committee on Trade in Services) သို့ ပါဝင်တက်ရောက်ခဲ့မှု

Wed, 10/05/2022 - 09:05 -- regionaldep
Undefined

၁။      အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ (၁၀၂) ကြိမ်မြောက် အစည်းအဝေး (102nd Meeting for Committee on Trade in Services) ကို Hybrid ပုံစံဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိကျင်းပပြုလုပ်လျက်ရှိရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့်အတူမြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂) ဦး ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

၂။       အဆိုပါအစည်းအဝေး၌ အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များမှ အစီရင်ခံတင်ပြခြင်း၊ (၃/၅၃) ကြိမ်မြောက် အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ကဏ္ဍအလိုက်လိုက်ပါဆောင် ရွက်ရမည့်လုပ်ငန်းစဉ် များအားလည်းကောင်း၊ AFAS Package ၏ Positive List ကတိကဝတ်ဇယားများကို ATISA ၏ Non-Conforming Measures ဖြင့်ကတိကဝတ် ဇယားများသို့ ကူးပြောင်းနိုင်ရေးအတွက် လိုအပ်သောနည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ AFAS နှင့် ATISA အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) သို့ အသိပေးအကြောင်းကြားခြင်း (Notification ပေးပို့နိုင်ရေး) အားလည်းကောင်း၊ အာဆီယံလူပုဂ္ဂိုလ် များရွှေ့ပြောင်းသွားလာမှုဆိုင်ရာ သဘောတူညီချက်အပေါ် ပြင်ဆင်သည့် အခြေပြစာချုပ် နှင့် နောက်ဆက်တွဲကတိကဝတ်ဇယားအပေါ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားရပ်တည်ချက်များကိုလည်းကောင်း၊ အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေး ကော်မတီ၏ ၂၀၂၅ ခုနှစ်အထိ လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း၊ ကျွမ်းကျင်ပညာရှင်များဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍများအတွက် (Professional Services) 4th Industrial Revolution Pragrammeနှင့်စပ်လျဉ်း၍ ERIA မှ သုတေသနပြုလုပ်ထားမှုနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့မှုအားလည်းကောင်း ဆွေးနွေးလျက်ရှိပါသည်။

Latest News: 

Co Form RCEP ကို ခွင့်ပြုထုတ်ပေးနိုင်ရေး Online Application အတွက် ညှိနှိုင်းဆွေးနွေးပွဲ

Wed, 09/28/2022 - 09:22 -- regionaldep
Undefined
  • ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဒေသတွင်းစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဌာနခွဲသည် Co Form RCEP ကို ခွင့်ပြုထုတ်ပေးနိုင်ရေး Online Application အတွက် နည်းပညာဆိုင်ရာပြင်ဆင်မှုများဆောင်ရွက်ရန် သက်ဆိုင်ရာနည်း ပညာကုမ္ပဏီနှင့် ညှိနှိုင်းဆွေးနွေးခဲ့ ကြ ပါသည်။
Latest News: 

10th ASEAN Quiz(Regional Level and National Level) အတွက်သင်ကြားခြင်း

Wed, 09/28/2022 - 09:20 -- regionaldep
Undefined

 

  • ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် 10th ASEAN Quiz(Regional Level and National Level) ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ကျောင်းသားလူငယ်များပါဝင် ယှဉ်ပြိုင်ရာ၌ အထောက်အကူဖြစ်စေရေးအတွက် အာဆီယံစီးပွားရေး အသိုက်အဝန်း မဏ္ဍိုင်အောက်ရှိ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များနှင့် စပ်လျဉ်းသည့် ဘာသာရပ်များကို ကုန်သွယ်ရေးဦးစီးဌာန၊ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုး မှသင်ကြား ပေးခဲ့ပါသည်
Latest News: 

Pages

Subscribe to RSS - ဒေသတွင်းကုန်သွယ်မှု/လှုပ်ရှားမှုများ