ဗုဒ္ဓဟူးနေ့ ၂၄ ဧပြီလ  ၂၀၁၃ 10 :15  AM

မြန်မာ- ထိုင်းနယ်စပ်ရှိ မြဝတီ ကူးသန်း ရောင်းဝယ် ရေးဇုန်မှ မတ်လတွင် ကန်ဒေါ်လာ ၃ ဒသမ ၁၆၃ သန်းတန် ဖိုးရှိ မြေပဲဆံ ၁၉၁၇ တန်ကျော် တင်ပို့နိုင် ခဲ့ပါတယ်။ အနီးကပ် ဆုံးကာလထက် ၃၈၄ တန်နီး ပါးတင်ပို့မှု လျော့နည်း ခဲ့ပါတယ်။ မိမိဘက်မှ မြေပဲများကို တစ်ဖက်နိုင်ငံ တွင်မုန့်လုပ် ငန်းများနဲ့ စားသုံးဆီ အဖြစ်အ သုံးပြုကြောင်း၊ မဲဆောက်မှ တဆင့်ဘန် ကောက်ဈေး ကွက်အထိ တင်ပို့ကြောင်းနဲ့ ဘန်ကောက် မှတဆင့် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ ပြန်လည် တင်ပို့ကြောင်း သိရှိရပါတယ်။ ယခုလ အတွင်းပြည် တွင်းမှာ မြေပဲဈေး အနည်းငယ် တက်လာခြင်း၊ ကုန်ပစ္စည်း ထွက်ရှိမှု လျော့ကျလာခြင်း၊ ပစ္စည်း ရရှိရန် ခက်ခဲခြင်း များကြောင့် တင်ပို့ နိုင်မှုကျ ဆင်းခဲ့ ပါတယ်။ မြဝတီ ကူးသန်း ရောင်းဝယ် ရေးဇုန်ရဲ့ ဇန်နဝါ ရီလမှ မတ်လ ထိမြေပဲ ဆံတင် ပို့မှုမှာ ၇၄ဝ၂ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၁၂ သန်းနီးပါး တင်ပို့ နိုင်ခဲ့ပါတယ်။

ခင်မြနွယ်     (MIRT)

ဗုဒ္ဓဟူးနေ့ ၂၄ ဧပြီလ  ၂၀၁၃ 10 :00  AM

မြန်မာ- ထိုင်းနယ် စပ်ရှိ မြဝတီ ကူးသန်း ရောင်းဝယ် ရေးဇုန်မှ မတ်လတွင် ကန်ဒေါ်လာ ၁ ဒသမ ၉၉၃ သန်းတန်ဖိုးရှိ ဆန်ကွဲ ၅၈၆၁ တန်တင်ပို့ နိုင်ခဲ့ပြီး အနီးကပ် ဆုံးကာလ နဲ့နှိုင်းယှဉ်ပါက ၃၃၄၇ တန်နီး ပါးပိုမို တင်ပို့ နိုင်ခဲ့ တာတွေ့ ရပါတယ်။ ဆန်ကွဲကို မုန့်လုပ် ငန်းများနဲ့ အရက်ချက် လုပ်ငန်း များမှာ ပိုမိုအ သုံးပြုပြီး တစ်ဖက်နိုင်ငံ အနေနဲ့ တရားမဝင် လမ်းကြောင်းမှ တင်ပို့မှုအ ပေါ်တားမြစ်မှု လျော့နည်း လာခြင်း၊ တစ်ဖက် နိုင်ငံကုန် သည်များ အနေနဲ့ မိမိတို့ နိုင်ငံမှ တင်ပို့နေတဲ့ ဆန်များ အရည်အ သွေးနိမ့် ကျတဲ့အတွက် ဆန်ထက် ဆန်ကွဲကို ပိုမိုနှစ် သက်မှာ ယူလျက် ရှိကြောင်း၊ သြင်္ကန် ကာလပိတ် ရက်များနီး လာသဖြင့် ကုန်မှာ ယူမှုများ လာကြောင်း ကုန်သည် များထံမှ သိရပါတယ်။ ဆန်ကွဲ တင်ပို့မှု အတွက် Form D ပါရှိပါက သတ်မှတ် အခွန် နှုန်းနဲ့ တင်သွင်း ခွင့်ပြုခဲ့ သော်လည်း အခွန်နှုန်း မြင့်မား၍ တရားမဝင် လမ်းကြောင်း မှသာတင် ပို့လျက် ရှိကြောင်း၊ Form D ကိုမူ မိမိတို့ နိုင်ငံ ထွက်ကုန် ပစ္စည်း ဖြစ်ကြောင်း အထောက် အထားအဖြစ် ရယူရခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိ ရပါတယ်။ မြဝတီ ကူးသန်း ရောင်းဝယ်ရေး ဇုန်ရဲ့ ဇန်နဝါ ရီလမှ မတ်လထိ ဆန်ကွဲ တင်ပို့ မှုမှာ ၉၂၆၂ တန်နီးပါး၊ တန်ဖိုး ကန်ဒေါ်လာ ၃ သန်းကျော် တင်ပို့နိုင် ခဲ့ပါတယ်။

