ဆောင်းပါးများ

အလေးချိန် အတိုင်းအတာများ နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီစေရေး ပူးပေါင်းဆောင်ရွက်

Wed, 11/09/2022 - 04:21 -- admin_ygn
Undefined

မြန်မာနိုင်ငံထုတ်ကုန်များ ပြည်ပဈေးကွက်သို့  ကျယ်ကျယ် ပြန့်ပြန့် ထိုးဖောက်ဝင်ရောက်နိုင်စေရေးအတွက် ပစ္စည်းအမျိုးအစား မှန်ကန်ခြင်းအပြင် မှန်ကန်သည့်တိုင်းတာမှုနှင့်အလေးချိန်မှန်ကန်ရန် အလွန်အရေးကြီးသည်။  မြန်မာ့စီးပွားရေးလုပ်ငန်းများသည် နာမည် ကောင်းရရှိစေရန် သမာသမတ်ကျရန် လိုအပ်သည်။သို့မှသာ စားသုံး သူများအနေဖြင့် မြန်မာ့ကုန်စည်များကို  စိတ်ချယုံကြည်စွာ စားသုံး ခြင်း၊ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာ့စီးပွားရေးအဖွဲ့အစည်းနှင့် အကျိုးတူ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ယုံကြည်မှု များ ရရှိခြင်းမှတစ်ဆင့်    ရင်းနှီးမြှုပ်နှံမှုများ   တိုးတက်လာမည်ဖြစ် သည်။
မြန်မာနိုင်ငံသည်   ဈေးကွက်စီးပွားရေးကို  ကျင့်သုံးရာတွင် နိုင်ငံတကာနှင့်ဆက်သွယ်ကုန်သွယ်ရသဖြင့်     ပြည်ပတင်ပို့သည့် ကုန်စည်များအနေဖြင့် စံနှုန်းကိုက်ညီမှု   မဖြစ်မနေ  လိုအပ်သကဲ့သို့ ပြည်တွင်းတွင် ရောင်းနေသည့်   ကုန်စည်များအတွက်လည်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများနှင့် ပြည်ပခရီး သွားလုပ်ငန်းများနှင့်ဆက်နွှယ်၍ ရောက်ရှိနေသော နိုင်ငံခြားသားများအတွက်   မိမိနိုင်ငံအတွင်းရှိ ကုန်စည်များကို ယုံကြည်မှုရှိအောင်၊ ဝယ်ယူအသုံးပြုချင်စိတ်ရှိအောင်၊ ပိုက်ဆံသုံးစွဲချင်အောင်   ဆွဲဆောင်ရာတွင်  စံနှုန်းကိုက်ညီမှုသည် လိုအပ်သည့်အချက်တစ်ချက်အနေဖြင့် ပါဝင်သည်။
မြန်မာ့သမိုင်းတွင်  သာလွန်မင်းတရားကြီးသည် အလေးချိန် ခွင်၊တင်းတောင်း စသည့်အတိုင်းအတာများကိုစနစ်ကျအောင်အရေး တယူ   ဆောင်ရွက်ခဲ့ကြောင်း မှတ်သားသိရှိရသည်။ ဗိုလ်ချုပ်အောင် ဆန်းကလည်း   လယ်သမားများအတွက်    အလွန်အရေးကြီးသော စပါးဝယ်ယူသည့် တင်းတောင်းအရွယ်အစားအမျိုးမျိုးဖြစ်နေသည် ကို မမေ့မလျော့ သုံးသပ်ပြီး စံကိုက်တင်းတောင်းဥပဒေကိုစနစ်တကျ ကျင့်သုံးဆောင်ရွက်ရန် မူဝါဒတစ်ရပ်အနေဖြင့် ချမှတ်ခဲ့ကြောင်း သိရ သည်။ သို့ဖြစ်၍ ဆံ့သောပမာဏ၏ အလေးချိန်များနှင့်အခြင်အတွယ် များဆိုင်ရာ  အက်ဥပဒေ၊ အလျားတိုင်းထွာခြင်း  အက်ဥပဒေ၊ တင်း တောင်းစံ ပမာဏအက်ဥပဒေများကို ပြဋ္ဌာန်းထားရှိပြီး ထည့်သိုစရာ ကို စစ်ဆေး၍ မှန်ကန်ကြောင်း အမှတ်အသားဖြင့် တံဆိပ်ခတ်နှိပ်ရန် အာဏာပိုင်အဖြစ် ပုဂ္ဂိုလ်တစ်ဦးဦးကို ခန့်ထားနိုင်ကြောင်း ပြဋ္ဌာန်း ထားရှိသည်။
အဆိုပါဥပဒေများနှင့်အညီ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနသည်  ကုန်စည်ဒိုင်များဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံ ဆွေးနွေးပွဲများကို  ဦးဆောင်ကျင်းပပြုလုပ်ပေးခဲ့ပြီးWeight စနစ်မှ Volume စနစ်ကို ပြောင်းလဲသုံးစွဲရေး ကြီးကြပ်ပေးခဲ့သည်။ ပြည်ပ တင်ပို့ရန်အတွက် ဆန်စပါး၊ ပဲနှမ်းအတွက် လိုအပ်သည့်အချင်အတွယ် စနစ်နှင့်ပတ်သက်၍    ပုဂ္ဂလိက အသင်းအဖွဲ့များ၊   ကုန်စည်ဒိုင်များ၊ တောင်သူလယ်သမားများ၏ အခက်အခဲများကို  ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိသည်။
စပါးကုန်သွယ်ရောင်းဝယ်ခြင်း၌ စပါး ၄၆ ပေါင် တစ်တင်းဟု သတ်မှတ်ရာတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိရမည်ဟု   သတ်မှတ် ထားရာ ကုန်သည်ပွဲစားများအနေဖြင့် ဝယ်ယူရာတွင် ပါဝင်သည့် စပါး၏ အစိုဓာတ်၊ သန့်စင်မှု၊   ဖုန်၊ သဲ၊ ခဲ ပါဝင်မှုအမျိုးမျိုးအပေါ် မူတည်၍ ပေါင် ၅၀၊ ၅၂ပေါင် တစ်တင်း  စံနှုန်းများဖြင့်  ဝယ်ယူကြရာ ဒေသအမျိုးမျိုးတွင်   စံနှုန်းအမျိုးမျိုး   ကွဲပြားနေကြပါသေးသည်။ တင်းတောင်းကို စံကိုက်မှုမရှိသဖြင့် မသေချာသော သံသယဖြင့် မိမိ ဘက်၌အရှုံးမရှိစေရန် စပါးဈေးနှုန်းကို တတ်နိုင်သမျှ နှိမ့်ချ၍ ဝယ် ယူသည့်အခါ တောင်သူလယ်သမားရရှိသည့်စပါးဈေးနှုန်းမှာ နိမ့်ကျ သွားသည်မျိုး ဖြစ်တတ်ကြသည်။  ဆန်ပြည်ပတင်ပို့ရာတွင် ပင်လယ် ရေကြောင်းမှဖြစ်စေ၊ နယ်စပ်ကုန်သွယ်ရေးမှဖြစ်စေ  ပိုမိုအဆင်ပြေ စေရေးအတွက်  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကလည်း   မြန်မာ့ ဆန်စပါး စံချိန်စံညွှန်း၊   အလေးချိန် အခြင်အတွယ်ဆိုင်ရာများအား နိုင်ငံတကာစံနှုန်းနှင့်အညီ     သတ်မှတ်ဆောင်ရွက်နိုင်ရေးစည်းရုံး ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ပတင်ပို့လျက်ရှိသော ပဲမျိုးစုံတွင်လည်း  ထုပ်ပိုးမှုအပိုင်း တွင် အလေးချိန်  အထူအပါး မတူညီသော   ပီနံအိတ်ခွံများဖြင့် ထည့်သွင်း   ထုပ်ပိုးရောင်းချနေကြရာ   နိုင်ငံတကာဈေးကွက်တွင် အဆင်မပြေကြောင်း  သိရသည်။   အိတ်ခွံအလေးချိန်ကို   ၁၂ ဒသမ ၅ကျပ်သား သတ်မှတ်သည့်ပွဲရုံ၊    ၂၅ ကျပ်သား  သတ်မှတ်သည့်ပွဲရုံ စသည်ဖြင့်အမျိုးမျိုးတွေ့ရသည်။လက်ရှိ ပီနံအိတ်ခွံ အရည်အသွေး တန်ဖိုးကို ဂရမ်အလိုက်   သတ်မှတ်ဝယ်ယူရခြင်းဖြစ်ရာ   ပဲစင်းငုံ ပဲအမျိုးအစားအတွက် အိန္ဒိယသို့တင်ပို့ရန် သတ်မှတ်ထားသည့်၁၂၀ ဂရမ် အိတ်ခွံကို သုံးစွဲကြသည်။ ပဲတစ်တင်းတွင် သတ်မှတ်ထားသည့် ပိဿာချိန် ၁၉ ပိဿာ၊ ၂၀ ပိဿာစသည်ဖြင့် ပွဲရုံများကချင်တွယ်ယူပြီး ပြည်ပ တင်ပို့ရောင်းချရာတွင် တန်ချိန်ဖြင့်သာ သတ်မှတ်ရောင်းချရ သည့်အတွက် တင်း၊ ပိဿာ၊ တန် ဆက်သွယ်ချက်များ တွက်ချက်ကြပါ သည်။ကုန်စည်ဒိုင်များအနေဖြင့်အရောင်းအဝယ်ဖြစ်သည့် ကုန်စည် များ၏ ဈေးနှုန်းများမှန်ကန်ရေး၊ ပစ္စည်းအရည်အသွေးနှင့် အမျိုး အစား မှန်ကန်ရေး၊အလေးချိန် တင်းတောင်း မှန်ကန်ရေး စသည်ဖြင့် အရောင်းအဝယ်မှန်ကန်အောင်   ဖော်ဆောင်ပေးရန်မှာ အလွန် အရေးပါသည်။ သင့်လျော်သောဈေးနှုန်း  မရရှိပါက တွက်ခြေကိုက် အောင်  မသမာမှုများနှင့် အလေးခိုးယူခြင်း၊   ပစ္စည်းအညံ့များဖြင့် ရောနှော ရောင်းချခြင်းတို့ဖြစ်ပေါ်စေသည်။   ရောင်းသူနှင့်ဝယ်သူ တို့အကြား တစ်ဖက်နှင့်တစ်ဖက်   သမာသမတ်ဖြစ်ရေးအတွက် မှန်ကန်စွာ ထိန်းကျောင်းပေးရန်လည်း လိုအပ်သည်။ မြန်မာ့လယ်ယာ ထွက်ကုန်များ ကုန်သွယ်ရောင်းဝယ်ရာတွင် စံနှုန်းထားများ၊ အလေး ချိန် အတိုင်းအတာများနှင့်ပတ်သက်၍ အလေး၊ တင်းတောင်း၊ အချိန် အတွယ်များကို တညီတညွတ်တည်းဖြစ်စေရေး အစိုးရနှင့် ပုဂ္ဂလိက အသင်း အဖွဲ့၊ ကုန်စည်ဒိုင်များ၊ တောင်သူလယ်သမားများအပါအဝင် အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အချင်အတွယ်များတွင်  စပါး၊ ပဲမျိုးစုံကို တင်း တောင်းနှင့် ချင့်တွက်၍ အထွက်နှုန်းကို ဖော်ပြရာတွင် စပါး၊ ပဲမျိုးစုံ ကို  တင်းရေဖြင့်၊ စားဖိုဆောင်သီးနှံကို   ပိဿာဖြင့်၊  သစ်သီးဝလံကို လုံးရေဖြင့် ဖော်ပြသော်လည်း  ထွက်ရှိမှုကို   ပြည်ပတင်ပို့နိုင်ရေး အတွက်   တန်ချိန်ဖွဲ့တွက်သည်။ သယ်ယူပို့ဆောင်စရိတ်  ကားတန် ဆာခကို  တစ်ပိဿာဈေးနှုန်း၊ တစ်တန်ဈေးနှုန်း စသည်ဖြင့် ကုန်စည် ပေါ် မူတည်သတ်မှတ်ကြကြောင်းတွေ့ရသည်။ လယ်တောယာတော တွင် အလေးချိန်စနစ်ကို ကူးပြောင်းရန် နေရာတိုင်းအဆင်မပြေသဖြင့် ပြည်ပတင်ပို့ခြင်းလုပ်ငန်းစဉ်တွင်   အလေးချိန်စနစ်ကို   သုံးစွဲရန် လက်ခံထားကြသည်။ မဖြစ်မနေ လိုက်နာရမည့် စံချိန်စံညွှန်းများနှင့် ဆန္ဒအလျောက် လိုက်နာရမည့် စံချိန်စံညွှန်းများအား   ခွဲခြားသတ် မှတ်ခြင်းဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာမည့်အကျိုးကျေးဇူး ရရှိမည်ဖြစ်သည်။
အခြားကဏ္ဍများကိုလေ့လာကြည့်ပါက ဆောက်လုပ်ရေးလုပ် ငန်းသုံး  သဲနှင့်ကျောက်များအား ကျင်းနှင့်ချင်သည်။ ကွန်ကရစ်အား ကုဗမီတာနှင့်တွက်သည်။ သစ်ကိုတိုင်းတာရာတွင်  အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးရော  သုံးစွဲသည်။ ထို့ကြောင့်   ဗြိတိသျှစနစ်၊ မက်ထရစ်စနစ်၊ မြန်မာ့ရိုးရာအတိုင်းအတာများကိုတွဲ၍  စုပေါင်းစပ်ပေါင်းစနစ် သုံးစွဲ ကြောင်း တွေ့ရသည်။ ထို့ကြောင့် ထုထည်ဆက်သွယ်ချက်၊အလေးချိန် အချင်အတွယ်ဆိုင်ရာ ဆက်သွယ်ချက်၊  ယူနစ်ပြောင်း ဇယားတို့ကို များစွာမှတ်သားထားရသည်။
စားသုံးဆီ ၁၀ပိဿာဝင်ပုံးဖြင့်  ဆီစက်တွင်  ဝယ်သည်၊ တစ် ပိဿာဈေးနှုန်းဖြင့်   ၁၀ ပိဿာ ကျသင့်ငွေပေးချေခဲ့သည်။ အဆိုပါ ၁၀ ပိဿာဝင်ပုံး ပါကင်ပိတ်စားအုန်းဆီ တစ်ပုံးဝယ်ယူသည်ဆိုပါက အချို့က ၁၀ ပိဿာဟုပင်ထင်သည်။ ပုံးပေါ်တွင် ၁၈ လီတာဟုဖော်ပြ ထားသည်။ အပြင်ပေါက်ဈေး   စားအုန်းဆီ   တစ်ပိဿာဈေးနှုန်းကို ၁၀ဖြင့် မြှောက်တွက်ချက်၍  မရတော့ပါ။ တံဆိပ်အမျိုးမျိုး၊ ဈေးနှုန်း အမျိုးမျိုးဖြစ်မည်။ ၁၈လီတာသည် ၁၀ပိဿာအလေးချိန်မရှိပါ။ ဈေး အတွင်းတွင် လက်လီ ဆီချင်ခွက်များဖြင့်  ရောင်းဝယ်ဖြစ်နေဆဲဖြစ် သည်။ ၂၅  ကျပ်သား   ဆီချင်ခွက်ဖြင့်   အပြည့်ထည့်ပေးလိုက် သော်လည်း ခွက်အတွင်းပြန်ကပ်ပါသွားသည်ဟုဆိုကာ ခွက်မှောက် ခွက်လှန်စနစ်ကို ပြောင်း၍ လက်လီကိုလည်း    ကတ္တားဖြင့်ချိန်တွယ် သည့်စနစ်နှင့်   ကုန်အညွှန်းအမှတ်အသားပါသော   ပါကင်စနစ်ကို ကူးပြောင်းနေပြီဖြစ်သည်။                            ရီလင်းထွဋ်(မုံရွာ)

Latest News: 

