ကျောက်ဆည်တွင် ဆောင်းငရုတ်သီးနှံများ စတင်စိုက်ပျိုး

Tue, 12/05/2023 - 03:58 -- mocadmin

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း၌ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိရာ ခရိုင်အတွင်း ငရုတ်စိုက်ဧက (၂၆၉) ဧက စိုက်ပျိုးထားရှိ ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ကျောက် ဆည်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ဆောင်းငရုတ်ကို စတင်စိုက်ပျိုးလျက်ရှိရာ စဉ့်ကိုင်မြို့နယ်၌ အများဆုံး စိုက်ပျိုးလျက်ရှိပြီး ကျောက်ဆည်နှင့်မြစ်သားမြို့နယ်များမှာလည်း စတင်စိုက်ပျိုးလာကြ ကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့် ဆောင်းငရုတ် တစ်ဧကလျှင် သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ကုန်ကျစရိတ် (၁၀) သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ ငရုတ်မျိုး အနေဖြင့် (၆၉၂) မျိုးကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း၊ ငရုတ်သီးပေါ်ချိန်တွင် ဈေးနှုန်းနှင့် အထွက်နှုန်းများ ကောင်းမွန်ပါက တောင်သူများ အနေဖြင့် အကျိူးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

DOCA (မန္တလေး)

Local Trade News

Pages