ခင်မြနွယ်    (MIRT)

တနင်္လာနေ့ ၈ ဧပြီလ  ၂၀၁၃ 11 : 23  AM

အမိ နိုင်ငံ တော်ကြီး သည် ဒီမို ကရေစ နိုင်ငံ တော်သစ် ဆီသို့ ဦး တည်ချီ တက်နေ ချိန်မှာ အဖက် ဖက်မှ ဖွံ့ဖြိုး တိုးတက် လျက်ရှိ တာနဲ့အမျှ ဒေသ တွင်းကုန်သွယ် မှုမှာလည်း ယခင် ကထက် အဆ ပေါင်း များစွာ တိုးတက် လာခဲ့ ပါ တယ်။ မြန်မာ နိုင်ငံ ရဲ့အ ရှေ့ဘက်၊ တောင် ဘက်၊ အနောက် ဘက်၊ မြောက် ဘက်တို့ မှာရှိတဲ့ အိမ်နီး ချင်းကပ် လျက် နိုင်ငံ တွေနဲ့ တစ်လ ထက်တစ် လ၊ တစ်နှစ် ထက်တစ် နှစ်အရှိန် အဟုန်ပြင်း ပြင်းဖြင့် ကုန်သွယ် မှုပြုလုပ် လျက်ရှိရာ မြန်မာ နိုင်ငံရဲ့ အရှေ့ မြောက် ဘက်မှာ ရှိတဲ့ ချင်းရွှေ ဟော် နယ်စပ် ကုန်သွယ် ရေးစခန်း ဟာလည်း အရေး ပါသော စခန်း တစ်ခ ုဖြစ်ပါတယ်။ ချင်းရွှေ ဟော်စ ခန်းဟာ ''ဝ'' ကိုယ်ပိုင် အုပ်ခုျပ် ခွင့်ရ တိုင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ခုျပ် ခွင့်ရဒေ သတို့ နဲ့ဆက်စပ် လျက်ရှိပြီး လားရှိုး၊ သိန္နီမြို့ တို့နဲ့ လမ်းပန်း ဆက်သွယ် ရေးကောင်း မွန်လာ ခြင်းတို့ ကြောင့် ယခင် နှစ်များ ထက် ကုန် သွယ်မှု မှာဖွံ့ဖြိုး တိုးတက် လာခဲ့ပါတယ်။

.......... (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

 