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးမြှင့်တင်မှုအစီအစဉ်များ

Wed, 11/02/2022 - 07:12 -- admin_ygn
Undefined

တရုတ်အစိုးရသည် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက် စနစ်ကို တိုးတက်အောင်ဆောင်ရွက်ပြီး နောက်တစ်ဆင့်တွင်  ကုမ္ပဏီများ၏ ပို့ကုန်သွင်းကုန်လုပ်ငန်းများ အောင်မြင်တိုးတက် စေရေးအတွက်  ပံ့ပိုးမှုများကို ဆက်တိုက်ပြုလုပ်သွားရန် စီစဉ် လျက်ရှိသည်။
ပထဝီနိုင်ငံရေးအခြေအနေများ၏  အနှောင့်အယှက်များ နှင့် ပြည်ပဝယ်လိုအားလျော့ကျမှုများ မည်မျှပင် ဖြစ်‌ပေါ်နေစေ ကာမူ မူဝါဒချမှတ်သူများနှင့် ကုန်သွယ်‌ရေးစောင့်ကြည့်သူများ  က တရုတ်၏ နိုင်ငံခြားကုန်သွယ်မှုမှာ ရေရှည်တွင် တည်ငြိမ်စွာ ဖြင့် တိုးတက်မည်ဟု ယုံကြည်မှုရှိကြသည်။ တရုတ်သည် ဤသို့ တိုးတက်နိုင်ရေးအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ ဆောင်ရေးကွင်းဆက် Global Supply Chain ကိုအဆင့်မြှင့်တင် ထားပြီး ပို့ကုန်အထူးပြုကုမ္ပဏီများအတွက်လည်း လိုအပ်သည့် အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားပြီးဖြစ်သည်။
တရုတ်၏ နိုင်ငံတကာကုန်သွယ်ရေးမှာ ပြည့်စုံပြီး ခံနိုင် ရည်ပြည့်ဝသည့်  ထောက်ပံ့ပို့‌ဆောင်ရေးစနစ်၊  နိုင်ငံခြားကုန် သွယ်မှု စနစ်သစ်များဖြစ်သည့် နယ်စပ်ဖြတ်ကျော် အီးကောမတ်စ်  စနစ်များနှင့် လွတ်လပ်သည့် ကုန်သွယ်မှုသဘောတူညီချက်များ  ကြောင့်  တည်ငြိမ်မှု ရရှိနေပြီဖြစ်ကြောင်း တရုတ်ကုန်သွယ် ရေးဝန်ကြီးဌာနမှ  ဒုတိယဝန်ကြီး  Wang Shouwen  က ဆိုခဲ့ သည်။ လာမည့်နှစ်များတွင် ကုန်သွယ်ရေးကဏ္ဍသည် အရှိန် အဟုန်ဖြင့် ဆက်လက်တိုးတက်မည်ဟု  Wang က ဆိုခဲ့သည်။
ပြည်ပ  ဝယ်လိုအား လျော့ကျမှု၊  တစ်ကမ္ဘာလုံးဆိုင်ရာ ငွေဖောင်းပွမှုများ၊ ကိုဗစ်ကပ်ရောဂါ ဂယက်များ ပထဝီနိုင်ငံရေး အ‌ခြေအနေ တင်းမာမှုများက တရုတ်၏ နိုင်ငံခြားကုန်သွယ်မှု ကို များစွာထိခိုက်ခဲ့သဖြင့် ယင်းကို  ပြန်လည်ကုစားနိုင်သည့်  နိုင်ငံခြားကုန်သွယ်မှုနှင့် ကမ္ဘာထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက် ကို မြှင့်တင်နိုင်သည့် မူဝါဒအသစ်များကို  ချမှတ်ရန်လိုကြောင်း Wang က ဆိုခဲ့သည်။
နောက်တစ်ဆင့်တွင်  ပို့ကုန်သမားများကို နိုင်ငံတကာကုန် စည်ပြပွဲများသို့ တက်ရောက်နိုင်စေရန် အထောက်အပံ့ပေးမည့် အပြင် နိုင်ငံဖြတ်ကျော် အီးကော်မတ်စ်စနစ်နှင့် ထောက်ပံ့ပို့ ဆောင်ရေးကွင်းဆက်ကို တိုးတက်မှုရရှိစေရန် အစိုးရအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ အစိုးရသည် ပံ့ပိုးကူညီမှုများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့်  စက်တင်ဘာလ‌ နှောင်းပိုင်းကစတင်၍ ပို့ကုန်သွင်းကုန်‌ ဆောင်ရွက်သည့် ကုမ္ပဏီ များ၏ လုပ်ငန်းများချောမွေ့စေရေးကို ထဲထဲဝင်ဝင် ကူညီဆောင် ရွက်ပေးလျက်ရှိသည်။
ကုန်သွယ်ရေးဝန်ကြီးဌာနအနေနှင့်လည်း  နိုင်ငံခြားကုန် သွယ်ရေး  အင်တာပရိုက်စ်များကို ကပ်ရောဂါကာကွယ်ရေး၊ စွမ်းအင်သုံးစွဲမှု၊ လုပ်သားစုဆောင်းမှုနှင့် လော်ဂျစ်စတစ် ကိစ္စရပ် များကို အကူအညီပေးရန် ၎င်းတို့၏  စာချုပ်ပါအချက်များကို အချိန်မီဖြည့်စွမ်းနိုင်ရေးအတွက်  ကူညီကြရန် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များထံသို့  တိုက်တွန်းထားပြီးဖြစ်သည်။
ထောက်ပံ့ကူညီမှုများနှင့်အတူ ၎င်း၏ အီလက်ထရွန်နစ် ထိန်းချုပ်စက်ပစ္စည်းElectromechanics လုပ်ငန်းတွင် အပြောင်း အလဲဒဏ်ခံနိုင်ရေးအတွက် အစိုးရ၏ ကူညီဆောင်ရွက်ပေးမှု ကြောင့် တရုတ်၏ နိုင်ငံခြားကုန်သွယ်မှုမှာ နှစ်အလိုက် စာရင်း များအရ ၁၀ ရာခိုင်နှုန်း တိုးတက်လာကာ ယွမ် ၂၇ ဒသမ ၃ ထရီလီယံ (ဒေါ်လာ ၃ ဒသမ ၈၁ ထရီလီယံ) အထိ ၂၀၂၂ ခုနှစ် ပထမရှစ်လအတွင်း ရရှိခဲ့ကြောင်း အကောက်ခွန်ဌာနက ထုတ် ပြန်ခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများ  သို့မဟုတ်  အခြားသော ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်ပါက တရုတ်နိုင်ငံတွင် ပြည့်စုံသည့် ထောက်ပံ့ပို့ဆောင်ရေးစနစ်ကို အားဖြည့်ပေးသည့် အစီအစဉ် ရှိပြီးဖြစ်သည်။ စွမ်းရည်အားသာချက်ကို  ကျောထောက်နောက်ခံ ပြုလျက် တရုတ်သည် အချိန်တိုအတွင်း ကုန်ပစ္စည်းများ ပေးပို့ နိုင်စွမ်းရှိပြီး ပြည်ပမှ ဖောက်သည်များ၏ ဝယ်လိုအားကိုလည်း  ကာလတိုအတွင်း ဖြည့်ဆည်းပေးနိုင်သည့် စွမ်းရည်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့်  လုပ်ငန်းစီမံမှုတက္ကသိုလ်မှ ဒုဥက္ကဋ္ဌ  Hong Junjieက ဆိုခဲ့သည်။
ဤအပြုသဘောဆောင်သည့် စိတ်ခံစားမှုကို ရိုက်ခတ် လျက် တရုတ်ဈေးကွက်သည်  ဆန်းသစ်တီထွင်မှု၊ ထောက်ပံ့ ပို့ဆောင်မှု၊ ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်တွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ  ထုတ်လုပ်သူများအတွက် ကုန်ကြမ်းဝယ်ယူမှုများ၏ စရိတ်စကများကို  သိသိသာသာ လျှော့ချနိုင်ခဲ့သည်ဟု ဘေဂျင်း အခြေစိုက် တရုတ်စက်မှုလုပ်ငန်းအသင်းချုပ်မှ  အမှုဆောင် ဥက္ကဋ္ဌ Chen Bin  က ဆိုခဲ့သည်။ ဤစရိတ်သက်သာမှုက  စုစု ပေါင်း ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်၏ အရေးကြီးသော အစိတ် အပိုင်းကို လျှော့ချပေးခဲ့သည်။
ဘေဂျင်းအ‌ခြေစိုက် အပြည်အပြည်ဆိုင်ရာ  စီးပွာရေး ဖလှယ်မှုစင်တာမှ သုတေသီLiu က တရုတ်နိုင်ငံသည် နိုင်ငံစုံနှင့် နှစ်နိုင်ငံ လွတ်လပ်စွာ  ကုန်သွယ်မှုသဘောတူညီချက်များကို ကောင်းစွာ  အသုံးချသင့်ပြီး စံနှုန်းမြင့်သည့် လွတ်လပ်သော ကုန်သွယ်မှုဧရိယာများကွန်ရက်ကို အရှိန်မြှင့် တည်ဆောက်ကာ  ပိုမိုတည်ငြိမ်ပြီး ခံနိုင်ရည်ရှိသော စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ ရေးကွင်းဆက်များကို တည်ဆောက်သင့်သည်ဟု ဆိုခဲ့သည်။
ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေးအတွက် ပြည့်စုံပြီး  တိုးတက်သော သဘောတူညီချက် (CPTPP) နှင့် ဒစ်ဂျစ်တယ် စီးပွားရေး ပါတနာရှစ်သဘောတူညီချက် (DEPA) တို့နှင့် ဆက် သွယ်ရန်ပြင်ဆင်နေစဉ်မှာပင် တရုတ်သည် နိုင်ငံပေါင်း ၂၆ နိုင်ငံ နှင့်လွတ်လပ်သောကုန်သွယ်ရေးသဘာတူညီချက်စာချုပ်  ((FTA) ၁၉ ခုကို ချုပ်ဆိုနိုင်ခဲ့သည်။ အဆိုပါနိုင်ငံများအနေနှင့် စုစုပေါင်း ကမ္ဘာ့ကုန်သွယ်ရေး၏ ၃၅ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။
တရုတ်အပြည်အပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီ၏ စက်တင်ဘာလ ထုတ်ပြန်ချက်အရ  တရုတ် ပြည်ပ တင်ပို့သူ Exportersများ၏ ယုံကြည်မှုမှာ တတိယသုံးလပတ် အတွင်းပြန်လည် မြင့်တက်လာခဲ့ပြီး ယခင်နှစ်ကာလတူ သုံးလ ပတ်ထက် တိုးတက်လာခဲ့ကြောင်း သိရသည်။ လေ့လာမှုတစ်ခု အရ  တတိယသုံးလပတ်အတွင်း  ပြည်ပပို့ကုန်သမားများ၏ ယုံကြည်မှုမှာ ၄၅ ဒသမ ၁ ရာခိုင်နှုန်းမြှင့်တက်ခဲ့ကာ စုစုပေါင်း ပြည်ပပို့ကုန်သမားများ၏ ၃၀ ရာခိုင်နှုန်းက နှစ်အလိုက် ပြည်ပ ပို့ကုန်တန်ဖိုး ယခုနှစ်အတွင်း တိုးတက်မှုရရှိမည်ဟု ယုံကြည်ကြ သည်။
တရုတ်နိုင်ငံ၏ ပို့ကုန်ဖွဲ့စည်းပုံအား သိသိသာသာ ကောင်း မွန်အောင် မြှင့်တင်ထားပြီး အီလက်ထရွန်နစ် ထိန်းချုပ်စက်ပစ္စည်း ထုတ်ကုန်များဖြစ်သော ကွန်ပျူတာများ၊ မော်တော်ကားများ၊ စမတ်ဖုန်းများနှင့် အခြားအဆင့်မြင့်ပစ္စည်းများ တင်ပို့မှုနှင့်အတူ နိုင်ငံခြားကုန်သွယ်မှု အချိုးကျ မြင့်တက်လာကြောင်း  ဘေဂျင်း အခြေစိုက် ကုန်သွယ်မှုကောင်စီ  CCPIT  က ဆိုခဲ့သည်။
ဤပုံစံက တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ပရိဘောဂနှင့်  အဝတ်အထည်များကဲ့သို့သော တန်ဖိုးနည်းထုတ်ကုန်များ ထုတ် လုပ်သည့်နေရာမှ လျှပ်စစ်ကားများနှင့် သဘာဝဓာတ်ငွေ့ရည်များ  အပါအဝင် တန်ဖိုးမြင့် စက်မှုလုပ်ငန်းများ ပံ့ပိုးပေးသူအဖြစ်သို့ ပြောင်းလဲပုံဖော်ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ခဲ့ သည်။
များပြားလှစွာသော ပြည်တွင်း ကုမ္ပဏီများသည် လာမည့်  ကာတာကမ္ဘာ့ဖလားပွဲတွင် အသုံးပြုရန် ဘောလုံးမှသည် အရုပ် များအထိ တင်ပို့နေချိန်တွင် ဂျန်ဆုပြည်နယ်တွင် လာရောက် ဖွင့်လှစ်ထားသည့် ဘတ်စ်ကားနှင့် ကုန်တင်ကား  ကုမ္ပဏီ Higer Bus အနေဖြင့် ပြီးခဲ့သည့်လက ကာတာနိုင်ငံသို့ လူစီးဘတ်စ် ၁၈၁၅ စီး တင်ပို့ခဲ့ပြီးဖြစ်သည်။ အဆိုပါကုန်စည်အားလုံးမှာ ယခု နှစ် ကမ္ဘာ့ဖလားတွင် အသုံးပြုမည်ဖြစ်သည်။
"တရုတ်ထုတ်လုပ်သူတွေဟာ ကုန်ကျစရိတ်ထိန်းချုပ်မှုနဲ့  ထုတ်လုပ်မှုပိုင်းဆိုင်ရာမှာ  ထူးခြားတဲ့  အားသာချက်တွေရှိ တာကြောင့် လျှပ်စစ်နဲ့ လောင်စာစွမ်းအင်သုံး ဘတ်စ်ကားတွေ အတွက် ပြည်ပအမှာစာ အများအပြားဟာ မကြာသေးမီနှစ်တွေ အတွင်း ကျွန်တော်တို့စက်ရုံတွေထဲကို စီးဝင်လာခဲ့ပါတယ်"ဟု ကုမ္ပဏီ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ယူနစ်အကြီးအကဲ ဃ့နည ့င က ပြောကြားခဲ့သည်။ ယခင်တင်ပို့ ရောင်းချပြီး ဘတ်စ် ကားများအပါအဝင် ကုမ္ပဏီသည် ယခုနှစ်နှောင်းပိုင်းတွင် ကမ္ဘာ့ ဖလားပြိုင်ပွဲအတွက် လူစီးကားပေါင်း အစီး ၆၀ဝ၀ ကျော် တင်ပို့ နိုင်မည်ဟု  Chen  က ပြောကြားခဲ့သည်။
References: www.asianews.network

ထွန်းသက်ထွန်း

 

Latest News: 

ဆီ(OIL)

