လိုင်စင် ထုတ်ပေးမှု အပေါ် နယ်စပ်စခန်း အသီးသီး မှ အမှန် ဆောင်ရွက်နိုင်မှု စာရင်း အချက်အလက်များ ကို အချိန် ကုန်သက်သာစွာဖြင့် လွယ်ကူ လျင်မြန်စွာထုတ်ယူ ကြည့်ရှု့ နိုင်ရေး အတွက် Trade Data Reporting System အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စနစ် မှ နေ့စဉ် ၊ အပတ်စဉ် ၊ လစဉ် ၊ နှစ် စဉ် အမှန်တင်ပို့ /တင်သွင်း စာရင်း အချက်အလက်များအား အချိန်နှင့် တပြေးညီ ထုတ်ယူနိုင်ပြီး ပစ္စည်း အလိုက်၊ H.S. Code အလိုက်၊ နယ်စခန်းအလိုက်၊ ငွေကြေးအလိုက် လိုအပ်သော အစီရင်ခံစာများကို Data များအဖြစ်(သို့) ဇယားများ အနေဖြင့် ထုတ်ယူနိုင်သော စနစ်ဖြစ်ပါသည်။