တစ်ဖက် နိုင်ငံ ဘက်ကြည့် လျှင်လည်း တရုတ် နိုင်ငံ ယူနန် ပြည်နယ် မြို့တော် ကူမင်း၊ လင်ချန်း ခရိုင် မိန်းတိမ် မြို့မှ မြန်မာ ဘက်ချင်း ရွှေဟော်၊ ကွမ်းလုံ၊ သိန္န္နီီ၊ လားရှိုး၊ မန္တလေး မှတစ် ဆင့် စစ်ကိုင်း တိုင်းကို ဖြတ်ကျော် ကာ အိန္ဒိ ယနိုင် ငံ၊ ဘင်္ဂ လားဒေ့ရှ် နိုင်ငံ တို့ဘက် ကို ဆက်သွယ် ရန်လမ်း မကြီး အဖြစ် ရည်မှန်း ဖော်ဆောင် လျက်ရှိ ကြောင်း သိရ ပါတယ်။ တရုတ်နိုင်ငံ ယူနန် ပြည်နယ်၊ လင်ချန်း ခရိုင်ရှိ လောက် ကိုင်မြို့ တစ်ဖက်ကမ်း နမ်ဆန်မြို့ စက်မှု ဇုန်အ ကောင်အ ထည်ဖော် လျက်ရှိ ပြီး မြန်မာ နိုင်ငံ ရခိုင် ပြည် နယ် (ကျောက်ဖြူ) ရေနက် ဆိပ်ကမ်း မှတစ် ဆင့် တရုတ် နိုင်ငံ တောင်ပိုင်း နဲ့ အရှေ့ ပိုင်းမှ ထွက်ရှိ တဲ့ကုန်ပ စ္စည်းများကို တင်ပို့ ရန်စီစဉ် လျက်ရှိပါတယ်။ ယခုလမ်း ကြောင်းဟာ တရုတ် ကုန်ပစ္စည်း အမြောက် အမြား ကို အာရှ ဒေသတွင်း နဲ့ အနောက် အုပ်စု နိုင်ငံများ စီသို့ တရုတ် ပင်လယ် ဆိပ်ကမ်း မှ စင်္ကာ ပူနိုင် ငံအ နီးရှိ မလက္ကာ ရေလမ်းကြား မှတစ်ဆင့် ခရီးဝေး ပတ်၍ ပင်လယ် ရေကြောင်း ဖြင့် တင်ပို့ တဲ့အချိန် လျော့ချ နိုင်ပြီး အခြား ကုန်ကျ စရိတ်လည်း များစွာ သက်သာ နိုင်စေ မှာဖြစ် ပါတယ်။ တရုတ် နိုင်ငံ ရဲ့ထွက် ကုန်ပစ္စည်း များ ကို ၎င်းတို့ရဲ့ အနောက် ဘက်ထွက် ပေါက်ဖြစ်တဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် (ကျောက်ဖြူ) ရေနက် ဆိပ်ကမ်း မှတစ်ဆင့် ရေကြောင်း ဖြင့် အိန္ဒိယ၊ ပါက စ္စတန်၊ ဘင်္ဂလား ဒေ့ရှ်၊ သီရိ လင်္ကာ၊ အရှေ့ အလယ် ပိုင်းနိုင် ငံများ၊ အာဖရိက တိုက်ရှိ နိုင်ငံများ၊ ဥရောပ နိုင်ငံများ သို့တင်ပို့ နိုင်မှာဖြစ် သလို ၎င်းတို့ ရဲ့လို အပ်ချက် ဖြစ်တဲ့ သွင်းကုန် ပစ္စည်း များကို လည်း အထက်ပါ လမ်းကြောင်းမှ တစ်ဆင့် အချိန်တို အတွင်း သယ်ယူ တင်သွင်း နိုင်မှာ ဖြစ်ပါတယ်။