Tue, 11/01/2022 - 05:31 -- admin_ygn
Undefined

ဆီသည် လူ့ခန္ဓာကိုယ်အတွက် အဓိကလိုအပ်သော အပူစွမ်း အင် ကယ်လိုရီကိုပေးသည်။ သက်စောင့်ဓာတ်များဖြစ်သော ဗီတာမင်အေနှင့် ဗီတာမင် ကေတို့သည်ဆီတွင် ပျော်ဝင်နိုင်သော ကြောင့် ဆီမှတစ်ဆင့် လူ၏ခန္ဓာကိုယ်က ရယူ နိုင်သည်။ကျန်းမာရေးနှင့် သုတေသီများ၏အဆိုအရ လူတစ်ဦးသည် တစ်နှစ်လျှင် ဆီပေါင် ၄၆ ပေါင်ခန့် စားသုံးသင့်သည်။ မြန်မာနိုင်ငံတွင်စားသုံးဆီအဖြစ် မြေပဲ ဆီနှင့် နှမ်းဆီကိုအသုံးများ၍ နောက်ပိုင်းတွင် ပြည်ပမှ အရည်အသွေး စစ်ဆေး၍ တင်သွင်းသော  စားအုန်းဆီ (Plam Oil) တို့ကို စားသုံးကြသည်။
ဝါစေ့ဆီ၊ နေကြာဆီ၊ ဖွဲနုဆီနှင့် ပဲပိစပ်ဆီတို့ကိုလည်း အနည်း အကျဉ်း အသုံးပြုသည်။ တချို့နိုင်ငံများတွင်   ပဲပုပ်ဆီ ၊ မုန်ညှင်းဆီ၊ ပြောင်းဖူးဆီနှင့် အုန်းဆီကဲ့သို့  အသီးအရွက်မှရသောဆီများအပြင် နွားနို့မှရသော  ထောပတ်၊ ဒိန်ခဲနှင့် ငါးကြီးဆီများကိုလည်း စားအုန်း ဆီအဖြစ် ပြုပြင်စားသုံးကြသည်။ ဆီနှင့်ပတ်သက်၍ အတတ်ပညာ ထွန်းကားလာသည့်အလျောက် ဆီကိုသန့်စင်ခြင်း (Refining)၊ ဆီ အမျိုးမျိုးကို  ရောစပ်ခြင်း (Blending)နှင့် ဆီခဲပြုလုပ်ခြင်း (Hy dro-genation))တို့ပြုလုပ်၍ ထုတ်လုပ်စားသုံးလာကြသည်။
ဆီ၏ အခြေခံရူပဖွဲ့စည်းမှုအရ ယေဘုယျအားဖြင့်25.C တွင် အရည်အဖြစ်လည်းကောင်း၊ အခဲ (fat) အဖြစ်လည်းကောင်း၊ အရည် နှင့် အခဲတွဲ၍လည်းကောင်း တည်ရှိသည်။ ကောင်းမွန်သော စားသုံး ဆီ၏ အရည်အသွေးမှာ လူ့ခန္ဓာ ကိုယ်  အစိတ်အပိုင်းအား အဆိပ်အတောက်မဖြစ်စေရ။ အရသာရှိ၍ ခံတွင်းတွေ့စေရမည်။ စားသုံး ရာတွင် အာဟာရဓာတ်ပြည့်စုံရမည်။ သင့်လျော်မှန်ကန်သော  ဓာတု ဖွဲ့စည်းမှုရှိရမည်။ ရုပ်သဘာဝအရည်အသွေးပြည့်ဝရမည်။ကောင်းမွန်သော စားဆီများ၏အရောင်သည်  အဝါဖျော့ဖျော့မှ အဝါအရင့် ရောင်ရှိပြီး သန့်စင်ခြင်းမပြုရသေးသော ဆီကြမ်း(Crude Oil)များ တွင် အနီရောင်၊ အညိုရောင်နှင့် အစိမ်းရောင်များ ရောနှောနေတတ် သည်။ဆီများထုတ် လုပ်ရာတွင် တိရစ္ဆာန်၏ ဆီပါဝင်နေသော  တစ် သျှူး(Tissue)အပိုင်းတွင်   ရေနှင့် ဆီရောနှောနေ၍ အပူပေးခြင်း (Rendening)နည်းဖြစ် ရရှိနိုင်သည်။   ဆီပါရာခိုင်နှုန်းများသော ပဲ၊ နှမ်းများကို ညှစ်ထုတ်သောနည်းဖြင့် ဆီထုတ်၍ ရ သည်။ သို့သော် ဆီ ပါရာခိုင်နှုန်း အလွန်နည်းသော ဖွဲနု၊ ပဲပုပ်တို့ကို ချူထုတ်သော နည်း (Solvent Extraction) နည်းစဉ်ဖြင့်သာဆီထုတ်နိုင်သည်။ ဖွဲနုသည်အမှုန်ဖြစ်၍ ဆီထွက်ကောင်းမွန်ရန်   ပြုပြင်ခြင်း (Pretreatment) လုပ်ရန် လိုသည်။ အတုံးအခဲပြုလုပ်စက်(Pelletizer) ဖြင့် အတုံး ပြုလုပ်၍ ဆီထုတ်ရာတွင်ဆီပိုမိုထွက်ရှိကြောင်း၊နည်းပညာအရ ဖွဲနုကိုပြုပြင်ပြီးမှသာဆီထုတ်လုပ်နိုင်သည်။ ဖွဲနုဆီ၊ ပဲပုပ်ဆီ ထုတ်လုပ်ပုံ အဆင့်ဆင့်အား အခါအခွင့် သင့် လျှင် တင်ပြပေးပါမည်။တိရစ္ဆာန်မှရရှိသောဆီ၊ အမဲဆီ၊ ဝက်ဆီသည် ပြည့်ဝဆီအဓိက ပါဝင်၍ ကျန်းမာရေးအတွက်  မသင့်တော်ပေ။ သို့သော် ငါးမှ ရသော ဆီသည်မပြည့်ဝဆီများဖြစ်၍ ကျန်းမာရေးအတွက် အထောက်အကူ ပြုနေ သည်။ အပင်မှရသော ဆီများတွင် အသီး၊ အစေ့နှင့်အရွက်များ မှ အဓိကထုတ်ယူရရှိ၍ ဖက်တီးအက်စစ် သုံးမျိုးကိုတွေ့ရှိရသည်။ ယင်းတို့မှ ပြည့်ဝဆီ (Saturated Fatty Acid)) နှင့်   ပေါ်လီ မပြည့်ဝဆီ (Poly Unsaturated Fatty Acid) ဟူ၍ကွဲပြားသွားသည်။ ဥပမာ- စားအုန်းဆီ၊ အုန်းဆီများသည် ပြည့်ဝဆီ  ပိုမိုများပြားပါဝင်လျက်ရှိ သည်။ ကျန်းမာရေးရှုထောင့်အရ ပြည့်ဝဆီသည် ကျန်းမာရေးကို ထိခိုက်စေနိုင်၍   မပြည့်ဝဆီသည် ကျန်းမာရေးကို အထောက်အကူ ပြုသည်။ စားအုန်းဆီတွင် ပြည့်ဝဆီနှင့် မပြည့်ဝဆီ ၅၀ ရာခိုင်နှုန်းခန့်ပါဝင်သဖြင့် စားအုန်းဆီ  ထုတ်လုပ်သောနိုင်ငံများသည် ဆီအား အထူးသန့်စင်သော ဆီစစ်ကိရိယာများ၊ မလိုအပ်သော အပိုင်းများကို ဖယ်ရှား၍ ထုတ်လုပ် ထား သ ဖြင့် Cloud Point 8  အောက်ရှိသော အထူးဆီများသည် ကမ္ဘာတစ်ဝန်း စားသုံးမှုထောက်ခံချက်ရနေသည်။
ညှစ်ထုတ်၍ရသောပဲဆီ၊ နှမ်းဆီများကို တိုက်ရိုက်စားသုံးနိုင် သော်လည်း ဆီပါရာခိုင်နှုန်း   အလွန်နည်းသော (ပျမ်းမျှ ၁၀-၁၅) ပါဝင်သည့် ဖွဲနု၊ ပဲပုပ်ဆီများသည် (Solvent Extraction) နည်းစဉ်ကို အသုံးပြုသဖြင့် ရရှိသောဆီကြမ်း သည် လေ၊အပူချိန်နှင့် ဖိအားများ ကြောင့်အချဉ်ဓာတ်တတ်ပါသည်။ ထိုအချဉ်ဓာတ်ကို ဓာတုနည်းစဉ် ဖြင့် အချဉ်ချွတ်ခြင်း၊ အရောင်ချွတ်ခြင်းနှင့် အနံ့ချွတ်ခြင်းများ ပြုလုပ် ပြီး စားဆီသန့်ကိုထုတ်လုပ်ရသည်။ အသေးစိတ်ကို အလျင်း သင့်သလိုတင်ပြပါမည်။ ယခုအခါ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ဆီပါရာနှုန်းများသော ဆီများထုတ်လုပ်မှုမှရရှိသော ဆီထုတ်ဖတ် အားထပ်မံ၍ Solvent Extraction နည်းဖြင့်  ဆီထုတ်လုပ်ကြသဖြင့် စီးပွားရေးအတွက် တွက်ခြေကိုက်သည်။
နိုင်ငံခြားမှ တင်သွင်းသောဆီများ၊ ပြည်တွင်းမှထုတ်လုပ်သော ဆီများကို အစားအသောက်ကွပ်ကဲရေးဌာန၊ စစ်ဆေးရေးဌာနများမှ လိုအပ်သော Acid Value, Peroxide Value, Cloud Point  စသည့် စစ်ဆေးမှုအမျိုးမျိုးကို စစ်ဆေး ပြီးမှသာ စားသုံးသူထံရောက်ရှိသဖြင့် ကျန်းမာရေးရှုထောင့်နှင့်အညီ  စားသုံးနိုင်ကြသည်။  မည်သည့်ဆီ ကောင်းဆီသန့်ကိုမဆို အကောင်းဆုံး   ကျန်းမာရေးရှုထောင့်တစ်ခု အနေဖြင့် စားသုံးမှုပမာဏကို   လိုအပ်သည့်အောက် လျှော့ စားခြင်း ဖြင့် ကျန်းမာရေးအတွက် အဓိကအချက်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။
ကျော်ဝင်း(ဝဉ)

Latest News: 

ကုန်သွယ်မှုကို ပိုမိုခက်ခဲစေခြင်းနှင့် ကုန်ကျစရိတ် ပိုမိုများပြားစေခြင်းအကြောင်း

Thu, 10/27/2022 - 04:57 -- admin_ygn
Undefined

ကုန်သွယ်မှုထိန်းကျောင်းသော အစီအမံ ဆိုသည်မှာ အပြည် ပြည်ဆိုင်ရာ  ကုန်သွယ်ရေးကို ကန့်သတ်သော အစိုးရ၏  မူဝါဒများဖြစ်သည်။ ကုန်သွယ်မှု  အဟန့်အတားများက ကုန်သွယ်မှုကို ပိုမိုခက်ခဲပြီး  ကုန်ကျစရိတ် ပိုမိုများပြားစေနိုင် သကဲ့သို့ ကုန်သွယ်မှုကို လုံးဝပိတ်ပင်စေနိုင်သည်။
ထိန်းကျောင်းသော အစီအမံများ
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတွင် ကုန် သွယ်မှုကိုထိန်းကျောင်းသော အမျိုးအစား ခြောက် မျိုးကို တွေ့ရလေ့ရှိသည်။ ၎င်းတို့မှာ အကောက်ခွန် အဟန့်အတား (Tariff barriers)၊ အကောက်ခွန် မဟုတ်သောအဟန့်အတား (Non-tariff barriers)၊ ခွဲတမ်းသတ်မှတ်တင်သွင်းခွင့်ပြုခြင်း (Quotas)၊ ဆန္ဒအလျောက် ပို့ကုန်ကန့်သတ် ခြင်း (Voluntary Export Restraint-VER)၊ ထောက်ပံ့ကြေးပေးခြင်း (Subsidies)နှင့် ကုန်သွယ်မှုပိတ်ပင်ခြင်း (Embargo) တို့ဖြစ်သည်။သွင်းကုန်အပေါ်တွင် ကောက်ခံသောအခွန် ကို အကောက်ခွန် အဟန့်အတားဟုခေါ်ဆိုသည်။ အကောက်ခွန် ကောက်ခံခြင်းက သွင်းကုန်များ၏ ဈေးနှုန်းကို ကြီးမြင့်စေပြီး  ပြည်တွင်းဈေးကွက် အတွင်း   သွင်းကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေသည်။အကောက်ခွန်မဟုတ်သော အဟန့်အတား  များတွင် ကုန်သွယ်မှုကို ပိုမိုခက်ခဲစေသော စည်း မျဉ်းစည်းကမ်းများ  (Rules and regulations)  ပါဝင်သည်။ ဥပမာအားဖြင့် နိုင်ငံခြားကုမ္ပဏီများ သည် ရှုပ်ထွေးသော ကုန်ထုတ်လုပ်မှုဥပဒေများ Manufacturing Laws)လိုက်နာနေရပါက ကုန် သွယ်မှုအတွက် အခက်အခဲဖြစ်စေနိုင်သည်။ကိုတာ (Quota) ) ဆိုသည်မှာသွင်းကုန်အရေ အတွက်ကို ကန့်သတ်ခြင်းဖြစ်သည်။VERသည်Quota  နှင့် ဆင်တူသည်။ VER ဆိုသည်မှာ ကုန် သွယ်သော   နိုင်ငံအချင်းချင်း  သွင်းကုန်အရေ အတွက် ကန့်သတ်ရန် သဘောတူထားခြင်းဖြစ်သည်။ထောက်ပံ့ကြေးဆိုသည် မှာယှဉ်ပြိုင်အား သာချက် (Competitive advantage) ရှိစေရန် ပြည်တွင်းလုပ်ငန်းများအား အစိုးရကပေးသော ထောက်ပံ့ကြေးဖြစ်သည်။ ကုန်သွယ်မှုပိတ်ပင်ခြင်း ဆိုသည်မှာ သတ်မှတ်ထားသော နိုင်ငံတစ်နိုင်ငံမှ တင်သွင်းမည့် သွင်းကုန်များကို လုံးဝပိတ်ပင်ထား ခြင်းဖြစ်သည်။
ဖြစ်ရပ်မှန် နမူနာများ
ပထမဖြစ်ရပ်မှာ တရုတ်နိုင်ငံ၏ သွင်းကုန်        ခွန်လျှော့ချခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် တရုတ် နိုင်ငံသည် စကော့ဝီစကီ (Scottish Whiskey) ) ကဲ့သို့သော ပြည်ပဇိမ်ခံကုန်စည်များ တင်သွင်းမှု အပေါ် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ အခွန် လျှော့ချ ကောက်ခံခဲ့သည်။ဒုတိယဖြစ်ရပ်မှာ ၂၀၁၈ ခုနှစ်တွင် တောင် ကိုရီးယား အဝတ်လျှော်စက်  တင်သွင်းမှုအပေါ် အမေရိကန်ပြည်ထောင်စု၏   အခွန်တိုးမြှင့် ကောက်ခံခြင်းဖြစ်သည်။      အမေရိကန်နိုင်ငံမှ ကုန်သွယ်ရေးကော်မရှင်   (International Trade Commission) သည် အဝတ်လျှော်စက် တင်သွင်း မှုအပေါ် အခွန် ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့်ကောက်ခံ ရန်  အကြံပြု  ထောက်ခံခဲ့သည်။ အထူးသဖြင့် တောင်ကိုရီးယားနိုင်ငံရှိ  LG  နှင့်  Samsung ကုမ္ပဏီများက ထုတ်လုပ်သော အဝတ်လျှော်စက် များ တင်သွင်းမှုအပေါ် အခွန်တိုးမြှင့် ကောက်ခံ ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်  LG ကုမ္ပဏီသည် ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ဈေးနှုန်းလျှော့ချ ပြီး အဝတ်လျှော်စက် အမြောက်အမြားကို အလုံး အရင်းဖြင့် အမေရိကန်ဈေးကွက်အတွင်း ရောင်း ချနေသည်ဟု ကော်မရှင်က ယူဆသောကြောင့်ဖြစ် သည်။ ဤဖြစ်ရပ်အတွက် အမေရိကန် အဝတ် လျှော်စက်ထုတ်လုပ်သောကုမ္ပဏီဖြစ်သည့် Whirlpool ကတောင်ကိုရီးယား  ကုမ္ပဏီအား တရားစွဲခဲ့သည်။တတိယဖြစ်ရပ်မှာ ဥရောပသမဂ္ဂမှ နုတ် ထွက်ပြီးနောက်ပိုင်း ပြောင်းလဲလာသည့် ယူကေ (ဗြိတိန်)  နိုင်ငံ၏  အကောက်ခွန်များ (Custom duties) ဖြစ်သည်။ ယူကေနိုင်ငံသည် ဈေးကွက် တစ်ခုတည်း ((Single Market) ) ဖြစ်သည့် ဥရောပ သမဂ္ဂမှ နုတ်ထွက်ခဲ့သောကြောင့်ပို့ကုန် သွင်းကုန် ဆိုင်ရာ   အကောက်ခွန်ပုံစံနှင့်   စည်းမျဉ်းများ (Custom  forms  and  regulations)  ကို ပြင်ဆင်ရ သည်။ အဆိုပါ အကောက်ခွန်စည်းမျဉ်းစည်းကမ်း များက ကုန်သွယ်မှုအတွက် သိသိသာသာ အဟန့် အတား ဖြစ်စေသည်။စတုတ္ထအချက်မှာ အကောက်ခွန်နည်းသော စားသောက်ကုန် တင်သွင်းမှုအပေါ်  ကိုတာသတ် မှတ်ခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ (European Union-EU)  သည် အကောက်ခွန်တိုးမြှင့် ကောက် ခံခြင်းမရှိဘဲ အချို့သော စားသောက်ကုန်များကို ခွဲတမ်း (ကိုတာ) သတ်မှတ် တင်သွင်းခွင့်ပြုခဲ့သည်။ပဉ္စမအချက်မှာ  အမေရိကန်နိုင်ငံသည် VERအသုံးပြု၍ ဂျပန်ကားများ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် အမေရိကန်ပြည် ထောင်စုသည် ဆန္ဒအလျောက် ပို့ကုန်ကန့်သတ် သော သဘောတူညီချက်(Voluntary restraint agreement) ကို အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါသဘောတူညီချက်အရ ဂျပန်နိုင်ငံမှ အမေ ရိကန်နိုင်ငံသို့ နှစ်စဉ်  တင်ပို့နေသော ကားအရေ အတွက်ကို  ၁ ဒသမ ၆၈ သန်းသာ  တင်ပို့ရန် သတ်မှတ်ကန့်သတ်ခဲ့သည်။ဤကဲ့သို့  အမေရိကန်နိုင်ငံ၏ မော်တော်ကားတင်သွင်းမှု ကန့်သတ်လိုက်ခြင်းကဂျပန်မော်တော်ကားတင်ပို့သူများအတွက် အမြတ်ပိုမို ရရှိစေခဲ့သည်။  အဘယ်ကြောင့်ဆိုသော် အရေ အတွက် ကန့်သတ်ခြင်းက မော်တော်ကားဈေးနှုန်း ကို မြင့်တက်စေသောကြောင့်ဖြစ်သည်။ ဤပို့ကုန်ကန့်သတ်သော သဘောတူညီချက်၏ နောက်ထပ် အကျိုးဆက်တစ်ခုမှာ ဂျပန်ကားကုမ္ပဏီများသည် အမေရိကန်နိုင်ငံအတွင်း မော်တော်ကားတပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်း ကိုစတင်ခဲ့ကြသည်။ ထို့ပြင်ဂျပန်ကားကုမ္ပဏီများသည်အမေရိကန်ကားကုမ္ပဏီများနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်၍ ပို့ကုန်ကန့်သတ်ချက်များကို ကျော်လွှားခဲ့ကြသည်။နောက်ထပ်ဖြစ်ရပ်နမူနာတစ်ခုမှာ ဥရောပသမဂ္ဂ၏ တောင်သူလယ်သမားများ အားထောက်ပံ့ ကြေးပေးခြင်းဖြစ်သည်။  ၂၀၁၉ ခုနှစ်တွင် ဥရောပသမဂ္ဂသည် တောင်သူလယ်သမားများအား ပေါင်၃၉ဘီလီယံ တိုက်ရိုက်ထောက်ပံ့ကြေးပေးခဲ့သည်။  ဤသို့ထောက်ပံ့ကြေးပေးခြင်းက ဥရောပသမဂ္ဂ၏  စိုက်ပျိုးရေးပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေသည် ထို့ပြင်ဥရောပသမဂ္ဂရှိ တောင်သူလယ်သမားများအတွက်လည်းကုန်သွယ်မှုမှ အကျိုးအမြတ် ရရှိစေသည်။ နောက်ဆုံးဖြစ်ရပ်တစ်ခုမှာ အမေရိကန် နိုင်ငံကကျူးဘားနိုင်ငံအပေါ်ကုန်သွယ်ရေး ပိတ်ပင်ခြင်းဖြစ် သည်။ များသောအားဖြင့်နိုင်ငံရေးရည်ရွယ်ချက်အတွက် ကုန်သွယ်ရေးပိတ်ပင်ခြင်း(Embargo)ကိုဆောင်ရွက်လေ့ရှိသည်။ယခင်ကျူးဘားနိုင်ငံသမ္မတဖီဒယ်ကက်စထရို(၁၉၅၉-၂၀ဝ၈)အာဏာရရှိပြီးနောက်အမေရိကန်နိုင်ငံ သည် ကျူးဘားနိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ပင် ခြင်းကို ချမှတ်အကောင်အထည်ဖော်ခဲ့သည်။                     
Source: economichelp.org

သိန်းမြင့်ဝေ

 

Latest News: 

အကျိုးအမြတ်ကောင်းလျက်ရှိသည့် ကြက်သွန်နီ

Wed, 10/26/2022 - 10:02 -- admin_ygn
Undefined

ကြက်သွန်နီဆိုလျှင်   မြန်မာများက  စားဖိုဆောင်သီးနှံအဖြစ် မှတ်ယူကြသည်။ စားဖိုဆောင်သီးနှံဖြစ်သည်မှာ  မှားသည်ဟု မဆို နိုင်ပါ။ သို့ရာတွင် ကြက်သွန်နီသည်  မူလဇာစ်မြစ်မှာ  ဟင်းသီးဟင်း ရွက်ဟုဆိုနိုင်ပါသည်။ ဟင်းသီးဟင်းရွက်ဝင်ဆိုသည့်အတိုင်း  ပုပ်သိုး ပျက်စီးလွယ်ပါသည်။သဘာဝပတ်ဝန်းကျင်အတိုင်းဆိုလျှင် ကြာရှည် အထားမခံပါ။  မြန်မာနိုင်ငံတွင်  ရိုးရာဓလေ့အားဖြင့် ဝါးကြမ်းခင်း၊ ဝါးထရံကာဖြင့်   သိုလှောင်ထားလေ့ရှိပြီး   တစ်နှစ်သိုလှောင်ထားသို လေ့ရှိသည်။    ဆောင်းကြက်သွန်နီသည်  မတ်လတွင်   ထွက်ရှိပြီး သိုလှောင်လေ့ရှိကြသည်။ မြန်မာနိုင်ငံတွင် အရည်အသွေးအကောင်း ဆုံး ကြက်သွန်နီဟု သတ်မှတ်ထားသည့်  ကြက်သွန်နီမှာ   မြစ်သား ကြက်သွန်နီဟု သိရှိကြသည်။  
ထို့နောက် စိုက်ပျိုးသည့်ဒေသများကိုလိုက်၍  ဆိပ်ဖြူကြက် သွန်နီ၊ မြင်းခြံ၊  တောင်သာ ကြက်သွန်နီများ၊ မုံရွာကြက်သွန်နီများ စသည်ဖြင့် ကွဲပြားကြသည်။   မိတ္ထီလာဘက်ကလည်း ကြက်သွန်နီ ထွက်ရှိသည်။ ယခုနှစ်တွင်  ကြက်သွန်နီဈေးများ  မြင့်တက်လာသည်မှာ  လက်ကားဈေးကွက်တွင်  တစ်ပိဿာလျှင် ၂၅၀ဝ ကျပ်နှင့်  ၃၀ဝ၀ ကျပ်ကြားသို့  ရောက်ရှိလာသည်ဟု ဆိုနိုင်သည်။ ယခင်နှစ်က  တစ် ပိဿာလျှင် ၅၀ဝ ကျပ်ဝန်းကျင်သာရှိသည့်  ကြက်သွန်နီမှာ ယခုနှစ် တွင် အကျိုးရှိသည်ဟု ဆိုနိုင်ပါသည်။  ကြက်သွန်နီကို   စိုက်ပျိုးထုတ် လုပ်သည့်အရေအတွက်မှာ မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးသည် ထက် ပိုလျှံသည့်အရေအတွက်ရှိသဖြင့်   ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိလျှင် သို့မဟုတ်  တင်ပို့မှုနည်းလျှင် ပြည်တွင်း ဈေးမတက်သဖြင့်  တောင်သူများ အမြတ်နည်းခြင်း၊အရှုံးပေါ်ခြင်းများကြုံရလေ့ရှိသည်။ ထို့ကြောင့်ပင်  ကြက်သွန်နီစိုက်ရသည်မှာရသည်ထက်  ကုန်သည်က များသကဲ့သို့ ရှိသည်။   ယခုနှစ် ကြက်သွန်နီ  စိုက်မည့်သူများအနေဖြင့် ဒီဇယ်ဆီဈေးကြီးသည့်အချက်နှင့်    မြေသြဇာဈေးကြီးသည့်အချက် များကြောင့် စိုက်ပျိုးထုတ်လုပ်စရိတ်ကြီးမြင့်မှုကို  ကြုံရမည်ဖြစ်သဖြင့်  ရောင်းချထားသော   ကြက်သွန်နီဖိုးများကို  ပြန်ရင်းနိုင်ရေး ချန်လှပ်ရ ဦးမည်မှာ သေချာသည်ဟု ဆိုနိုင်ပါသည်။

မြန်မာ့ကြက်သွန်နီ တင်ပို့မှုအခြေအနေ
ကြက်သွန်နီ၏  HS Code ကိုကြည့်လျှင်  070310 Onion and Shallot ကို ဖော်ပြထားကြောင်း တွေ့ရသည်။   မြန်မာ့ကြက်သွန်နီကို ပုံမှန်အားဖြင့် နှစ်စဉ်တင်ပို့လေ့ရှိသည်မှာ  မူဆယ်မှတစ်ဆင့် တရုတ် နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် တင်ပို့ခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့လည်း မြဝတီမှတစ်ဆင့် တင်ပို့လေ့ရှိသည်။ ယခုဘဏ္ဍာ နှစ် ၂၀၂၂ခုနှစ်  ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ တင်ပို့မှုကို ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရပါသည်-
တရုတ်နိုင်ငံသို့  တန်ချိန် ၉၀ဝ၀ ကျော် တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ နှစ်သန်းကျော်၊ ထိုင်းနိုင်ငံသို့      တန်ချိန် ၅၄၀ဝ၀ ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၁သန်း နီးပါး၊ ဘင်္ဂလားဒေ့ရှ်သို့ တန်ချိန် ၇၀ခန့်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ  တစ်သောင်း ကျော် တင်ပို့ခဲ့သည်။
အဆိုပါ သုံးနိုင်ငံစုစုပေါင်းတင်ပို့မှုမှာ တန်ချိန် ၆၅၀ဝ၀ ခန့်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၃ သန်းကျော်ရှိသည်။ ကြက် သွန်နီကို ယခုနှစ်တွင် တရုတ်နယ်စပ်မှ တင်ပို့မှုထက်  ထိုင်းနိုင်ငံသို့ တင်ပို့မှုက ပိုမိုများပြားသည်ကို တွေ့နိုင်ပါသည်။ အချို့နှစ်များတွင် တရုတ်၊ ထိုင်းနှင့်ဘင်္ဂလားဒေ့ရှ်မှ   တစ်ပြိုင်နက် ဝယ်ယူမှုများပြား သောနှစ်များတွင်  တစ်နှစ်အတွင်း   တန်ချိန်တစ်သိန်းကျော်အထိ တင်ပို့ခဲ့ရသည်ကို တွေ့ရသည်။  ပုံမှန်တင်ပို့လျက်ရှိသော   နိုင်ငံမှာ အဓိကနှစ်နိုင်ငံဖြစ်ပြီး တရုတ်နှင့်ထိုင်းနိုင်ငံတို့ဖြစ်ကြသည်။ ဘင်္ဂ လားဒေ့ရှ်နိုင်ငံအနေဖြင့်  အိန္ဒိယနိုင်ငံဘက်မှ  ကြက်သွန်နီမှာ  ဈေး သက်သာသဖြင့် အိန္ဒိယဘက်မှ အဓိကဝယ်ယူလေ့ရှိပြီး အိန္ဒိယနိုင်ငံ ဘက်မှ တင်ပို့မှုတွင်  လျော့နည်းလျှင်   ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ ကြက်သွန်နီများကို စစ်တွေဘက်မှတစ်ဆင့် ဝယ်ယူလေ့ ရှိသည်။ ယခင်နှစ်များက ရောင်းချမှုများကို  ပြန်ကြည့်လျှင်၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် (၂၀၁၈ အောက်တိုဘာ ၁ ရက် မှ ၂၀၁၉ ခုနှစ် စက် တင်ဘာ ၃၀ ရက်အထိ)တွင် တန်ချိန် ၈၇၈၀ဝ ကျော်၊  တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၂၀ဒသမ ၃၁သန်း၊၂၀၁၉-၂၀၂၀ဘဏ္ဍာ နှစ် (၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ်  စက်တင် ဘာ ၃၀ ရက်အထိ)တွင်  တန်ချိန် ၁၃၃၅၀ဝကျော်၊  တန်ဖိုးအားဖြင့် ၅၁သန်းကျော် ရရှိခဲ့သည်။၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်(၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်ထိ)တွင် တန်ချိန် ၂၅၂၃၀ဝ ကျော်၊ တန်ဖိုးအားဖြင့် အမေရိ ကန် ဒေါ်လာ ၄၅ သန်းကျော်)ဖိုး တင်ပို့ခဲ့ကြောင်းတွေ့ရသည်။
ယခုနှစ်တွင် ရောင်းချနိုင်သည့် အရေအတွက်နည်းသော်လည်း တစ်တန်  တန်ဖိုးမှာ ယခင်နှစ်ထက် နှစ်ဆမျှရှိသည်ကို တွေ့ရသည်။ ပြည်ပတင်ပို့ရေးတွင်  ကြက်သွန်နီသည် ပြည်တွင်းသုံးထက်  နှစ်စဉ် ပိုမိုသဖြင့် တောင်သူကုန်သည် အကျိုးရှိမည့်  ပြည်ပတင်ပို့ရေးကို နည်းလမ်းပေါင်းစုံ စဉ်းစားကူညီပေးနိုင်မည်ဆိုပါက   ကြက်သွန်နီ တင်ပို့ခြင်းမှ နိုင်ငံခြားဝင်ငွေလည်း တိုးတက်ရရှိလာနိုင်ပါသည်။ ယခု အခါ ကြက်သွန်နီ၏ဈေးနှုန်းမှာ ပြည်ပတင်ပို့ရာတွင်လည်း  ပိုမိုရရှိ လာသဖြင့် ယခင်တင်ပို့မှုမှရရှိသည့်   နိုင်ငံခြားငွေသန်း ၅၀ခန့်မှ  ပိုမို ရရှိရေးကို ဦးတည်ဆောင်ရွက်သင့်သည်ဟု ယူဆမိပါသည်။

ကမ္ဘာ့ကြက်သွန်နီအခြေအနေ
ယခင်နှစ် ၂၀၂၁ခုနှစ်တွင် ကမ္ဘာပေါ်၌ ကြက်သွန်နီအများဆုံး တင်သွင်းသည့်နိုင်ငံမှာ နယ်သာလန်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၄၃ သန်းဖိုးအထိ တင်ပို့ထားသည်။   အများဆုံးတင်ပို့သောနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်သည်ဟုသိရပြီး   အမေရိကန်ဒေါ်လာ ၅၃၈ သန်းဖိုး တင်ပို့ထားသည်။ ဒုတိယမှာ  အိန္ဒိယနိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ ၄၄၉ သန်းကျော်ဖိုး  တင်ပို့ထားသည်။  တတိယမှာ တရုတ် နိုင်ငံဖြစ်ပြီး  အမေရိကန်ဒေါ်လာ ၄၃၅ သန်းဖိုး   တင်ပို့ထားသည်။ ထို့နောက်  စတုတ္ထတင်ပို့သည့်နိုင်ငံမှာ  မက္ကဆီကိုနိုင်ငံဖြစ်သည်။  အများဆုံးစိုက်ပျိုးထုတ်လုပ်သောနိုင်ငံမှာ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင်  တင်ပို့မှုတန်ဖိုးအားဖြင့်  အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၆ဘီလီယံ အထိရှိပြီး တစ်ကမ္ဘာလုံးတင်သွင်းသည့် တန်ဖိုး မှာ အမေရိကန်ဒေါ်လာဖြင့် ၃ ဒသမ ၇၉ ဘီလီယံရှိသည်ဟု သိရသည်။ စိုက်ပျိုးထုတ်လုပ်မှုပေါင်းမှာ တစ်ကမ္ဘာလုံးတွင် တန်ချိန် ၁၀၄ ဒသမ ၅၃ သန်းရှိသည်ဟု သိရသည်။   တင်သွင်းမှုများကိုကြည့် လျှင် အမေရိကန်၊ အင်ဒိုနီးရှား၊ ဂျာမနီ၊ ဗီယက်နမ်၊ မလေးရှားနှင့် အခြားသော ဥရောပနိုင်ငံများနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့   ပါဝင်သည်။ အာရှမှနိုင်ငံများဖြစ်သော  အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်တို့သည်  အများအပြား  တင်သွင်းသောနိုင်ငံ များဖြစ်သကဲ့သို့  ၂၀၁၇ မှ ၂၀၂၀ အထိ ပြန်ကြည့်လျှင် ကြက်သွန်နီကို တိုးတက်တင်သွင်းလာသည်ကို တွေ့နေရသည်။    ယခုအချိန်တွင် အိန္ဒိယနိုင်ငံမှ  လယ်ယာထွက်ကုန်များ   တင်ပို့မှုကျဆင်းလျက်ရှိ သဖြင့် အိန္ဒိယနိုင်ငံ၏ ဈေးကွက်များကို ဗီယက်နမ်အပါအဝင် အာရှ နိုင်ငံများက   ဈေးကွက်ထိုးဖောက်ရန်   ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။   မြန်မာနိုင်ငံအနေဖြင့်လည်း    အဆိုပါနိုင်ငံများသို့ ရောင်းချနိုင်ရေးကို ကြိုးပမ်းနိုင်လျှင် တင်ပို့မှုတိုးတက်လာပြီး ကြက် သွန်နီ၏အခန်းကဏ္ဍသည်လည်း   ပြည်ပတင်ပို့သည့်သီးနှံများတွင် ပိုမိုထင်ရှားလာမည်ဖြစ်ပါသည်။          (ဆက်လက်ဖော်ပြပါမည်။)

မျိုးသူ(ကုန်သွယ်မြှင့်)

Latest News: 

''သင်္ဘောသားတွေကို ပြောချင်တာက ကိုယ့်ဆီ ပိုက်ဆံရောက်လာပြီဆိုလို့ရှိရင် ၂၁ ရက်အတွင်း ကိုယ်ကြိုက်တဲ့ဈေးနဲ့ မြန်မြန်ရောင်းပါ''

Wed, 10/12/2022 - 07:34 -- admin_ygn
Undefined

မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင်နှင့်တွေ့ဆုံမေးမြန်းခြင်း

ပြည်တွင်းတွင် ပင်လယ်ကူးသင်္ဘောသား ခုနစ်သောင်းဝန်းကျင်ခန့်ရှိပြီး ယင်းထဲမှ သင်္ဘောသား သုံးသောင်းဝန်းကျင်ခန့် ပြည်ပသင်္ဘောပေါ်တွင် အလုပ်လုပ်ကိုင်နေကာ အနည်းဆုံး လစဉ် ဒေါ်လာ သန်း ၃၀ ထက်မနည်း ပြည်တွင်းသို့ စီးဝင်လျက်ရှိသည်။ လတ်တလောတွင် သင်္ဘောသားများ၊ မိသားစုများအနေဖြင့် နိုင်ငံခြားလစာငွေလက်ခံရယူရာတွင် နိုင်ငံခြားငွေကြေး  ပေါ်လစီအသစ်များအကြား ဝိဝါဒ ကွဲပြားမှုများရှိနေပါသလား၊ သင်္ဘောသားနှင့် မိသားစုများ၏ ပြဿနာအခက်အခဲများအား မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ ဖြေရှင်းပေးခဲ့ရသည့် အမှုပေါင်း ဘယ် လောက်ထိရှိနေပါပြီလဲ၊ ယင်းအပြင် သင်္ဘောသားများထားရှိရမည့် အာမခံစနစ်အကြောင်းများနှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံပင်လယ်ကူး  သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်    (Myanmar Seafarers Federation) ဉက္ကဌ ကပ္ပတိန် စိုးမင်းအောင်နှင့် တွေ့ဆုံံမေးမြန်းထားသည်များအား ဖော်ပြလိုက်ရပါသည်။

