ရွှေဘိုဈေးကွက်သို့ ကုလားပဲ(V2)များ စတင်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

Wed, 04/10/2024 - 08:30 -- comsumer

     စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုဈေးကွက်သို့ ကုလားပဲ(V2)သီးနှံများ မတ်လ(ဒုတိယ အပတ်)မှစတင်၍ ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းအနေဖြင့် ကုလားပဲ(V2) တစ်တင်းလျှင် (၇၈၀၀ဝ)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း၊ တန်အားဖြင့် (၂၅)တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှိုင်းယှဉ်ပါက  ယခင်နှစ်၌ ကုလားပဲ(V2) တစ်တင်းလျှင် (၆၇၃၀ဝ)ကျပ်သာ ပေါက်ဈေး ရှိခဲ့ သဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် တစ်တင်းလျှင် (၁၀၇၀ဝ)ကျပ် ဈေးနှုန်းပိုမိုရရှိခဲ့ပြီး ဝင်ရောက်သည့် ကုလားပဲ(V2)များအားလုံး ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)