သို့ဖြစ်၍ ချင်းရွှေဟော် - သိန္န္နီီ -လားရှိုး - မန္တလေး လမ်းဟာ တရုတ် နိုင်ငံရဲ့ အဓိက ကုန် သွယ်လမ်း ကြောင်း ဖြစ်လာမှာ ဧကန် မုချ ဖြစ်ပါတယ်။ အဘယ်ကြောင့် ဆိုသော ယူနန် ပြည်နယ် မြို့တော် ကူမင်း မှ လင်ချန်း ခရိုင်၊ မိန်းတိမ် -ချင်းရွှေ ဟော်အ မြန်လမ်း မကြီးအား လုံးပြီးစီး ပါက ကူမင်း - ရွှေလီ -ကျယ်ဂေါင် လမ်းမထက် ခရီး ၂ဝဝ ကီလို မီတာ ပို၍တို တောင်းပြီး အချိန်နဲ့ အခြား ကုန်ကျ စရိတ်များ သက်သာ စွာနဲ့ သွားလာ နိုင်မှာဖြစ် ပါတယ်။ ချင်းရွှေ ဟော်ကုန် သွယ်ရေး စခန်းရဲ့ ကုန်သွယ် မှုပ မာဏ ကို လေ့လာ ကြည့်ပါက ယခင် ကာလ များထက် နှစ်စဉ် တိုးတက် နေတာ ဟာလည်း သက်သေ အဖြစ် ဖော်ပြ နေပါတယ်။ အခု ဘဏ္ဍာ နှစ်ဖြစ်သော ၂ဝ၁၂ - ၂ဝ၁၃ ဘဏ္ဍာ နှစ်မှာ စုစု ပေါင်းကုန် သွယ်မှု ပမာဏ အမေရိ ကန်ဒေါ် လာ သန်း ၂ဝဝ ကျော် အထိ ဆောင်ရွက် နိုင်ပြီး ဖြစ်ပါတယ်။ အထက် ကဖော် ပြခဲ့ သော ချင်း ရွှေဟော် - ကွမ်းလုံ - သိန္န္နီီ လမ်းအပိုင်း ကို မြန်မာ နိုင်ငံ Asia World Co.,Ltd. မှ ပေ ၄ဝ အကျယ် ရှိသော အမြန်လမ်း မကြီး အဖြစ် တိုးခဲျ့ ဖောက်လုပ် လျက် ရှိရာ များမကြာမီ ကာလ အတွင်း ပြီးစီး တော့မှာ ဖြစ်ပါတယ်။ ဒီလမ်း တွေပြီး စီးပါက နောင်တွင် မြန်မာ - တရုတ် ကုန်သွယ် မှုပိုမို တိုးတက် လာတော့မဲ့ အပြင် ကျောက်ဖြူ ရေနက ဆိပ်ကမ်း မှ တစ်ဆင့် ပြည်ပ နိုင်ငံများသို့ တစ်ဆင့် တင်ပို့ နိုင်တော့ မည်ဖြစ်ရာ ကုန်သွယ်မှု ပမာဏ အဆ များစွာ တိုးတက် တော့မှာ ဖြစ်ပါတယ်။

ယခုအခါ ချင်းရွှေ ဟော်ကုန် သွယ်ရေး စခန်းမှ တစ်ဆင့် တရုတ် နိုင်ငံသို့ မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်း များ၊ ရေထွက် ပစ္စည်း များကို အဓိက တင်ပို့ လျက်ရှိရာ ယခု နှစ် မှာပို့ ကုန် တန်ဖိုး အမေ ရိကန် ဒေါ်လာ ၁၈၅ သန်းကျော် ရရှိ ပြီးလို့ သိရ ပါတယ်။ မိမိနိုင်ငံ အတွက် အကျိုး ဖြစ်ထွန်း စေမဲ့ သွင်းကုန် ပစ္စည်း များကိုလည်း တစ်ဖက် နိုင်ငံမှ တင်သွင်း ပေးလျက် ရှိတဲ့ စခန်း တစ်ခု ဖြစ်ပါ တယ်။ ချင်းရွှေ ဟော်နယ် စပ်ရဲ့ သွင်းကုန် တွေက တော့ ဘိလပ် မြေ၊ ဖယောင်း၊ ကော်စေ့၊ ဆပ်ပြာမှုန့်၊ မြေပဲ အခွံခွာ စက်၊ ဆိုလာ သုံးရေ ပူစက်နဲ့ အခိုျမှုန့် တို့ ဖြစ်ကြ ပါတယ်။

ချင်းရွှေဟော်စခန်း၏ နှစ်အလိုက်ကုန်သွယ်မှုပမာဏကိုကြည့်မယ်ဆိုလျှင်






စဉ် ဘဏ္ဍာနှစ် ပို့ကုန် သွင်းကုန် ကုန်သွယ်မှုပမာဏ
၂ဝဝ၄-၂ဝဝ၅ ဝ.ဝ၆၆ ဝ.ဝဝ၁ ဝ.၀၆၇
၂ဝဝ၅-၂ဝဝ၆ ဝ.၀၂၅ ဝ.၀၀၃ ၁.၀၂၈
၂၀၀၆-၂၀၀၇ ၂.၅၁၂ ဝ.၃၅၅ ၂.၈၆၇
၂၀၀၇-၂၀၀၈ ၁၄.၇၈၉ ဝ.၁၉၂ ၁၄.၉၈၁
၂၀၀၈-၂၀၀၉ ၇.၄၄ ဝ.၀၁၁ ၇.၄၅၁
၂၀၀၉-၂၀၁၀ ၈.၁၃၁ ဝ.၁၃၄ ၈.၂၆၅
၂၀၁၀-၂၀၁၁ ၃၁.၀၁၅ ဝ.၅၀၃ ၃၁.၅၁၈
၂၀၁၁-၂၀၁၂ ၇၂.၄၈၅ ဝ.၈၂၅ ၇၃.၃၁
၂၀၁၂-၂၀၁၃ ၁၅၈.၄၇၄ ၁၅.၀၃၄ ၂၀၀.၅၀၈

         ၁၅၈.၄၇၄၁၅.ဝ၃၄ ၂ဝဝ.၅ဝ၈ ၂၆ ရက်နေ့) အထိ

လမ်းပန်း ဆက်သွယ် ရေးကောင်း မွန်လာ တာနဲ့ အမျှ တိုင်းရင်း သားများ နေထိုင်ရာ အရှေ့ မြောက်ဒေ သ ဟာ အလျင် အမြန် ဖွံ့ဖြိုး တိုးတက် လာမှာ ဖြစ်ပြီး ဒေသ တွင်းရှိ တိုင်းရင်း သားများ အတွက် လည်း အလုပ် အကိုင် အခွင့် အလမ်း ကောင်းများ ထပ်မံ ရရှိလာ စေမှာ ဖြစ်ပါတယ်။ ဒေသ ဖွံ့ဖြိုး တိုးတက် ရေးအ တွက် လက်တွဲ ကြိုးပမ်း ဆောင်ရွက် နေတဲ့ ဒေသ နေပြည် သူများ နဲ့ ကုန်သွယ် မှုကို ကြိုးစား ဆောင်ရွက် နေတဲ့ နိုင်ငံ ဝန်ထမ်း များကို ချစ်ခင် လေးစားပြီး ဝမ်းသာ ဂုဏ်ယူ ပီတိ ဖြစ်ရ ပါကြောင်း။

   အိုးပါး (ချင်းရွှေဟော်)

တနင်္လာနေ့ ၂၀ မတ်လ  ၂၀၁၃ 01 း 36 PM

ကန်ပိုက်တီး ကူးသန်း ရောင်းဝယ်ရေး နယ်စခန်း၏ ၃/၂ဝ၁၃ ကြိမ်မြောက် ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေး ကို ၂ဝ၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့ ၁၃းဝဝ ချိန်၌ ကန်ပိုက်တီး ကူးသန်း ရောင်းဝယ်ရေး နယ်စခန်း အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ကန်ပိုက်တီး ကူးသန်း ရောင်းဝယ်ရေး နယ်စခန်းမှ OSS ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ နယ်မြေခံ (၁ဝဝ၃) နယ်ခြားစောင့်တပ်မှ တာဝန်ရှိ သူများ၊ မြို့နယ်ခွဲ အထွေထွေ အုပ်ခုျပ်ရေး ဦးစီးဌာနမှူးနှင့် ဆက်စပ်ဌာန ဆိုင်ရာများ၊ ကန်ပိုက်တီး ကူးသန်း ရောင်းဝယ်ရေး ကုန်သည်ကြီးများ အသင်း ဥက္ကဌနှင့် ကုန်သည် လုပ်ငန်းရှင်များ တက်ရောက် ကြပြီး အစည်းအဝေး၌ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် အတွင်း ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု ပမာဏ လျာထားချက်များ အပေါ် အကောင်အထည် ဖော်ဆောင် ရွက်ပြီးစီးမှု အခြေအနေများ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်သွယ်မှု လျင်မြန်စွာ ချောမွေ့စေရေး၊ နိုင်ငံတော်မှ ပြောင်းလဲ ဆောင်ရွက်လျက် ရှိသည့် ပို့ကုန် သွင်းကုန် လုပ်ငန်း များတွင် လိုင်စင်ပြု လုပ်ရန်မလိုဘဲ တင်ပို့ တင်သွင်း ခွင့်ပြုလျက်ရှိသည့် အခြေအနေများ၊ တစ်ဦးတည်းပိုင် ပို့ကုန် သွင်းကုန် လက်မှတ် ထုတ်ပေး ဆောင်ရွက်မည့် အခြေအနေများ၊ ကုန်သည် လုပ်ငန်းရှင်များ လုပ်သာကိုင်သာ ရှိစေရေး နိုင်ငံတော်မှ ဖြေလျော့ပေးမှု အခြေအနေများ အပေါ် ကုန်သည် လုပ်ငန်းရှင်များမှ သိရှိနားလည်ပြီး နိုင်ငံတော် အပေါ် သစ္စာရှိရှိ အလုပ်အကျွေး ပြုရန်နဲ့ မှန်ကန်တဲ့ ကုန်သွယ်မှု လမ်းကြောင်းပေါ်၌သာ လျှောက်လှမ်း ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်ရှိ တရားမဝင် ငွေကြေး ကောက်ခံ နေသည့် ကိစ္စများ အပါအဝင် ကုန်သွယ်မှု ဆိုင်ရာ ကိစ္စများ အား ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါတယ်။

ကသရ (ကပတ)

ကြာသပတေးနေ့ ၂၁ မတ်လ  ၂၀၁၃ 11 း 30 AM

မိုင်းယောင်း မြို့နယ် အတွင်း ထွက်ရှိတဲ့ ဒေသသုံး ထက်ပိုလံျှသော ကောက်ညှင်း စပါးများကို ပြည်သို့ တင်ပို့ နေခြင်းအား ၂ဝ၁၄ ခုနှစ်မှစ၍ စပါးအတိုင်း ပြည်ပသို့ တင်ပို့ခွင့် ပြုတော့မည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တာချီလိတ်မြို့ မြို့နယ် အကောက်ခွန် ဦးစီး ဌာနမှာ ကျင်းပ ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ဒုတိယ စခန်းတာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းမှ အထက်ဌာန ညွှန်ကြားချက် များကို ရှင်းလင်း ပြောကြားရာမှာ ထည့်သွင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ လူထု အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန် ရည်ရွယ်ပြီး ဒေသ အတွင်း အရည်အသွေးမီ ကြိတ်ခွဲ နိုင်သော ဆန်စက်များ တည်ဆောက်ကာ ဆောင်ရွက် သွားရန် ညွှန်ကြားချက်များ အရ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ မိုင်းယောင်း ဒေသမှ ထွက်ရှိလာမဲ့ ကောက်ညှင်း စပါးများအား တင်ပို့ခွင့် ပေးတော့မှာ မဟုတ်ကြောင်း သိရှိရပါတယ်။

 

Source ကသရ (တခလ)                                         ခင်မိုးသူ

Pages