ဒေသတွင်းကုန်သွယ်မှု/လှုပ်ရှားမှုများ

The Second Special Meeting of the ASEAN Coordinating Committee on Services on ASEAN Services Facilitation Framework (2nd Special CCS Meeting on ASFF)

Wed, 07/05/2023 - 07:16 -- regionaldep
English

The 2nd Special CCS Meeting on ASFF was held in Singapore hybrid (in person + virtual) on 5-7 July 2023. The meeting was attended by representatives from all ASEAN Member States and the ASEAN Secretariat Office. An official from Department of Trade, Ministry of Commerce, Myanmar and officials from Thailand have also joined the meeting virtually.

The meeting has been discussing AMS’s position on the draft text of ASEAN Services Facilitation Framework – ASFF and its work plan.

Latest News: 

The bilateral Meeting on market access for trade in services between Myanmar-Canada

Wed, 07/05/2023 - 07:10 -- regionaldep
English

The bilateral Meeting on market access for trade in services between Myanmar-Canada was held virtually on 4 July 2023. An official from Department of Trade, Ministry of Commerce, Myanmar has joined the meeting.

It is the first meeting between Myanmar and Canada bilaterally discussed on the market access for trade in services under ACAFTA. Canada side is interested in computer services, telecommunication services and distribution services sectors of Myanmar and Myanmar also shared their interest in Canada’s tourism services and distribution services sectors.

Latest News: 

The Third Meeting Of The Sub-Working Group On Rules Of Origin For The ASEAN-CANADA Free Trade Agreement (3rd ACAFTA SWGROO)

Wed, 06/14/2023 - 09:02 -- regionaldep
English

   The 3rd ACAFTA SWGROO meeting was held virtually on 13-14, June 2023. The meeting was co-chaired by Mr. Abdul Aziz MohamadSharkawi, Ministry of International Trade and Industry, Malaysia, for ASEAN, and Ms. Shezara Ali, Global Affairs Canada for Canada. Representatives from all ASEAN Member States, Canada, and the ASEAN Secretariat Office attended the meeting. One representative from Department of Trade, Ministry of Commerce and two representatives from Myanmar Customs Department, Ministry of Planning and Finance of Myanmar also joined the meeting virtually.

   The meeting discussed the draft text on Rules of Origin, Origin Procedure’s Chapter, Self-Certification, Product Specific Rules (PSRs) and Contact Points. The meeting also discussed on the matters for Capacity Building and work programme. The meeting welcomed Canada’s additional proposal based on the outcomes of this meeting.

Latest News: 

၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိတွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် အာဆီယံ-နယူးဇီလန် ကုန်သွယ်မှုဆိုင်ရာ လေ့လာမှုအစီအစဉ်သို့ ပါဝင်တက်ရောက်ခဲ့ခြင်း

Tue, 06/06/2023 - 02:51 -- regionaldep
Undefined

     ပထမအကြိမ် အာဆီယံ-နယူးဇီလန် ကုန်သွယ်မှုဆိုင်ရာလေ့လာမှုအစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ မီလီနန်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ နယူးဇီလန်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ မြန်မာ၊ တီမောလက်စတေနိုင်ငံတို့နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ စုစုပေါင်းကိုယ်စားလှယ် (၁၉)ဦး အသီးသီးပါဝင် တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၁) ဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (၁) ဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး (၁) ဦးတို့နှင့်အတူ စုစုပေါင်း (၃) ဦး ပါဝင်တက်ရောက်ခဲ့ ပါသည်။

   ကုန်သွယ်မှုဆိုင်ရာလေ့လာမှုအစီအစဉ်တွင် ကမ္ဘာ့ကုန်သွယ်မှုစနစ်၊ ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်များ အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့် ပြင်ဆင်ထားရှိမှုနှင့် ညှိနှိုင်းဆွေးနွေးမှုများ၊ ကုန်သွယ်မှုဆိုင်ရာပေါ်ပေါက်လာနိုင်သည့်ကိစ္စရပ်များနှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသသဘောတူစာချုပ်များ အကောင်အထည်ဖော်ရာတွင် အခြေခံရမည့်အချက်များ၊ ကုန်သွယ်မှုဆိုင်ရာစေ့စပ်ညှိနှိုင်းခြင်းစွမ်းရည် (Negotiation Skill) နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို လေ့လာခွင့်ရခဲ့ပါသည်။

