ရွှေဘိုမြို့၌ နှမ်းဈေးနှုန်း အနည်းငယ်မြင့်တက်

Tue, 12/05/2023 - 03:43 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ နိုဝင်ဘာလ(တတိယပတ်)မှ စတင် ၍ နှမ်းဖြူနှင့် နှမ်းနက်များ ဝင်ရောက်ခဲ့ရာ နိုဝင်ဘာလ(နောက်ဆုံးပတ်)တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ နှမ်းဖြူတစ်တင်းလျှင် (၁၁၃,၃၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀) တင်း/ တန်အားဖြင့် (၂၂) တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နှမ်းနက်တစ်တင်းလျှင် (၁၁၁,၆၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှု မှာ (၁,၀၀၀)တင်း၊ တန်အားဖြင့် (၂၄)တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နိုဝင်ဘာလ(တတိယပတ်)  နှင့် နိုဝင်ဘာလ(နောက်ဆုံးပတ်)အတွင်း အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများကို နှိုင်းယှဉ်ပါက နိုဝင်ဘာလ(တတိယပတ်)တွင် နှမ်းဖြူတစ်တင်းလျှင်(၁၁၀,၀၀ဝိ/-)ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင် (၁၀၈,၃၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် နိုဝင်ဘာလ (စတုတ္ထပတ်) တွင် နှမ်းဖြူတစ်တင်းလျှင် (၃၃၀ဝိ/-) ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင် (၃၃၀ဝိ/-) ကျပ် ဈေးနှုန်းပိုမို၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages