IELPS And BTOS System

Thu, 05/09/2013 - 10:56 -- admin

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများနှင့်ဆက်စပ်သည့် E-Government စနစ်များ 

ကုန်သွယ်ရေးဦးစီးဌာနတွင် ရုံးချုပ်မှ လိုင်စင်ထုတ်ပေးသည့်စနစ်မှာ IELPS စနစ်ဖြစ်ပြီး နယ်စပ်စခန်း များတွင် ဦးစီးဌာန (၄) ခု ပူးပေါင်း ဆောင်ရွက်၍ လိုင်စင် ထုတ်သည်မှ အမှန်တင်ပို့/ သွင်းသည် အထိ ဆောင်ရွက်သည့် စနစ်အား BTOS စနစ် ဟူ၍ ဖြစ်ပါသည်

  • IELPS (Import Export Licence & Permit System)

   ကုန်သွယ်ရေးဦးစီးဌာနသည် IELPS ကွန်ပျူတာစနစ်ကို အသုံးပြု၍ ရုံးချုပ်မှခွင့်ပြုသော ပို့ကုန်၊ သွင်းကုန် လိုင်စင်များအား ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက် နေ့မှစတင်ကာ လိုင်စင်ထုတ်ပေးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက် နိုင်ခဲ့ပါသည်။

  • BTOS (Border Trade Online System)

Border Trade Online System တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဦးစီးဌာနများမှာ-

( ၁ ) ကုန်သွယ်ရေးဦးစီးဌာန

( ၂ ) အကောက်ခွန်ဦးစီးဌာန

( ၃ ) ပြည်တွင်းအခွန်ဦးစီးဌာန

( ၄ ) မြန်မာ့စီးပွားရေးဘဏ် တို့ ဖြစ်ပါသည်။

 
 

BTOS စနစ် Application logo

 
  • မူဆယ်စခန်း၌ ပို့ကုန်လိုင်စင်အား BTOS စနစ်ဖြင့် ဆောင်ရွက်ပုံအဆင့်ဆင့်

Border Trade Online System အသုံးပြု ၍ Export Licence အချောထုတ်ပေးခြင်းအား (၂၀-၁-၂၀၀၇) ရက်နေ့မှစ တင်၍ ဆောင်ရွက်ခဲ့ပါသည်။ BTOS စနစ်နှင့် နေပြည်တော် (ရုံးချုပ်) ၏ IELPS (Import Export Licencing & Permit System) စနစ်တို့အား ချိတ်ဆက်ထားရှိ ၍ ရုံးချုပ်တွင် လျှောက်ထားရရှိသော မူဆယ်ထွက်ပေါက် ပို့ကုန်လိုင်စင်များအား IELPS စနစ်မှ BTOS စနစ်သို့ Online မှတဆင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး ပေးပို့ပေးပါသည်။

 
  • မူဆယ်စခန်း၌ သွင်းကုန်လိုင်စင်အား BTOS စနစ်ဖြင့် ဆောင်ရွက်ပုံအဆင့်ဆင့်

Border Trade Online System အသုံးပြု ၍ Export Licence အချောထုတ်ပေးခြင်းအား (၉-၂-၂၀၀၇) ရက်နေ့မှစ တင်၍ ဆောင်ရွက်ခဲ့ပါသည်။ BTOS စနစ်နှင့် နေပြည်တော် (ရုံးချုပ်) ၏ IELPS (Import Export Licencing & Permit System) စနစ်တို့အား ချိတ်ဆက်ထားရှိ ၍ ရုံးချုပ်တွင် လျှောက်ထားရရှိသော မူဆယ်ထွက်ပေါက် သွင်းကုန်လိုင်စင်များအား IELPS စနစ်မှ BTOS စနစ်သို့ Online မှတဆင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး ပေးပို့ပေးပါသည်။

 

 
 
 

 

  • Myanmartradenet Website မှတစ်ဆင့် Online လိုင်စင်လျှောက်ထားခြင်း

     ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ခွင့်ပြု ပို့ကုန်၊ သွင်းကုန် လိုင်စင်များအား ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ စ၍ မိမိကုမ္ပဏီရုံးခန်း (သို့မဟုတ်) Internet Connection ရရှိသည့် မည်သည့်နေရာမှ မဆို http://www.myanmartradenet.com မှတစ်ဆင့် Online ဖြင့် လိုင်စင်လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။