ငွေစုဘဏ်မှာရှိတဲ့ သင်္ဘောသားလစာငွေရောင်း တဲ့အခါ ဗဟိုဘဏ်ကလိုက်နာဖို့ ထုတ်ပြန်ထား တာရှိတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းလင်းပြောပြပေးပါလား။
ကျွန်တော်နားလည်သလောက်က မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ကနေပြီးတော့ နိုင်ငံခြား ကနေ ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားငွေ ဝင် လာတယ်ပေါ့။ အမေရိကန်ဒေါ်လာတစ်သောင်း နိုင်ငံခြားကနေ ပို့လိုက်တယ်၊ ဗဟိုဘဏ်က ပြော ထားတာက အဲဒီ ဒေါ်လာတစ်သောင်း ရောက် လာတဲ့အချိန်ကစပြီးတော့မှ ၂၁ ရက်အတွင်းမှာ သူ့အနေနဲ့ ကြိုက်တဲ့ဈေး၊ ဈေးကွက်မှာပေါက်နေ တဲ့ဈေး အဲဒါ  ဘယ်သူ့ကိုရောင်းရောင်းပေါ့၊ ဘဏ်ကိုပဲရောင်းရောင်း၊ ဘဏ်ပြင်ပကသူကိုပဲ ရောင်းရောင်း ၂၁ ရက်အတွင်းရောင်းပေါ့၊ ၂၁ ရက်အတွင်းမှာမှ သူကြိုက်တဲ့ဈေးနဲ့ မရောင်းလို့ ၂၁ ရက်ကျော်သွားရင်တော့ ၂၁၀ဝ ဆိုတဲ့ နိုင်ငံ တော်က သတ်မှတ်ထားတဲ့နှုန်းနဲ့ လဲပေးလိုက် မှာ။ အဲမတိုင်ခင်မှာ ရောင်းပေါ့။ ရောင်းဆိုတဲ့ နေရာမှာ နှစ်ပိုင်းရှိတယ်၊ ဥပမာ ဦးကကြီးက နိုင်ငံခြားကနေ ဒေါ်လာတစ်သောင်း ရလိုက် တယ်။ သူကနေပြီးတော့ ၂၁ ရက် မပြည့်ခင်မှာ ဦးခခွေးကိုရောင်းလိုက်တယ်၊ ဦးခခွေးက ကုန် သည်ဆိုလို့ရှိရင် ဒီပိုက်ဆံကို သူက ပြည်တွင်းကို သွင်းကုန်လုပ်ဖို့အတွက်   ဝယ်သွားမယ်ပေါ့။ ဒါပေမဲ့ ဦးခခွေးက ဦးကကြီးဆီက ဝယ်ဖို့အတွက် ကို သူက ဘာအကြောင်းကြောင့် ဝယ်လဲဆိုတာ အကြောင်းပြချက်ပေးရမယ်။ ဒါက နိုင်ငံတော် ဗဟိုဘဏ်က  ပြောထားတဲ့ကိစ္စဆိုတဲ့အခါကျ တော့ သင်္ဘောသားတွေ  ကို ပြောချင်တာကကိုယ့်ဆီပိုက်ဆံရောက်လာပြီဆိုလို့ရှိရင် ၂၁ ရက် အတွင်း ကိုယ်ကြိုက်တဲ့ဈေးနဲ့ မြန်မြန်ရောင်းပါ၊ မရောင်းလို့ ၂၁ ရက် ကျော်သွားပြီဆိုလို့ရှိရင် တော့ ၂၁၀ဝ နဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ငွေလဲနှုန်းနဲ့ ရောင်းရမယ့် အခြေအနေ ဖြစ်သွား မှာပေါ့။ အခုတော့ ဧရာဝတီဘဏ်နဲ့ ယူအေဘီ ဘဏ်က လာပြောထားတာကတော့ သူတို့ဆီမှာ ရှိနေတဲ့  သင်္ဘောသားဆိုလို့ရှိရင်  တတ်နိုင်သ လောက် ဈေးကွက်ထဲမှာရှိတဲ့ အသင့်တော်ဆုံး ဈေးတစ်ခုနဲ့   ဝယ်မယ်ပေါ့နော်။  အဲဒီတော့
ကျွန်တော်တို့ကို လာဆွေးနွေးတဲ့ရက်တွေတုန်း ကတော့  ဧရာဝတီဘဏ်ရော၊ ယူအေဘီဘဏ် ရော ပြောသွားတာက တစ်ဒေါ်လာကို  ၃၀ဝ၀ ပေါက်တယ်ပေါ့၊ ပေးဝယ်တယ်ပေါ့၊ အခုလက်ရှိ တော့ မပြောတတ်ဘူး၊ ဈေးကွက်ပေါ်မှာရှိတဲ့ အတက်အကျပေါ်မူတည်ပြီးသွားမှာပေါ့။ ဘဏ် တွေကတော့ နိုင်ငံတော်က  သတ်မှတ်ထားတဲ့ ငွေလဲနှုန်းထက်တော့ ပိုပြီးတော့ ဝယ်မှာပဲလေ။

သင်္ဘောသားတွေရဲ့ အခက်အခဲတွေကို ဖြေရှင်း ပေးခဲ့ရတဲ့အမှုပေါင်း ဘယ်လောက်ရှိနေပါပြီလဲ။
လက်ရှိအချိန်ထိ  ကျွန်တော်တို့ လက်ရှိ အမှုဆောင်နဲ့ ပြီးခဲ့တဲ့ အမှုဆောင် နှစ်နှစ်ရယ်၊ လက်ရှိ  အမှုဆောင်ကာလအတွင်းမှာ အမှု လက်ခံထားတာ  အမှုပေါင်း ၁၅၀ လောက်ရှိ တယ်။ အဲဒီအမှုပေါင်း ၁၅၀ ထဲမှ ၁၂၀ လောက် က ပြီးပြတ်သွားပါပြီ။ ကျန်တဲ့ အမှုပေါင်း ၃၀ ကတော့ ဆောင်ရွက်ဆဲဖြစ်ပါတယ်။ အဲဒီအထဲ မှာကြည့်လို့ရှိရင် သင်္ဘောမလိုက်ခင်မှာ သင်္ဘော လိုက်လို့ရမယ်ဆိုပြီးတော့ ငွေကြေးပေးအပ်ခြင်း ကို လိမ်သွားတဲ့အမှုတွေရှိတယ်၊ သင်္ဘောလိုက် လို့ရမယ်ဆိုပြီးတော့ စာရွက်စာတမ်းသိမ်းထား ပြီးတော့ စာရွက်စာတမ်း ပြန်ထုတ်ဖို့အတွက်ကို ပိုက်ဆံတောင်းပြီးတော့ ပြန်ထုတ်ရတဲ့ ကိစ္စတွေ တွေ့ရတယ်။ နောက်တစ်ခါ စာရွက်စာတမ်းကို သိမ်းထားတယ်၊ ပိုက်ဆံတော့ ပြန်မတောင်းဘူး၊ အဲဒီသိမ်းထားတဲ့လူက ဘယ်ရောက်နေမှန်းမသိ တဲ့ အမှုတွေလည်း တွေ့ရတယ်။ နောက်တစ်ခါ သင်္ဘောလိုက်မယ်ဆို ပိုက်ဆံဘယ်လောက်ပေး ပါပြောပြီးတော့ ပိုက်ဆံပေးလိုက်ရတယ်၊ ပိုက်ဆံ ယူသွားတဲ့သူက ဘယ်ပျောက်နေမှန်း မသိတဲ့ အမှုတွေ တွေ့ရတယ်၊ ဒါက သင်္ဘောမလိုက်ခင် မှာ တွေ့ရတာတွေပေါ့။ နောက် လိုက်သွားတဲ့ အခါမှာလည်း  လခ မရတာတို့၊  လခထုတ်လို့ အဆင်မပြေတာတွေတို့  ဒါမျိုးတွေ တွေ့ရတယ်။ အလားတူ လခထုတ်လို့ အဆင်ပြေတော့လည်း နိုင်ငံခြားငွေနဲ့           မြန်မာငွေလဲတဲ့အချိန်မှာ ဖြစ်သင့် ဖြစ်ထိုက်တဲ့နှုန်းထက်  လျော့ပြီးတော့ ဒေသခံ ကိုယ်စားလှယ်အချို့က  ပေးနေတာလေးတွေ တွေ့ရတယ်ပေါ့နော်။ ဒါကတော့ လုံးဝမလုပ် သင့်တဲ့ကိစ္စပေါ့နော်။ ဒီဘက်က ဒေါ်လာ ၁၀ဝ၀ ရတယ်၊ ဒေါ်လာ ၁၀ဝ၀ ကို ၃၀ဝ၀ နဲ့ရောင်းရင် သိန်း ၃၀ ရမယ်။ ဒါပေမဲ့ ဒေသခံကိုယ်စားလှယ် တွေက ၂၁၀ဝ နဲ့ ဖြတ်ပေးလိုက်ရင် တစ်ဒေါ်လာ ကို ကျပ် ၉၀ဝ ရှုံးမယ်၊ ဒေါ်လာ ၁၀ဝ၀ ဖြစ်တဲ့ အတွက် ကိုးသိန်းရှုံးမယ်၊ ဒီသင်္ဘောသားရဲ့ လခ က သိန်း ၃၀ ရမှာကို ၂၁ သိန်းပဲပေးတဲ့အတွက် ဒီဒေသခံ ကိုယ်စားလှယ်သည် ဒီသင်္ဘောသားရဲ့ လစာကို ဖြတ်စားလတ်စားလုပ်တဲ့ အဓိပ္ပာယ်ဖြစ် သွားတယ်။ ဒါလေးတွေကိုလည်း သင်္ဘောသား တွေကို ဂရုစိုက်စေချင်တယ်။ ဒေသခံ ကိုယ်စား လှယ်တွေကိုလည်း အများစုကို  မဆိုလိုပါဘူး။ လုပ်တဲ့သူကို ပြောပြတာပေါ့လေ။ တစ်လောက ဆိုပြီးသွားတဲ့အမှု ငါးခုလောက်ရှိတယ်။ မျက်လုံး ထိခိုက်ဒဏ်ရာရတဲ့သူရှိတယ်၊ ခြေထောက်ထိ တဲ့သူရှိတယ်၊ လက်ထိတဲ့သူရှိတယ်၊ ဒါပေမဲ့ သူ တို့အားလုံးသည် ထိခိုက်ဒဏ်ရာရမှု မကြီးတဲ့ အတွက် တော်တော်များများ သင်္ဘောပေါ် ပြန် ရောက်သွားတယ်။ အခုကျန်နေတဲ့ဟာက အသက် ဆုံးရှုံးလို့  ရရမယ့် အသက်အာမခံနဲ့ ထိခိုက် ဒဏ်ရာရမှုမှာမှ သင်္ဘောပြန်လိုက်လို့ မရတော့ တဲ့အထိ ဖြစ်သွားတဲ့    အတွက်         ထိခိုက်ဒဏ်ရာရတဲ့ အမှုတွေကတော့    လျော်ကြေးမရသေးဘူး။လျော်ကြေးရဖို့အတွက်  ကျွန်တော်တို့  လုပ် ဆောင်နေတာ ရှစ်ခုလောက်ရှိပါတယ်။ ဒါပေ မယ့် မကြာခင်မှာ အဲဒါတွေရရှိဖို့ မျှော်လင့်နေပါ တယ်။

ပုဂ္ဂလိက အာမခံကုမ္ပဏီတွေမှာရော မြန်မာ သင်္ဘောသားတွေရဲ့  အာမခံ   ထားရှိလို့ ရပါ သလား။
မြန်မာပြည်မှာရှိနေတဲ့ မြန်မာ့အာမခံတို့၊ GGI တို့ တခြား ပုဂ္ဂလိက အာမခံတွေ ရှိတယ် ။ အဲဒါတွေက သင်္ဘောသားတွေအတွက် အသက် အာမခံနဲ့  ထိခိုက်ဒဏ်ရာရမှု အာမခံမရှိပါဘူး။ သို့သော်လည်း တစ်ဖက်က ပြန်ကြည့်တဲ့အခါ ကျတော့  ၂၀၁၀ မတိုင်ခင်မှာပေါ့နော်။  မြန်မာ့ အာမခံအနေနဲ့     သင်္ဘောသားတွေအတွက် သီးသန့်အသက်အာမခံနဲ့   ထိခိုက်ဒဏ်ရာရမှု အာမခံဆိုပြီး စနစ်လေးတစ်ခု လုပ်ပေးတယ် ပေါ့။  မြန်မာပြည်ကနေ မြန်မာ့အာမခံကနေ လုပ်ပေးတာပေါ့။ သင်္ဘောသားက ပြည်ပမှာရှိတဲ့ အာမခံက   လုပ်စရာမလိုဘူး။  အလုပ်ရှင် သို့မဟုတ်  မန်နေဂျာက လုပ်ပေးတဲ့အတွက် အလိုအလျောက်ရတာ။ ပြည်တွင်းက အာမခံ ကတော့ မြန်မာ့အာမခံမှာ အာမခံကာကွယ်မှု စနစ်ကို  လိုချင်ရင် ပိုက်ဆံပေးလျှောက်ရမယ်၊ နောက်ဆုံးထားသိတာကတော့  တစ်ယူနစ်ကို သုံးသောင်းကျော်ကျော်လောက်  သွင်းရတယ်၊ အများဆုံး လေးယူနစ် ဝယ်လို့ရတယ်၊ တစ်ယူနစ် သုံးသောင်းလောက်သွင်းထားရင် အသက်ဆုံးရှုံး မှုဖြစ်ပေါ်တဲ့အခါကျ  သိန်း ၅၀  လျော်ကြေးရ မယ်။  ထိခိုက်ဒဏ်ရာရတဲ့ဟာကတော့  သူ့ရဲ့ ထိခိုက်ဒဏ်ရာရမှု ရာခိုင်နှုန်းအပေါ်မှာ မူတည် ပြီးတော့ရမယ်။  ဒါပေမဲ့  အခုနောက်ပိုင်းမှာ မြန်မာ့အာမခံလုပ်ငန်းက လေးယူနစ်ထိ ဝယ်လို့ ရတဲ့ဆိုတဲ့အတွက် ဝယ်မယ်ဆိုရင်                  တစ်သိန်းနှစ် သောင်းကျော် သွင်းရမယ်။ အသက်ဆုံးရှုံးမှု ဖြစ်ပေါ်တဲ့အခါကျ သိန်း ၂၀ဝ လျော်ကြေးရ မယ်။ ဒါကြောင့် မြန်မာ့အာမခံကလုပ်တဲ့ဟာ ကိုလည်း  သင်္ဘောသားတွေကို  ဝယ်စေလိုပါ တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့အာမခံက ပေးတဲ့ဟာက ပြည်ပက  အာမခံထက် လျော် ကြေးပေးထုတ်ရတာ မြန်မြန်ဆန်ဆန်ရှိတယ်။ လုပ်ထုံးလုပ်နည်းလွယ်တယ်၊ ပြည်ပက အာမခံ ကကျတော့ လျော်ကြေးက  ဒေါ်လာသောင်း ဂဏန်းနဲ့ချီပြီးဖြစ်တဲ့အတွက်ကြောင့်မို့  စိစစ်တဲ့ ကိစ္စတွေက အများကြီးရှိတော့ အချိန်ကြာတက် တယ်။   ပြည်ပကပေးတဲ့  အာမခံက တစ်နှစ် သို့မဟုတ် တစ်နှစ်ခွဲလောက်နေမှရတတ်တယ်။ မြန်မာ့အာမခံကပေးတဲ့ အာမခံကတော့ အသက် ဆုံးရှုံးတယ်ဆိုရင် အသက်ဆုံးရှုံးကြောင်း သက် သေပြနိုင်တယ်ဆိုရင် တစ်လ၊ တစ်လခွဲအတွင်း မှာရတယ်။ ဒါကြောင့် ဘာပဲပြောပြော ကျန်ရစ်ခဲ့ တဲ့မိသားစုရှိလို့ရှိရင်  ခြေစောင့်  လက်စောင့် ငွေကြေးကျပ်တည်းမှုကို တစ်ဖက်တစ်လမ်းက ဖြေရှင်းပေးမယ့် အချက်ကလေးလည်း ရှိတယ်။ ဒါကြောင့် အာမခံကို သင်္ဘောသားတွေထားပါလို့ တိုက်တွန်းချင်ပါတယ်။ အာမခံကလည်း ထားရုံ နဲ့မပြီးဘူး၊ ထားလိုက်တဲ့ အာမခံနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကိုလည်း   သိမ်းထားဦးမှ၊ သိမ်းထားတဲ့အပြင် မြန်မာ့အာမခံက လုပ်တာက တစ်နှစ်ပဲခံတယ်။ တစ်နှစ်ပဲခံတဲ့အတွက် ကိုယ့် ရဲ့ ဆွေမျိုးသားချင်းက သင်္ဘောပေါ်မှာ တစ်နှစ် ထက် ပိုကြာမယ်လို့ တွေ့လာရတာနဲ့ သက်တမ်း နောက်တစ်နှစ်  ထပ်တိုးထားဖို့လည်း သတိပြု လုပ်ရမယ့်ကိစ္စပါတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်တုန်းကပဲ ရေနံသယ်တဲ့သင်္ဘောပေါ်က ပေါက်ကွဲမှုဖြစ်တဲ့ အတွက် မြန်မာသင်္ဘောသားလေး သုံးယောက် ဆုံးပါးသွားတယ်။ ဆုံးပါးသွားတဲ့ အထဲမှာ နှစ်ယောက်ကတော့ ခန္ဓာကိုယ် လုံးဝပြန်မရလိုက်ဘူး။တစ်ယောက်ကတော့ခန္ဓကိုယ်ပြန်ရလိုက်တယ်။ပြန်ရလိုက်တဲ့ သင်္ဘောသားရဲ့ရူပ်အလောင်းကိုမြန်မာပြည်ကိုပြန်သယ်ဖို့အတွက် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က သူ့ရဲ့မိသားစုကို ဝိုင်းဝန်းပြီးတော့ အကူအညီပေးလျက်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။

Latest News: 

တိုးတက်လာဦးမည့် မြန်မာ-ထိုင်း ကုန်သွယ်မှုအလားအလာ

Wed, 10/12/2022 - 07:25 -- admin_ygn
Undefined

နယ်စပ်ကုန်သွယ်ရေးသည် ၁၉၈၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ သော ဆူပူမှုများကြောင့် ပြည်တွင်းသုံးပစ္စည်းများ ရှားပါးပြတ်လပ်ခဲ့ ခြင်း၊ နိုင်ငံတော်အတွက် အခွန်အခများ ရရှိစေခြင်းနှင့် နိုင်ငံခြားငွေ ကြေးသုံးစွဲခြင်းအစား ကုန်ပစ္စည်းချင်း ဖလှယ်ရယူနိုင်ခြင်း စသည့် အကျိုးများ ဖြစ်ထွန်းစေရေးအတွက် အိမ်နီးနားချင်းနိုင်ငံများနှင့် တရားဝင်နယ်စပ်ကုန်သွယ်ရေးကို ဆောင်ရွက်ခဲ့သည်။
၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် မြန်မာ-တရုတ်နယ်စပ် လားရှိုး၊ မူဆယ်၊ နမ့်ခမ်းနှင့် ကြူကုတ်မြို့များတွင် နယ်စပ်ကုန်သွယ် ရေးရုံးများဖွင့်လှစ်၍ ကုန်သွယ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ သည်။ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအား ၁၉၉၁ ခုနှစ် ဒီဇင် ဘာလတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ် မတ် ၁၉ ရက်တွင် တရားဝင်နယ်စပ်ကုန်သွယ်ရေးကို ဖွင့်လှစ်ခဲ့ကာ မြဝတီနယ်စပ်ကုန် သွယ်ရေး ညွှန်ကြားရေးမှူးရုံးကို ၁၉၉၆ ခုနှစ် သြဂုတ် ၄ ရက်တွင် တရားဝင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်မှုကို  ၁၉၉၁ ခုနှစ်  အောက်တိုဘာ ၁ ရက်မှစတင်၍ မောင်တောနှင့် ဘူးသီးတောင်မြို့များတွင် ကုန်သွယ်ရေးရုံးများ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ မြန်မာ-လာအို နယ်စပ်ကုန်သွယ်မှုကို ၂၀၁၅ ခုနှစ် မေ ၉ ရက်တွင် စတင်ခဲ့ပြီး ကျိုင်းလပ်ကုန်သွယ်ရေးစခန်း အား ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် တမူးကုန်သွယ်ရေး စခန်းအား ၁၂-၄-၁၉၉၅ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သည် ကုန်သွယ်မှု အကြီးဆုံးဖြစ်ပြီး နယ်စပ်စခန်း များ၏ အမှန်ကုန်သွယ်မှုများထက် ၇၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ခဲ့ သည်။ ကိုဗစ်မဖြစ်မီကာလအချိန်တွင် တစ်နေ့လျှင် ကုန်သွယ်မှု ပမာဏသည် ၁၀-၁၅သန်းထိရှိပြီး ပို့ကုန်၊ သွင်းကုန်ကားစီးရေအား ဖြင့် ၁၀ဝ၀ နှင့် ၁၅၀ဝ စီးထိရှိခဲ့သည်။ သို့သော်လည်း တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများသည် ၂၀၂၁ ခုနှစ် မတ်လနှင့် ဇူလိုင်လပိုင်း တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ ကုန်သွယ်ရေး စခန်းများအား ပိတ်ခဲ့သော်လည်း ထိုင်းမျက်နှာစာရှိ ကုန်သွယ်ရေး စခန်းများဖြစ်သော မယ်စဲ့ကုန်သွယ်ရေးစခန်းမှအပ  ကျန်ကုန် သွယ်ရေးစခန်း ခြောက်ခုမှ လူဝင်/ထွက်မပါ၊ ကုန်သွယ်မှုယာဉ်များ အား ခွင့်ပြုခဲ့ခြင်းကြောင့် တရုတ်ဘက်က ကိုဗစ်ကန့်သတ်ချက်များဖြင့် ထိန်းချုပ်ခဲ့သည့်အတွက် ထိုင်းမျက်နှာစာမှ မြဝတီကုန်သွယ်ရေးဇုန် သည် ကိုဗစ်ပထမလှိုင်း ၂၀၁၉-၂၀၂၀ ခုနှစ်မှစ၍ ကုန်သွယ်မှုကြီးမား လာခဲ့သည်။ ကုန်သွယ်မှုသည်လည်း ငါးသန်းမှ ၁၀ သန်းကျော်ထိ တိုးတက်ခဲ့သည်။ ၎င်းအပြင်ပို့ကုန်ကဏ္ဍတွင် ယခင် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ  ပြောင်းအဓိကတင်ပို့မှုသည် တရုတ်ဘက်မှ ကိုတာ ကန့်သတ်ချက်များဖြင့် ထိန်းချုပ်ခဲ့သည့်အတွက် ထိုင်းနိုင်ငံ မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့မှုဖြစ်လာပြီး မြဝတီ၊ တာချီ လိတ်စခန်းများမှ  ပြောင်း အဓိကအများဆုံး တင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရသည်။ တရုတ်နိုင်ငံသည် တရုတ်မျက်နှာစာ နယ်စပ်ရှိ စခန်း များအား ၂၆-၁၁-၂၀၂၁ ရက်တွင် ကျိန်စမ်းကျော့ဂိတ်၊ ဒီဇင်ဘာလ နှင့် ဇန်နဝါရီလတို့တွင် ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကန်ပိုက်တီစခန်းတို့ အား ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်စည်းကမ်းချက်များနှင့်အညီ CLM စနစ်ဖြင့် နှစ်ဖက်မျှတသောကုန်သွယ်မှုအား ကျိန်စမ်းကျော့ နယ်စပ် ဂိတ်မှ စတင်ဖွင့်လှစ်ခဲ့သည့်အတွက် ယနေ့ကုန်သွယ်မှုသည် ပို့ကုန် ယာဉ် ၂၁၃ စီး၊ သွင်းကုန်ယာဉ် ၁၁၂ စီးခန့်ဖြင့် ယာဉ်စီးရေ ၁၅၀ မှ ၂၀ဝ ခန့်အထိသာရှိသည်။
မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ပို့ကုန် သွင်းကုန်ပမာဏ သည် ၁၀ သန်းဝန်းကျင်အထက် တိုးတက်လာခဲ့ပြီး ယာဉ်စီးရေသည် လည်း ၆၀ဝ/၇၀ဝ ထိ တိုးတက်လာခဲ့သည်။ ဇွန်လပိုင်း အကုန် ဇူလိုင် လအစတွင် မူဝါဒ  အပြောင်းအလဲများကြောင့် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု အနည်းငယ်လျော့ကျခဲ့သော်လည်း သြဂုတ်လဆန်းပိုင်းမှ စ၍ အဓိကတင်ပို့သော ပဲ၊ ပြောင်းတို့ကို အရှိန်အဟုန်မြှင့် ပြန်လည် တင်ပို့နိုင်ခဲ့သည်။  နိုင်ငံတော်၏ လိုအပ်ချက်အရ နယ်စပ်တွင်သာမက ပင်လယ်ရေကြောင်းတွင်လည်း မူဝါဒပြောင်းလဲမှုများ  ရှိခဲ့သည်။ မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှု စာရင်းမှာ ၂၀၁၈ ခုနှစ်တွင် ကုန်သွယ်မှုပမာဏ ၄၂၀ ဒသမ ၃၈၆ ဒေါ်လာ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ၉၆၉ ဒသမ ၈၄၂ ဒေါ်လာသန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ၁၂၀၉ ဒသမ ၉၁၄ ဒေါ်လာသန်း၊ ၂၀၂၀-၂၀၂၁ ကုန်သွယ်မှုပမာဏ ၁၉၄၄ ဒသမ ၈၄၉ ဒေါ်လာသန်း၊  ၂၀၂၁-၂၀၂၂ (Mini Budget)တွင် ကုန်သွယ်မှုပမာဏ ၁၂၉၃ ဒသမ ၃၁၂ ဒေါ်လာ သန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စက်တင်ဘာ ၂၇ ရက်အထိ ယာယီပို့ကုန် ၄၂၈ ဒသမ ၅၁၁ ဒေါ်လာသန်း သွင်းကုန် ၇၀၃ ဒသမ ၁၀၈ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၁၁၃၁ ဒသမ ၆၁၉ ဒေါ်လာ သန်းတို့အား နှစ်အလိုက် တိုးမြှင့်  ဆောင်ရွက်နိုင်ခဲ့သည်။
မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုလျာထားချက်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လျာထားချက်မှာ ပို့ကုန် ဒေါ်လာ သန်း ၁၀ဝ၀၊ သွင်းကုန် ဒေါ်လာသန်း ၁၄၀ဝ၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၂၄၀ဝ ဖြစ်သည်။ တစ်နှစ်လုံး လျာထားချက်ပေါ် ဆောင်ရွက် နိုင်မှုမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာ ၂၇ ရက် အထိ  ပို့ကုန်တွင် ၄၂၉ ဒေါ်လာသန်းဖြစ်ပြီး သွင်းကုန်တွင် ၇၀၃ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် ၁၁၃၂  ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ကာ လျာထားချက်ပေါ် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် ၄၃ ရာခိုင်နှုန်း၊ သွင်းကုန် ၅၀ ရာခိုင်နှုန်း၊  ကုန်သွယ်မှုပမာဏ ၄၇ ရာခိုင်နှုန်းဖြစ်သည်။
ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက်  တစ်ခုအပါအဝင်ဖြစ်သော တရားမဝင်ကုန်သွယ်မှုများကို တားဆီးထိန်းချုပ်နိုင်ရေးသည်လည်း အဓိကအချက်တစ်ချက်ဖြစ်သည်။ သောင်းရင်းမြစ်ဘေး နှစ်နိုင်ငံ ကူးသန်းသွားလာမှုလွယ်ကူပြီး အခွန်တိမ်းရှောင်လိုသူများအတွက် အကောင်းဆုံးအခွင့် အရေးဖြစ်နေပြီး နယ်မြေမလုံခြုံမှုအပေါ် အခွင့် ကောင်းယူပြီး တရားမဝင်ကုန်သွယ်မှုအား နယ်စပ်မျက်နှာစာတိုင်း တွင်ရှိနေဆဲဖြစ်သည်။ မြဝတီကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက် တွင် ပို့ကုန်၊ သွင်းကုန် နှစ်ခုစလုံးတွင် တရားမဝင်ကုန်သွယ်မှုရှိနေဆဲ ဖြစ်သည်။  နေပြည်တော် (ရုံးချုပ်) တွင်   ကျင်းပပြုလုပ်ခဲ့သည့် (၃/၂၀၂၂)ကြိမ်မြောက်   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေး နှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ Power Point ဖြင့် ရှင်းလင်းတင်ပြမှုတွင် မြဝတီမြို့နှင့် တစ်ဖက်နိုင်ငံ နှစ် နိုင်ငံကုန်သွယ်မှုတွင် မိမိဘက်သွင်းကုန် ၉၂ ဒသမ ၂၄၃ ဒေါ်လာ သန်း၊ တစ်ဖက်နိုင်ငံပို့ကုန် ၂၈၂ ဒသမ ၃၅၆ သန်းဖြစ်၍ ၁၉၀ ဒသမ ၁၁၃ သန်း ကွာဟလျက်ရှိသည်။  မတ်လ၊ ဧပြီလ၊ မေလ သုံးလ ဖမ်းဆီးရမိမှု ၃၀၁ မှု တန်ဖိုး ကျပ် ၂၄၇၇ ဒသမ ၉၁၆ သန်း၊ ၁ ဒသမ ၃၅၇ ဒေါ်လာသန်းဖြစ်၍ သုည ဒသမ ၇ ရာခိုင်နှုန်းသာ ရှိသည်။ မြဝတီကုန်သွယ်ရေးဇုန်၊ တံတားကျိုးစစ်ဆေးရေးဂိတ်ကို ရှောင်ကွင်း သွားလာသည့် လမ်းများရှိပြီး ကန့်သတ်၊ တားမြစ်ကုန်ပစ္စည်းများနှင့် နိုင်ငံတော်အပေါ် အခွန်တိမ်းရှောင်လိုသူများအနေဖြင့် တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများကို ရှေးယခင်ကတည်းကနေ ယခုအချိန်ထိ  လုပ်ကိုင်ဆောင်ရွက်နေသည်။ အခွန်များဆုံးရှုံးမှုများအပြင် နှစ်နိုင်ငံ ကုန်သွယ်မှု  မျှခြေထိန်းချုပ်မရဖြစ်နေ၍ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရန် လိုအပ်မည်ဖြစ်သည်။
မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအလားအလာများသည်  နယ်စပ်ကုန်သွယ်မှု၏ အထွတ်အထိပ်သို့ ထိုးထွက်နိုင်မည့် အခြေ အနေများအား ထပ်လောင်းအားကောင်းစေရေးအတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုတွင် အဓိကမောင်းနှင်အားဖြစ်သည့် မြဝတီမြို့ နယ်စပ်ကုန်သွယ်ရေးကုန် သည်ကြီးများအသင်း၏ ကုန်သည်လုပ်ငန်းရှင်များ စုံလင်စွာတက် ရောက်ခဲ့ကြပြီး ကုန်သွယ်မှုကို သက်ဆိုင်ရာဌာန လုပ်ထုံးလုပ်နည်း များနှင့်အညီ အားပေးဝန်းရံလျက်ရှိသော OSSဌာနများဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန် များဦးစီးဌာန၊  လူဝင်မှုကြီးကြပ်ရေးနှင့်  အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်နှင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် မိတ်ဖက်ဌာနဆိုင်ရာများ ဒေသအာဏာပိုင် အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသလုံခြုံရေးအဖွဲ့များ စုံလင်စွာတက်ရောက်ခဲ့သော ၂၀၂၂ ခုနှစ် သြဂုတ်လအတွက်   ကုန်သွယ်မှုမြှင့်တင်ရေး  အစည်းအဝေးကို ဆွေးနွေးအဖြေရှာမှုများစွာဖြင့် ကျင်းပခဲ့ပြီးဖြစ်သည်။ ယခင်အချိန်က မြဝတီကုန်သွယ်ရေးတွင်  သယ်ယူပို့ဆောင်မှု၌ အတက်/အဆင်း တစ်ရက်စီသာ ပြုလုပ်နိုင်ခဲ့သော်လည်း အာရှလမ်းမကြီး ဖောက်လုပ် ပြီးစီးခဲ့မှုကြောင့် ယခုအခြေအနေသည် တစ်ရက်    ခရီးပင် ရန်ကုန်မြို့ သို့နှင်နိုင်ပြီဖြစ်၍ မြဝတီကုန်သွယ်မှု၏ အနာဂတ်သည် တရုတ်နိုင်ငံ ၏ ကိုဗစ်ရောဂါစိုးရိမ်မှု ပေါ်လစီများကြောင့် တရုတ်-မြန်မာနယ်စပ်  ကုန်သွယ်မှုတွင် တိုးတက်သင့်သလောက် မတိုးတက်ဘဲ မြန်မာ-ထိုင်း ကုန်သွယ်မှု တံခါးပေါက်သို့တိုင်  တရုတ်ကုန်သည်လုပ်ငန်းရှင်များ သည် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားမှ ကုန်သွယ်မှုလုပ်ငန်းများ ပြောင်းရွှေ့လုပ်ကိုင်လာလျက်ရှိနေသည်။ သို့ပါ၍ မြဝတီကုန်သွယ် ရေးဇုန်၏ ကုန်သွယ်မှု ဆက်လက် တိုးတက်ဆောင်ရွက်နိုင်မည်ဖြစ် သည်ကို သုံးသပ်တွေ့ရှိမှုအား တင်ပြအပ်ပါသည်။

 

 

Latest News: 

ကုန်သွယ်မှုကို ထိန်းကျောင်းသောအစီအမံများ

Wed, 10/12/2022 - 05:04 -- admin_ygn
Undefined

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကို ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများနှင့် အစိုးရတို့က ဆောင်ရွက်ကြသည်။ ယေဘုယျအား ဖြင့် ကုန်သွယ်မှုကို ထိန်းကျောင်းသောအစီအမံများသည် နိုင်ငံခြားဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းတစ်ခုနှင့်တစ်ခု အပြန်အလှန် ရောင်းချခြင်းကို ကန့်သတ်ထားသည်။ တစ်နည်းအားဖြင့် ကုန်သွယ်မှု ကို ထိန်းကျောင်းသောအစီအမံများမှာ အပြည်ပြည်ဆိုင်ရာ  ကုန်သွယ်မှုကို ကန့် သတ်ထားသော အစိုးရ၏ ပေါ်လစီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၏ အဓိကအတားအဆီးများမှာ သဘာဝ  အတားအဆီးများ (Natural barriers)     ၊  အကောက်ခွန်ကို ထိန်းကျောင်းသော အစီအမံများနှင့် အကောက်ခွန်မဟုတ်သော အတားအဆီးများ (Natural barriers) ဖြစ်သည်။
သဘာဝအတားအဆီးများ
သဘာဝကုန်သွယ်မှု အတားအဆီး သို့မဟုတ် အဟန့်အတား နှစ်မျိုးရှိသည်။  ၎င်းတို့မှာ ရုပ်ပိုင်းဆိုင်ရာ အတားအဆီး (Natural barriers)နှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီး (Natural barriers) တို့ဖြစ်သည်။ ဥပမာအားဖြင့် ပူနွေးသည့် အာဂျင်တီးနားနိုင်ငံ၌ နွား မွေးမြူခြင်းသည် အလွန်အေးသည့် ရုရှားနိုင်ငံ  ဆီးဗီးယားဒေသ၌ နွားမွေးမြူခြင်းထက်  ကုန်ကျစရိတ် သက်သာနိုင်သည်။ သို့သော် လည်း တောင်အမေရိကမှ အမဲသားကို ဆီးဗီးယားဒေသသို့ သယ်ယူ သည့် သင်္ဘောစရိတ်များက အမဲသားဈေးနှုန်းကို အလွန်မြင့်မားစေ နိုင်သည်။  ထို့ကြောင့် အကွာအဝေးသည်  အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအတွက် သဘာဝအတားအဆီးတစ်ခု ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ဘာသာစကား (language)သည်   အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအတွက် နောက်ထပ်အတားအဆီး တစ်ခုဖြစ်သည်။ဥပမာ-အင်္ဂလိပ်ဘာသာစကားကို ကောင်းမွန်စွာ မပြောဆိုနိုင်ပါက ကုန်သွယ်ရေးသဘောတူညီချက်များကို ဆွေးနွေးညှိနှိုင်းနိုင်မည်မဟုတ်ပေ။ ထို့ပြင် ကုန်ပစ္စည်းများကို သင်္ဘောတင်ရာ၌ အမှားမှားအယွင်းယွင်းဖြစ်နိုင်သည်။
အကောက်ခွန်ကို ထိန်းကျောင်းသော အစီအမံများ
အကောက်ခွန်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ သွင်းကုန်ပစ္စည်း အပေါ်တွင် ကောက်ခံသော အခွန်ဖြစ်သည်။ အကောက်ခွန်ကို ကုန် ပစ္စည်း တစ်ယူနစ်ချင်းအပေါ် ကောက်ခံနိုင်သည်။ ဥပမာ- ရေနံ တစ်စည် သို့မဟုတ်  ကားသစ်တစ်စီးအပေါ် ကောက်ခံသော အကောက်ခွန်မျိုးဖြစ်သည်။ ထို့ပြင် အကောက်ခွန်ကို ကုန်ပစ္စည်း တန်ဖိုး၏ ရာခိုင်နှုန်းတစ်ခုသတ်မှတ်ကောက်ခံနိုင်သည်။ ဥပမာအား ဖြင့် သင်္ဘောတင်ဆောင်လာသော  ရှူးဖိနပ်တန်ဖိုး အမေရိကန် ဒေါ်လာ ၅၀ဝ၀ဝ၀ အပေါ် ၅ ရာခိုင်နှုန်းကောက်ခံခြင်းမျိုးဖြစ်သည်။ သို့မဟုတ် အကောက်ခွန်ကောက်ခံရာတွင် ကုန်ပစ္စည်း တစ်ယူနစ် ချင်းအပေါ် ကောက်ခံခြင်းနှင့် ကုန်ပစ္စည်းတန်ဖိုးအပေါ် ကောက်ခံ ခြင်းဟူသော ပုံစံနှစ်မျိုးစလုံးကို အသုံးပြု၍လည်း ကောက်ခံနိုင်သည်။
မည်သည့်ပုံစံဖြင့်   အကောက်ခွန် ကောက်ခံသည်ဖြစ်စေ အကောက်ခွန်သည် သွင်းကုန်များ၏ စရိတ်ကို ကြီးမားစေပါသည်။ ထို့ကြောင့်  အကောက်ခွန်နှုန်းမြင့်မားသည့်  သွင်းကုန်ပစ္စည်းများ သည်ပြည်တွင်းထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း နည်းပါးသည်ကို တွေ့ရလေ့ရှိသည်။ တစ်နည်းအားဖြင့် အဆိုပါသွင်းကုန်ပစ္စည်းများ သည် ပြည်တွင်းထုတ်ကုန်များကဲ့သို့ ဝယ်ယူသူကိုမဆွဲဆောင်နိုင်ပေ။ဥပမာ - အမေရိကန်ပြည်ထောင်စုသည်   အထည်အလိပ်၊ ကြက်သား၊ ဘဲသား၊ သကြားနှင့် အချို့သော စတီးလ်နှင့် အဝတ် အထည်တို့ တင်သွင်းမှုအပေါ်တွင်  ပြည်တွင်းလုပ်ငန်းများအား ကာကွယ်သော အကောက်ခွန် (Protective tariffs)ကောက်ခံသည်။ ထို့ပြင် ၂၀၁၈ ခုနှစ် မတ်လတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်  အစိုးရသည် အခြားနိုင်ငံများမှ တင်သွင်းသည့် စတီးလ်နှင့်အလူမီနီယံ ထုတ်ကုန်များအပေါ် အကောက်ခွန် တိုးမြှင့်ကောက်ခံခဲ့သည်။နောက်ထပ်ဥပမာတစ်ခုမှာ ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံ မှ တင်သွင်းသော  စီးကရက်များအပေါ်  အကောက်ခွန်မြင့်မားစွာ ကောက်ခံခဲ့သည်။  ထိုကဲ့သို့  ကောက်ခံခြင်းက အမေရိကန်တံဆိပ် စီးကရက်များအား ဂျပန်တံဆိပ် စီးကရက်များထက် ၆၀ ရာခိုင်နှုန်း ကုန်ကျစရိတ် ပိုမိုများပြားစေသည်။ အမေရိကန် စီးကရက်တင်သွင်းမှု အပေါ် အခွန်ကောက်ခံခြင်းမရှိခဲ့ပါက အမေရိကန်စီးကရက်သည် ဂျပန်စီးကရက်ဈေးကွက်၏ ၃၃ ဒသမ ၃ ရာခိုင်နှုန်း ခန့် ရရှိနိုင်သည် ဟု အမေရိကန်ကုမ္ပဏီများကယုံကြည်သည်။ သို့သော် အမေရိကန် စီးကရက်များအပေါ်  အခွန်ကောက်ခံသောကြောင့်အမေရိကန် စီးကရက်သည် ဂျပန်စီးကရက် ဈေးကွက်၏ ၂ ရာခိုင်နှုန်းအောက်သာ ဈေးကွက်ရရှိခဲ့သည်။
အကောက်ခွန်၏ အားသာချက်နှင့် အားနည်းချက်များ
သွင်းကုန်ခွန်   ကောက်ခံခြင်း၏ အားသာချက် သို့မဟုတ် ကောင်းကျိုးများမှာ ပြည်တွင်းရှိ သက်နုစက်မှုလုပ်ငန်းများ ; (Infant industries)  ကို ကာကွယ်ခြင်း၊ ပြည်တွင်းထုတ်ကုန်များ၏စားသုံး မှုကို တိုးတက်စေခြင်း၊ ပြည်တွင်းအလုပ်အကိုင်ရရှိမှု တိုးပွားစေခြင်း၊ နိုင်ငံလုံခြုံမှု မြင့်မားစေခြင်း၊ နိုင်ငံအတွက် ဝင်ငွေပိုမိုရရှိစေခြင်းနှင့် စားသုံးသူကို ပိုမိုအကာအကွယ်ပေးနိုင်ခြင်းတို့ ဖြစ်သည်။အကောက်ခွန် ကောက်ခံခြင်း၏ အားနည်းချက် သို့မဟုတ် ဆိုးကျိုးများမှာ ကုန်ဈေးနှုန်းနှင့် စရိတ်များ ပိုမိုကြီးမြင့်ခြင်း၊ ရရှိနိုင် သော ကုန်ပစ္စည်းအမျိုးအမယ် နည်းပါးခြင်း၊ နိုင်ငံအတွက် အခွန်ဘဏ္ဍာ ဆုံးရှုံးခြင်း၊ ပြည်တွင်းအလုပ်အကိုင် ရရှိနိုင်မှု နိမ့်ကျခြင်းနှင့် လက်ဝါးကြီးအုပ်ဈေးကွက် ကြီးထွားလာခြင်းတို့ဖြစ်သည်။
အကောက်ခွန်မဟုတ်သော အတားအဆီးများ
သွင်းကုန်ခွဲတမ်းချခြင်း- အစိုးရသည် ကုန်သွယ်မှုကို ကန့် သတ်ရန် အကောက်ခွန်အပြင် အကောက်ခွန်မဟုတ်သော အဟန့် အတားများကိုလည်း အသုံးပြုသည်။ အကောက်ခွန် မဟုတ်သော အဟန့်အတားပုံစံတစ်မျိုးမှာ  သွင်းကုန်ခွဲတမ်းချခြင်း  (Import quota) ဖြစ်သည်။ ခွဲတမ်းချခြင်းဆိုသည်မှာ တင်သွင်းမည့် ကုန်ပစ္စည်း၏ အရေအတွက်ကို ကန့်သတ်ခြင်းဖြစ်သည်။ ခွဲတမ်းသတ်မှတ် တင် သွင်းခွင့်ပြုခြင်း၏  ရည်ရွယ်ချက်မှာ သတ်မှတ်ထားသော ကုန်ပစ္စည်း တစ်ခု၏ တင်သွင်းမည့် အရေအတွက်ကို ကန့်သတ်ရန်ဖြစ်သည်။ ဥပမာ-၂၀၁၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် ကျဆင်းနေ သော အထည်အလိပ်လုပ်ငန်းစုကို ကာကွယ်ရန် အထည်အလိပ် တင်သွင်းမှုအပေါ် ခွဲတမ်းသတ်မှတ်ခဲ့သည်။
ကုန်သွယ်ရေးပိတ်ပင်ခြင်း - ကုန်ပစ္စည်းတင်ပို့တင်သွင်းခြင်း အားလုံး  ပိတ်ပင်ခြင်းကို ကုန်သွယ်ရေးပိတ်ပင်ခြင်း (Embargo)ဟူ၍ ခေါ်ဆိုသည်။  ကုန်သွယ်ရေး ပိတ်ပင်ခြင်းကို    နိုင်ငံလုံခြုံရေးနှင့်ကာကွယ်ရေးကိစ္စရပ်များအတွက် ရည်ရွယ်၍ ချမှတ်ကျင့်သုံးလေ့ရှိ သည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုသည် အဆင့်မြင့် ကွန်ပျူတာနှင့် လေဆာ (Supercomputer and lasers) ကဲ့သို့သော အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်အမျိုးမျိုးကို မဟာမိတ်မဟုတ် သော နိုင်ငံများသို့ တင်ပို့ခွင့်မပြုပေ။ ဤကဲ့သို့ ပိတ်ပင်ခြင်းက အမေ ရိကန် စီးပွားရေးလုပ်ငန်းများအတွက် နှစ်စဉ်ပို့ကုန်ရငွေ ဒေါ်လာ ဘီလီယံများစွာ ဆုံးရှုံးစေသည်။ သို့သော်လည်း ဤပိတ်ပင်ခြင်းက အမေရိကန်၏ ရန်သူများအား ၎င်းတို့၏ အကြီးစား စက်လက်နက် ပစ္စည်းတွင် နောက်ဆုံးပေါ်နည်းပညာအသုံးပြုခြင်းမှ ကာကွယ်ပေး ပါသည်။
အစိုးရစည်းမျဉ်းများ - အကောက်ခွန်မဟုတ်သော အတား အဆီး နောက်ထပ် ပုံစံတစ်မျိုးမှာ အစိုးရစည်းမျဉ်းများ (Supercomputer and lasers)သို့မဟုတ် အစိုးရ၏  အထူးအခွင့်အရေး ပေးသော စည်းမျဉ်း များ (Supercomputer and lasers) ဖြစ်သည်။ အဆိုပါ စည်းမျဉ်း များက ပြည်တွင်းကုန်ထုတ်လုပ်သူနှင့် လက်လီရောင်းချသူများကို အထူးအခွင့်အရေး (Supercomputer and lasers) ပေးသည်။ ထို့ပြင် နိုင်ငံတစ် နိုင်ငံသည်  အကောက်ခွန်စည်းမျဉ်းများ   ပြဋ္ဌာန်းခြင်းအားဖြင့် ပြည်တွင်းဈေးကွက်အတွင်းသို့   နိုင်ငံခြားထုတ်ကုန်ပစ္စည်းများ Foreign products) ဝင်ရောက်မလာစေရန် ထိန်းချုပ်နိုင်သည်။ ထို့အတွက် နိုင်ငံတကာတွင် လက်ခံကျင့်သုံးလျက်ရှိသော စံချိန် စံညွှန်းနှင့် မတူကွဲပြားသော ထုတ်ကုန်ပစ္စည်းကို သတ်မှတ်တင်သွင်း ခွင့်ပြုခြင်းမျိုးဖြစ်သည်။  ဥပမာ-လီတာအရွယ်အစား(Liter size) ပုလင်းများကို လက်ခံတင်သွင်းခွင့်ပြု နေရာမှ ကွတ်အရွယ်အစား (Quart size)  ပုလင်းများကိုပြောင်းလဲသတ်မှတ် တင်သွင်းခွင့်ပြုခြင်းဖြစ်သည်။
နိုင်ငံခြားငွေထိန်းချုပ်ခြင်း-  နိုင်ငံခြားငွေထိန်းချုပ်ခြင်း (Exchange controls)) သည်လည်း  အကောက်ခွန်မဟုတ်သော အတား အဆီးတစ်ခုဖြစ်သည်။  နိုင်ငံခြားငွေထိန်းချုပ်သည့်  ဥပဒေအရကုမ္ပဏီတစ်ခုသည် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသော နိုင်ငံခြားငွေကြေး (Foreign currency)  ကိုဗဟိုဘဏ်  သို့မဟုတ် နိုင်ငံခြားငွေရောင်း ဝယ်ခွင့် လိုင်စင်ရရှိထားသော အေဂျင်စီသို့ ရောင်းချရခြင်းဖြစ်သည်။အဆိုပါ ပို့ကုန်ကုမ္ပဏီသည် ပြည်ပမှ ကုန်ကြမ်းဝယ်ယူ တင်သွင်းရန် လိုအပ်ပါကဗဟိုဘဏ် သို့မဟုတ် အထက်ပါလိုင်စင်ရရှိထားသော အေဂျင်စီသို့ သွားရောက်၍ နိုင်ငံခြားငွေဝယ်ယူရမည်ဖြစ်သည်။ထိုကဲ့သို့ ကုမ္ပဏီများသို့ ထုတ်ရောင်းသည့် နိုင်ငံခြားငွေပမာဏ ကို  ထိန်းချုပ်ခြင်းအားဖြင့် အစိုးရသည် သွင်းကုန်တင်သွင်းသည့် ပမာဏကို ထိန်းချုပ်နိုင်သည်။ သွင်းကုန် ကန့်သတ်ခြင်းနှင့် ပို့ကုန်အားပေးခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်ရေးချိန်ခွင်လျှာ Balance of trade)   ကို မျှတကောင်းမွန်စေပါသည်။
ထောက်ပံ့ကြေးပေးခြင်း- ထောက်ပံ့ကြေးပေးခြင်း  (Subsidies)  သည်လည်း ကုန်သွယ်မှု အတားအဆီးတစ်ခုဖြစ်သည်။ ထောက်ပံ့ ကြေးပေးခြင်းဆိုသည်မှာ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စေရန်အတွက်ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား  အစိုးရက ထောက်ပံ့ကြေးပေးခြင်းဖြစ်သည်။ဆန္ဒအလျောက်ပို့ကုန်ကန့်သတ်ခြင်း- ဆန္ဒအလျောက် ပို့ကုန် ကန့်သတ်ခြင်း  (Voluntary export restraint – VER)  သည် ခွဲတမ်းသတ်မှတ်တင်သွင်းခွင့်ပြုခြင်းနှင့် ဆင်တူသည်။
 VER ဆိုသည်မှာ သက်ဆိုင်ရာ နိုင်ငံအချင်းချင်း သွင်းကုန်အရေအတွက်ကို သဘောတူ ကန့်သတ်ခြင်းဖြစ်သည်။  ဥပမာ-၁၉၈၁ ခုနှစ်တွင်  အမေရိကန် ပြည်ထောင်စုသည် VERအသုံးပြု၍ ဂျပန် မော်တော်ကားတင်သွင်းမှု ကို ကန့်သတ်ခဲ့သည်။
Source: opentextbc.ca

သိန်းမြင့်ဝေ

Latest News: 