   အဆိုပါ ကုန်သွယ်မှုဆိုင်ရာလေ့လာမှုအစီအစဉ်သို့ တက်ရောက်ခဲ့ခြင်းကြောင့် ASEAN အဖွဲ့ဝင်နိုင်ငံများမှ ကုန်သွယ်မှုဆိုင်ရာစေ့စပ်ညှိနှိုင်းသူ (Negotiator) မျိုးဆက်သစ်များအနေဖြင့် ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်များ၊ ကုန်သွယ်မှုဆိုင်ရာညှိနှိုင်းဆွေးနွေးမှုကိစ္စရပ်များ၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာကိစ္စရပ်များစသည့် ကုန်သွယ်မှုဆိုင်ရာအသိပညာများ တိုးပွားသည့်အပြင် ကုန်သွယ်ဘက်နိုင်ငံများအကြား အကောင်အထည်ဖော်ဆောင်ရသည့် အတွေ့အကြုံများကို ဖလှယ်ခွင့်ရရှိခဲ့ပါသည်။

Latest News: 

မဲခေါင်သိပ္ပံ (Mekong Institute-MI) မှ ကျင်းပပြုလုပ်သည့် “Webinar on Advancing Sustainable Development in the Lancang-Mekong Region through Global Development Initiative” သို့ ပါဝင်တက်ရောက်ခြင်း

Tue, 03/28/2023 - 06:41 -- regionaldep
Undefined

      တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် မဲခေါင်သိပ္ပံမှ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် Zoom application ဖြင့်ကျင်းပပြုလုပ်သည့် “Advancing Sustainable Development in the Lancang-Mekong Region through Global Development Initiative” နှင့်စပ်လျဉ်းသည့် Webinar အား  ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါ Webinar သို့ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် စုစုပေါင်း (၅၁) ဦး ပါဝင်တက်ရောက်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ် (၁) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ Webinar သည် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှု (Global Development Initiative – GDI) ကို ပိုမိုကောင်းမွန်စွာ နားလည်စေရန်အတွက် အကြံဉာဏ်များ ဖလှယ်ကြရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် GDI နှင့် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု (Lancang-Mekong Cooperation – LMC) လုပ်ငန်းစီမံချက်များ ပေါင်းစပ်ညှိနှိုင်း ခြင်းဆိုင်ရာ မဟာဗျူဟာများ၊ ကြားဝင်စေ့စပ်မှုများနှင့် ချဉ်းကပ်မှုများကို ဖော်ထုတ်လေ့လာကြရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

       အဆိုပါ Webinar အား မဲခေါင်သိပ္ပံမှ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး Mr.Suriyan Vichitlekarn နှင့် UNESCAP ၏ တရုတ်နိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မဲခေါင်သိပ္ပံကြီးကြပ်မှုကော်မတီအဖွဲ့ဝင်ဖြစ်သူ Mr.Ke Yousheng တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

       Webinar ကို အပိုင်း (၂) ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမပိုင်းတွင် GDI အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုများ၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုအကျိုးရလဒ်များကို အမေးအဖြေကဏ္ဍများဖြင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

     ဒုတိယပိုင်းတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြရာ မဲခေါင်-လန်ချန်း ဒေသအတွင်းဆင်းရဲမှုလျှော့ချရေး၊ အစားအစာလုံခြုံရေး၊ ကျန်းမာရေး၊ ကာဗွန်လျှော့ချရေးနှင့် အီလက်ထရောနစ်ကုန်သွယ်ရေးစသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်များ အပေါ် အမေးအဖြေကဏ္ဍများဖြင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Latest News: 
Latest New တင္ရန္

အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းမှုကော်မတီအစည်း အဝေး (41th meeting of the coordinating committee on the implementation of the ATIGA (41th CCA Meeting) သို့ ပါဝင်တက်ရောက်ခဲ့ခြင်း

Tue, 02/28/2023 - 08:49 -- regionaldep
Undefined

၁။  (၄၁) ကြိမ်မြောက် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းမှုကော်မတီ အစည်းအဝေး (41th meeting of the coordinating committee on the implementation of the ATIGA (41th CCA Meeting) ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်‌နေ့တွင် Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာရပ်တာဝန်ခံကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်စုစုပေါင်း (၃၂) ဦး ပါဝင်တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂) ဦးသည် အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့်အတူ ပါဝင် တက်ရောက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

၂။  အစည်းအဝေးတွင် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများ၏ လမ်းညွှန်ချက်များအရ ၂၀၂၃ ခုနှစ်အတွက် CCA ၏ လုပ်ငန်းများနှင့် ဦးစားပေးလုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်း၊ အာဆီယံကုန်စည်ကုန်သွယ်ရေး သ‌ဘောတူစာချုပ်ပါ အချက်အလက်များအနက် အကောက်ခွန်လျှော့ချမှု အစီအစဉ်ဇယား (Tariff Reduction Schedule– TRS) အား AHTN 2017 မှ 2022 သို့ ကူးပြောင်းချိတ်ဆက်ခြင်း၊ ပင်ရင်းနိုင်ငံစည်းမျဉ်း (rules of origin)ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုဆိုင်ရာစာရင်းအင်းများ(Trade Statistics)ဆိုင်ရာကိစ္စရပ်များစသည့်အချက်များကို အဓိကထား၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

၃။  အဆိုပါအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခြင်း၊ အကောက်ခွန်လျှော့ချမှု အစီအစဉ်ဇယားနှင့်ပတ်သက်၍နှုန်းထားများ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ အကောက်ခွန် သက်သာခွင့်ကိစ္စရပ်များအား ပွင့်လင်းမြင်သာရှိခြင်းနှင့် ကုန်သွယ်မှုအချက်အလက်များအား ပွင့်လင်းမြင်သာမှုရှိစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိပါသည်။

Latest News: 
Latest New တင္ရန္

ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ

Mon, 01/30/2023 - 08:22 -- regionaldep
Undefined

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် UMFCCI တို့ပူးပေါင်း၍ ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ တာဝန်ရှိသူများ၊ ညီနောင်အသင်းအဖွဲ့များ၊ ဝန်ဆောင်မှုဆိုင် ရာလုပ်ငန်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ဘာသာရပ်တာဝန်ခံမှ မြန်မာနိုင်ငံအနေဖြင့်  ပါဝင်လက်မှတ်ရေးထိုးခဲ့သော လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာသဘောတူညီချက်များ၊  အာဆီယံနှင့်ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) တို့၏ ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ၂၀၂၂ ခုနှစ်တွင် စတင်ညှိနှိုင်းဆွေးနွေးလျက်ရှိသော အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုဒေသဆိုင်ရာသဘောတူညီချက်တွင် လိုက်ပါဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးပေးခဲ့ပါသည်။

Latest News: 
Latest New တင္ရန္

(၄၀) ကြိမ်မြောက် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းမှုကော်မတီအစည်းအဝေး (40th meeting of the coordinating committee on the implementation of the ATIGA (40th CCA Meeting)

Fri, 12/02/2022 - 01:51 -- regionaldep
Undefined

       (၄၀) ကြိမ်မြောက် အာဆီယံ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အကောင် အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းမှုကော်မတီအစည်းအဝေး (40th meeting of the coordinating committee on the implementation of the ATIGA (40th CCA Meeting) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်‌နေ့တွင် Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာရပ်တာဝန်ခံ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်စုစုပေါင်း (၄၇) ဦး ပါဝင်တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၁) ဦးသည် အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

   အစည်းအဝေးတွင် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများ၏ လမ်းညွှန်ချက်များအရ ၂၀၂၃ ခုနှစ်အတွက် CCA ၏ လုပ်ငန်းများနှင့် ဦးစားပေးလုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်း၊ အာဆီယံကုန်စည်ကုန်သွယ်ရေးသ‌ဘောတူစာချုပ်ပါ အချက်အလက်များအနက် အကောက်ခွန်လျှော့ချမှုအစီအစဉ်ဇယား (Tariff Reduction Schedule– TRS) အား AHTN 2017 မှ 2022 သို့ ကူးပြောင်းချိတ်ဆက်ခြင်း၊ ပင်ရင်းနိုင်ငံစည်းမျဉ်း (rules of origin) ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုဆိုင်ရာစာရင်းအင်းများ (Trade Statistics) ဆိုင်ရာကိစ္စရပ်များစသည့် အချက်များကို အဓိကထား၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

   အဆိုပါအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့ စေရေးဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခြင်း၊ အကောက်ခွန်လျှော့ချမှုအစီအစဉ်ဇယားနှင့်ပတ်သက်၍နှုန်းထားများ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ အကောက်ခွန်သက်သာခွင့်ကိစ္စရပ်များအား ပွင့်လင်းမြင်သာရှိခြင်းနှင့် ကုန်သွယ်မှုအချက်အလက်များအား ပွင့်လင်းမြင်သာမှုရှိစေခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိပါသည်။

Latest News: 
Latest New တင္ရန္

အာဆီယံ-တရုတ်ဆေးဝါးရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ”ဆွေးနွေးပွဲ ( ASEAN – Chinese Medicine Investment Opportunities သို့ပါဝင်တက်ရောက်ခဲ့မှု

Tue, 10/25/2022 - 07:06 -- regionaldep
Undefined

၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံ -တရုတ် ဆေးဝါးကဏ္ဍရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဆွေးနွေးပွဲသို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်ဝင်းမင်းဖြိုး နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးဝဏ္ဏအောင်တို့တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မကာအို (တရုတ်)နိုင်ငံနှင့် တရုတ်နိုင်ငံပြည်မကြီးမှ ဆေးဝါးထုတ်လုပ်သည့် ရင်းနှီးမှုလုပ်ငန်းရှင် များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

၂။ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံပါက လိုအပ်သည့် ကုန်ကြမ်းတင်သွင်းမှုများအတွက် တင်သွင်းခွင့်လိုင်စင် လိုအပ်မည်ဖြစ်ပါကြောင်း၊ တင်သွင်းခွင့်လိုင်စင်လျှောက်ထားနိုင်ရန်အတွက် တင်သွင်းသူ/တင်ပို့သူလုပ်ငန်းရှင်အဖြစ်  ကုန်သွယ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသို့ တင်ပြခွင့်ပြုချက်ရယူရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုလည်း ရယူဆောင်ရွက်ရမှာဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

၃။ ဆက်လက်၍မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံခြင်းကြောင့် နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်သည့်ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံမှ အဖွဲ့ဝင်ဖြစ်သည့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များအရ မြန်မာနိုင်ငံမှတင်ပို့သောကုန်စည်များအတွက် အာဆီယံနိုင်ငံများ၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ စျေးကွက်များသို့ အကောက်ခွန်သက်သာခွင့်ဖြင့် တင်ပို့နိုင်မည်ဖြစ်ပါကြောင်း၊ ဤကဲ့သို့အပြန်အလှန် သဘောတူညီချက်များအရ ခံစားခွင့်ရှိသည့် အကောက်ခွန်သက်သာခွင့်များ သာမက ဖွံ့ဖြိုးပြီးနိုင်ငံများသို့ တင်ပို့လိုပါကလည်း တစ်ဖက်သတ်ပေးသည့် အကောက်ခွန်သက်သာခွင့်များဖြင့် ၎င်းနိုင်ငံများသို့ စျေးကွက်ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ ပါသည်။ မြန်မာနိုင်ငံတွင် ကျွမ်းကျင်နှင့် သာမန်လုပ်သားအင်အားများ များပြားကြောင်း၊ လုပ်ခလစာသင့်တင့်မှုရှိကြောင်း၊ ထို့ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာမှုကို အထောက်အကူပြုနိုင်ကြောင်း၊ သို့ပါ၍ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အကျိုးရှိကြောင်း ဆွေးနွေးခဲ့ပါသည်။

၄။ ဆက်လက်၍ အိမ်ရှင်နိုင်ငံအနေဖြင့်လည်း ပြည်တွင်း၌ ဆေးဝါးထုတ်လုပ်မှုများ ရှိလာပြီဖြစ်သည့်အတွက် ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍကို အထောက်အကူပြုခြင်း၊ ပြည်ပမှတင်သွင်းရသည့် နိုင်ငံခြားငွေသုံးစွဲမှုကိုလျော့ချနိုင်ခြင်း၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ နည်းပညာများ လက်ဆင့်ကမ်းရယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ခြင်းကြောင့် နှစ်နိုင်ငံအပြန်အလှန် အကျိုးရှိနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်ပါကြောင်း နှင့် မြန်မာနိုင်ငံသို့လာရောက် ရင်းနှီးမြှုပ်နှံရန် ကြိုဆိုကမ်းလှမ်းပါကြောင်း ဆွေးနွေးခဲ့ပါသည်။

Latest News: 

Pages

Subscribe to RSS - ဒေသတွင်းကုန်သွယ်မှု/လှုပ်ရှားမှုများ