၂၁ ရာစုကုန်သွယ်မှုစနစ်အတွက် အရေးပါသောအရာ

Thu, 10/06/2022 - 04:11 -- admin_ygn
Undefined

 ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့  (World Trade Organization-WTO)၏ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်(Trade Facilitation Agreement -TFA)  သည်၂၀၁၇ ခုနှစ်တွင် စတင်သက်ဝင်ခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ ကြား ဆယ်စုနှစ် တစ်ခုကျော် ဆွေးနွေးညှိနှိုင်းပြီးနောက်   TFA စတင် သက်ဝင်ခဲ့ခြင်းဖြစ်သည်။   အထူးသဖြင့် WTO TFA သဘောတူ စာချုပ်အရ အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံအဆင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး အစီအမံများကို လိုက်ပါအကောင်အထည်ဖော်ကြ သည်။အဓိပ္ပာယ်နှင့်အရေးပါစေသော အချက်များကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတွင် ကုန်သွယ်မှုစရိတ် လျှော့ချရန်၊  ကုန်သွယ်မှု  စွမ်းဆောင်ရည် အတိုးတက်ဆုံးဖြစ်ရန်၊ ပွင့်လင်းမြင်သာမှု သို့မဟုတ် ကြိုတင်ခန့်မှန်းနိုင်မှုကို မြှင့်တင်ရန် အတွက်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းစဉ်များကို လွယ်ကူ ရှင်းလင်းစေခြင်း၊ ခေတ်မီစေခြင်းနှင့် တစ်ပြေးညီရှိစေခြင်း သို့မဟုတ်  စံသတ်မှတ်ခြင်းတို့ ပါဝင်သည်။ အပြည်ပြည်ဆိုင်ရာလုပ်ငန်းစဉ် များတွင်  ပို့ကုန်၊ သွင်းကုန်နှင့် တစ်ဆင့် ဖြတ်သန်းကုန်သွယ်ရေး လုပ်ငန်းစဉ်များ အကျုံးဝင်ပါသည်။ ထို့ကြောင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး (Trade Facilitation)ဆိုသည်မှာ အကောက်ခွန်နှင့် နယ်စပ် လုပ်ထုံးလုပ်နည်းများသာမကဘဲ သမားရိုးကျ ရှုမြင်သော သယ်ယူပို့ဆောင်ရေး  စရိတ်များမှသည် သတင်းအချက်အလက် စရိတ်၊ စာချုပ်ချုပ်ဆိုသည့်စရိတ်နှင့် စည်းကမ်းထိန်းသိမ်းရေးစရိတ် (Regulatory costs) များအထိပါဝင်သည့် ကျယ်ပြန့်သော သဘော တရားတစ်ခုဖြစ်သည်။ထိုကဲ့သို့ ကျယ်ပြန့်သောရှုထောင့်မှ လေ့လာခြင်းဖြစ်သော ကြောင့်  ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတွင် အကောက်ခွန် မဟုတ်သော အစီအမံများ(Behind–the–border measures) အပြင်စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ပါဝင်သည်။             ထို့ကြောင့်   ဘက်စုံကုန်သွယ်မှု    လွယ်ကူချောမွေ့စေရေး(Multifaceted trade facilitation)တွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး(Infrastracture Development) နှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ပေါ်လစီနှင့် လုပ်ငန်းစဉ်များအား  ကျယ်ပြန့်သော  ပြုပြင်ပြောင်းလဲမှုများ(Comprehemsive reforms)ပါဝင်သည်။ ထို့ပြင် ဘက်စုံကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတွင်  စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းကိုအထောက်အကူပြုသော  လုပ်သာကိုင်သာရှိသည့်  ပတ်ဝန်းကျင် (Enabling Environment)  ဖန်တီးရေးအတွက် အစိုးရဌာနများ၏ စနစ်များအား ပြုပြင်ပြောင်းလဲမှုများ ပါဝင်သည်။ယခုအခါ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးသည် ယခင် ကထက် ပိုမိုအရေးပါလျက်ရှိသည်။ ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေးကို ပိုမိုအရေးပါစေသောအချက် ငါးချက်ရှိသည်။ ၎င်းတို့မှာ အကောက်ခွန်မဟုတ်သော အစီအမံများ(Non-tariff  measures-NTMs) မကြုံစဖူး များပြားလာခြင်း၊ ထုတ်လုပ်မှုကွင်းဆက်(Supply chains) ပြတ်တောက်စေသော အချက်များတိုးပွားလာခြင်း၊ ကမ္ဘာ လုံးဆိုင်ရာ တန်ဖိုးပြောင်းလဲမှုကွင်းဆက် ပြောင်းလဲလာခြင်း (Recon-  figuration of  GVCs)၊ အတုနှင့် မှောင်ခိုကုန်သွယ်မှုပမာဏ(Coun- terfeit and smuggling trade volume)  တိုးတက်လာခြင်းနှင့် နယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်မှု (Cross-border e-commerce) မြင့်မားလာခြင်းတို့ ဖြစ်သည်။
အကောက်ခွန်မဟုတ်သော အစီအမံများ မကြုံစဖူးများပြားလာခြင်း
ကမ္ဘာ့ကုန်သွယ်ရေးလောက၌ အကောက်ခွန်များကို သိသိ သာသာ လျှော့ချနေချိန်တွင် အကောက်ခွန် မဟုတ်သောအစီအမံများ (NTMs) အသုံးများလာသည်ကို  တွေ့ရှိရသည်။ အကောက်ခွန် မဟုတ်သော အစီအမံများ၏ ကုန်သွယ်မှုစရိတ်(Trade costs) သည် ပုံမှန်အကောက်ခွန် ရှင်းလင်းမှုကုန်ကျစရိတ်ထက် နှစ်ဆကျော် ပိုမို များပြားကြောင်း တွေ့ရသည်။ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သတ်မှတ်ချက်များ(Trade facilitation provisions)  သည် အရေးကြီး ပါသည်။ အဘယ်ကြောင့်ဆိုသော်f NTM      သည်
 ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်း အဟန့်အတားများ (Procedural obstacles)နှင့် ဆက်စပ် နေပြီး အဆိုပါအဟန့်အတားများကို ကုန်သွယ်မှုလွယ်ကူချောမွေ့ စေရေး  သတ်မှတ်ချက်များက  တိုက်ရိုက်ဖြေရှင်းပေးနိုင်သော ကြောင့်ဖြစ်သည်။ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အဟန့်အတားများ အဖြစ် ပွင်းလင်းမြင်သာမှုမရှိခြင်း(Lack of transparency) နှင့်စာရွက်စာတမ်း အထောက်အထားများစွာ လိုအပ်ခြင်း  (Duplication of documentation requirements)    စသည်တို့ဖြစ်သည်။ ပွင့်လင်း မြင်သာမှုရှိခြင်းနှင့်အထောက်အထားလိုအပ်ချက် လျှော့ချခြင်းတို့က လုပ်ငန်းရှင်အတွက် စရိတ်လျော့ကျစေသကဲ့သို့ သက်ဆိုင်ရာဌာန၏ စည်းကမ်း ထိန်းသိမ်းရေးစရိတ် လျော့ကျပြီး လုပ်ငန်းစွမ်းဆောင် ရည်ကို မြင့်တက်စေပါသည်။
ထုတ်လုပ်မှုကွင်းဆက် ပြတ်တောက်စေသော အချက်များ တိုးပွားလာခြင်း
ကမ္ဘာ့ကုန်သွယ်ရေး၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းထိ ပါဝင်သော ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်များ(Global value chains-GVCs) သည် ပုံမှန်ရောင်းဝယ်နေသောကုန်သွယ်ရေးနှင့် မတူညီပါ။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးအတက်အကျ မတည် ငြိမ်မှု (Business cycle shocks)နှင့် နိုင်ငံခြား ဝယ်လိုအား မတည် ငြိမ်မှုI (Foreign demand disturbances)  တို့က  GVCများကို ထိခိုက် လွယ်သောကြောင့်ဖြစ်သည်။ သိသာထင်ရှားသော  အချက်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကို  တုံ့ပြန်ရာတွင်နိုင်ငံများစွာ၌ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအစီအမံသစ်များ (New Trade Facilitation Measures) ချမှတ် အကောင်အထည်ဖော်ခဲ့ကြသည်။ ထိုကဲ့သို့အကောင်အထည်ဖော်ခြင်းအားဖြင့်   ဈေးကွက်ရောင်းလိုအား(Market supply)  ကို ထိန်းသိမ်းခဲ့ကြသည်။ အဆိုပါ  ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး အစီအမံသစ်များအဖြစ် ကုန်သွယ်မှုဆိုင်ရာ အထောက်အထားနှင့် သတင်းအချက်အလက်များအား အီလက် ထရွန်နစ်မှတစ်ဆင့် ပေးပို့မှုI(Electronic Submissions)  ကို လက်ခံ ခြင်း၊ လုပ်ငန်းစဉ်အဆင့်များလျှော့ချ၍ လုပ်ငန်းလည်ပတ်မှု သွက် လက်မြန်ဆန်စေခြင်း၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းများ လွယ်ကူ စေရန် ဖြေလျှော့ပေးခြင်း၊ အခြေခံလိုအပ်သော ထုတ်ကုန်များ(Essential products) အတွက်  ဦးစားပေးအစီအစဉ်များ ချမှတ် အကောင်အထည်ဖော်ခြင်း စသည်တို့ကို တွေ့မြင်နိုင်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံအလိုက် တုံ့ပြန်သော ပေါ်လစီများက GVC  များ ကောင်းမွန်စွာ လည်ပတ်ရေးအတွက် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကို ဦးစားပေး လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။ ယခုအခါကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသော မသေချာမှုများကGVC များကို ပိုမိုထိခိုက်လွယ်စေကြောင်းလည်း တွေ့ရှိရသည်။
ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက် ပြောင်းလဲလာခြင်း
ယခုအခါ ထောက်ပံ့ပို့ဆောင်မှု နည်းပညာသစ်များ (New Logistics technologies) ဖြစ်ပေါ်တိုးတက်လျက်ရှိသည်။ အဆိုပါ နည်းပညာသစ်များက ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက်  (GVCs)  ကို ပြောင်းလဲစေသည်။ အပြန်အလှန်အားဖြင့် ပြောင်းလဲလာသော တန်ဖိုးကွင်းဆက်များက နည်းပညာသစ်များကို တောင်းဆိုလျက်ရှိ သည်။ဥပမာ-အင်တာနက်မှတစ်ဆင့် ကိန်းဂဏန်း အချက်အလက် များ ကောက်ယူလွှဲပြောင်းခြင်း (Internet of things-IOT)  သည် ကုန်ပစ္စည်းများ ပို့ဆောင်မှုကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံနိုင်သည်။ ထို့ပြင် ဒီဂျစ်တယ်မှတ်တမ်းထားရှိသော နည်းလမ်း(Block- chain shipping solutions) သည် သင်္ဘောအတင်အချ၊ အကူးအပြောင်း လုပ်သည့်အချိန်ကို လျော့နည်းစေသည်။ဒီဂျစ်တယ် မှတ်တမ်းထား ရှိသော နည်းလမ်းသည် ငွေကြေးပေးချေမှုကို မြန်ဆန်စေပြီး အလို အလျောက် အကောက်ခွန် ရှင်းလင်းနိုင်သောကြောင့် ကုန်စည်စီး ဆင်းမှုကိုလည်း မြန်ဆန်စေသည်။ထို့ကြောင့် ယနေ့အချိန်အခါတွင် ထောက်ပံ့ပို့ဆောင်မှုအပြင် ချိတ်ဆက်မှုစနစ်နှင့် သက်ဆိုင်သော ကုန်သွယ်မှုစရိတ်များသည် တန်ဖိုးပြောင်းလဲမှု လုပ်ဆောင်ချက်နှင့် တည်နေရာ ရွေးချယ်မှုတို့ကိုအဓိကပြဋ္ဌာန်းသော အချက်များဖြစ်လာသည်။ တစ်နည်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက် လုပ်ဆောင်ချက် တိုးတက်ရေး အတွက် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးသည်အလွန်အရေးကြီး ကြောင်းတွေ့ရှိရသည်။မှောင်ခိုနှင့် ကုန်ပစ္စည်းအတုကုန်သွယ်သည့်ပမာဏ တိုးတက်လာခြင်းကမ္ဘာ့ကုန်သွယ်ရေး ကျဆင်းခြင်းနှင့် သေးငယ်သော ပါဆယ်ထုပ်များဖြင့် အရောင်းအဝယ် ပိုမိုပြုလုပ်လာခြင်းကဲ့သို့သော ကိစ္စ ရပ်များက ပစ္စည်းအတုများ ရောင်းဝယ်သည့် တရားမဝင်ကုန်သွယ်မှု ကိုဖြစ်ပေါ်စေသည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှု အဖွဲ့ (Organization of Economic Cooperation and Development-OECD)  ၏
ကိန်းဂဏန်းများအရ ၂၀၁၃ ခုနှစ်တွင် ၂ ဒသမ ၅ ရာခိုင် နှုန်းရှိခဲ့သော အတုနှင့် မူပိုင်ခွင့် ချိုးဖောက်သော ကုန်ပစ္စည်းများ(Counterfeit and pirated goods) သည် ၂၀၂၁ ခုနှစ်တွင်    ၃ ဒသမ ၃ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ကြောင်း  သိရှိရသည်။ ထို့ကြောင့် တရားမဝင် ကုန်ပစ္စည်းအတု ကုန်သွယ်မှုကို ရပ်တန့်စေရန် ကုန် သွယ်မှု လွယ်ကူချောမွေ့စေရေး လိုအပ်ပါသည်။ တရားမဝင်ကုန် သွယ်မှု ရပ်တန့်ထိန်းချုပ်ရေးအတွက် ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေးကို လုပ်ဆောင်ရာတွင် ပို့ကုန် သွင်းကုန်ဆိုင်ရာ အကောက်ခွန်၊ ကုန်သွယ်ခွန်၊ အခကြေးငွေများနှင့်
သက်ဆိုင်သည့် သတင်းအချက် အလက်များ၊ ကုန်စည်စီးဆင်းမှုဆိုင်ရာ သတင်းအချက်အလက်များ ကို ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန် လိုအပ်သည်။ထို့ပြင် နယ်စပ်၊ လေဆိပ်နှင့် ဆိပ်ကမ်းရှိတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အစိုးရဌာန များကြား ပိုမိုပေါင်းစပ်ညှိနှိုင်းရန် လိုအပ်ပါသည်။နယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်မှု မြင့်မားလာခြင်း
မကြာမီနှစ်များမှစတင်၍ ဒီဂျစ်တယ်ကူးသန်းရောင်းဝယ်မှု(Digital Commerce) သိသိသာသာ တိုးတက်လျက်ရှိသည်။ ကုလ သမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံ(United Nations Con- ference on Trade and Development-UNCTAD)၏ ခန့်မှန်းချက် အရဒီဂျစ်တယ်ကုန်သွယ်မှုတန်ဖိုးသည် ကမ္ဘာ့ဂျီဒီပီ(Global GDP)  ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိသည်။ ပြည်တွင်းကုန်သွယ်ရေးနှင့် အပြည် ပြည်ဆိုင်ရာကုန်သွယ်ရေးတွင် ဒီဂျစ်တယ်ကုန်သွယ်ရေး(Digital Trade) ကို ပိုမိုအသုံးပြုလျက်ရှိသည်။   Digital trade သည်ကုန်သွယ် မှုလွယ်ကူချောမွေ့စေရေး ပြုပြင်ပြောင်းလဲမှုများ (Trade facilitation reforms)  အတွက်  အလွန်လိုအပ်သော  အရာလည်းဖြစ်သည်။ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး(e-commerce)  တွင် ထိထိ ရောက်ရောက် ပူးပေါင်းပါဝင်ရန်အတွက် အလိုအလျောက် နယ်စပ် ဖြတ်ကျော်လုပ်ငန်းစဉ်များ(Automation of cross-border processes) လိုအပ်သည်။အလိုအလျောက် နယ်စပ်ဖြတ်ကျော် လုပ်ငန်းစဉ်ဆို သည်မှာ စာရွက်စာတမ်း အသုံးမပြုသော နယ်စပ်ဖြတ်ကျော် ကုန် သွယ်ခြင်း  (Cross-border paperless trade)  ကိုဆိုလိုသည်။အတိုချုပ် အားဖြင့် ဒီဂျစ်တယ်ကုန်သွယ်ရေးတွင် ကုန်သွယ်ရေးချိတ်ဆက်မှု(Trade connectivity)ကို တိုးတက်စေသည့် ဒီဂျစ်တယ်ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေး နည်းလမ်းများ(Digital trade facilitation mechanisms) ပါဝင်သည်။
အဓိကသတင်းစကား
အထက်ဖော်ပြပါ အချက်အလက်နှင့် ဥပမာများအရ သော့ ချက်ကျသည့် သတင်းစကားတစ်ခုရှိသည်။ ယင်းမှာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ကုန်သွယ်မှုအတွက် အလွန်ကောင်းမွန်သောအရာ ဖြစ်ပါ သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ လမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထိ ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေးသဘောတူညီချက် (TFA)  ကို ၉၄ ရာခိုင်နှုန်းခန့် အကောင် အထည်ဖော်ထားကြောင်း တွေ့ရှိရသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ များက   ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်းလည်း သိရသည်။                   
              Source: business today.com.mg

 

Latest News: 

Pages

Subscribe to RSS - ဆောင်းပါးများ