ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (27.420) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.15၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (29.570) ဒေါ်လာသန်း ဖြစ်ပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလ(၆) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၉.၆၁၉) ဒေါ်လာသန်း၊ သွင်းကုန်(၁.၄၈၄)ဒေါ်လာသန်း၊ စုစုပေါင်း(၁၁.၁၀၃)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှု လျာထားချက်အပေါ် (၃၇.၅၄၇%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဧပြီလ(၆)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ပဲယင်း၊ပဲကြီး၊ ပဲနီကြား၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ ထောပတ်ပဲ၊ မတ်ပဲ၊ ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီး၊ ငရုတ်ခြောက်၊ မကျည်းသီး(အစေ့ပါ)၊ကြက်သွန်နီ၊ အင်ကြင်းကျောက်၊ စကျင်ကျောက်ဆင်းတုနှင့် လောင်စာတောင့်ိိတို့တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် CMP စပစ္စည်းများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ဧပြီလ(၂)ရက်မှ ဧပြီလ(၆) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၅၂၉၆) တန်၊ တန်ဖိုး (၅.၃၁၇) ဒေါ်လာသန်း၊ ပဲမျိုးစုံ တင်ပို့မှု အနေဖြင့်ပဲယင်း တန်ချိန် (၁၈၈.၂) တန်၊ တန်ဖိုး (၀.၁၃၁) ဒေါ်လာသန်း၊ပဲကြီးတန်ချိန် (၂၃၈) တန်၊ တန်ဖိုး (၀.၂၂၀) ဒေါ်လာသန်း၊ ပဲနီကြား တန်ချိန် (၁၃၆) တန်၊ တန်ဖိုး (၀.၀၉၄) ဒေါ်လာသန်း၊ ထောပတ်ပဲ တန်ချိန်(၂၄၁.၅) တန်၊ တန်ဖိုး (၀.၂၃၂) ဒေါ်လာသန်း၊မတ်ပဲ တန်ချိန် (၆၆.၇၇) တန်၊ တန်ဖိုး (၀.၀၆၀) ဒေါ်လာသန်း၊ မြေထောက်ပဲ တန်ချိန် (၃၃) တန်၊ တန်ဖိုး (၀.၀၄၀) ဒေါ်လာသန်း၊ နိုင်လွန်ပဲ တန်ချိန် (၁၅၄) တန်၊ တန်ဖိုး (၀.၁၀၂) ဒေါ်လာသန်း၊သစ်သီးဝလံ တင်ပို့မှုအနေဖြင့်ရွှေဖရုံသီး တန်ချိန် (၆၅၉) တန်၊ တန်ဖိုး(၀.၀၆၆)ဒေါ်လာသန်း၊ ဖရဲသီး တန်ချိန် (၁၄၈၅)တန်၊ တန်ဖိုး (၀.၁၅၃) ဒေါ်လာသန်း၊ငရုတ်သီး တန်ချိန် (၄၇၀) တန်၊ တန်ဖိုး(၀.၄၂၁)ဒေါ်လာသန်း၊ငရုတ်ခြောက် တန်ချိန် (၁၀၄.၂)တန်၊ တန်ဖိုး (၀.၁၅၅) ဒေါ်လာသန်း၊ ကြက်သွန်နီ  တန်ချိန် (၃၅၆၅) တန်၊ တန်ဖိုး (၁.၅၈၇) ဒေါ်လာသန်း၊ မကျည်းသီး(အစေ့ပါ)  တန်ချိန် (၆၇.၅) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ အင်ကြင်းကျောက်  တန်ချိန် (၈) တန်၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ စကျင်ကျောက်ဆင်းတု  တန်ချိန် (၁၆.၉၇၀) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း နှင့် လောင်စာတောင့်တန်ချိန် (၂၅) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီးနှင့် လူသုံး အဝတ်အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း တန်ချိန် (၁၅၁.၅၅   )တန်၊ တန်ဖိုး(၀.၁၁၈) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၉၁) တန်၊ တန်ဖိုး (၀.၁၉၇) ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်း တန်ချိန် (၄၄၀) တန်၊ တန်ဖိုး (၀.၂၈၈) ဒေါ်လာသန်းနှင့် CMP အထည်ချုပ်ပစ္စည်း တန်ချိန် (၁၀၅.၉) တန်၊ တန်ဖိုး (၀.၆၇၆) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

                မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ(၃၁) ရက်နေ့မှ ဧပြီလ (၂) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၃၆၉) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၉၄၉) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၃၁၈) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းမှ မတ်လ(၃၁) ရက်နေ့မှ ဧပြီလ (၂) ရက်နေ့ အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၆၆.၀၀၀) တန်၊ (၀.၀၃၀၇) ဒေါ်လာသန်း၊ ငရုတ်သီး (၆၆.၃၅၂) တန်၊ တန်ဖိုး (၀.၀၄၈၂) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၃၁.၃၀၀) တန်၊ တန်ဖိုး (၀.၀၅၈၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၁၀) တန် တန်ဖိုး (၀.၀၀၃၃) ဒေါ်လာသန်း၊ ကြွေပြား (၃၆၅) M2 ၊ တန်ဖိုး (၀.၀၀၀၉) ဒေါ်လာသန်း၊ အမွှေးဆီ (၇၅) တန်၊ တန်ဖိုး (၀.၀၈၉၅) ဒေါ်လာသန်း၊ ဖိနပ် (၄၈၀၀) ရံ၊  တန်ဖိုး (၀.၀၀၀၆) ဒေါ်လာသန်း၊ ကော်ဇော (၁) တန်၊ တန်ဖိုး (၀.၀၀၀၆) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၇၀.၄၅၇) ဒေါ်လာနှုန်း၊ ပုစွန် (၂၀၂၀၀.၅၄၁) ဒေါ်လာနှုန်း၊ ကဏန်း (၂၂၅၀.၇၈၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၈၃၅.၃၄၂) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၆၅.၁၅၂) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၂၆.၄၂၉) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၃၃၀) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၄၇) ဒေါ်လာနှုန်း၊ ဖိနပ်တစ်ရံ (၀.၁၃)  ဒေါ်လာနှုန်း၊ ကော်ဇော (၆၀၀) ဒေါ်လာနှုန်း၊ အမွှေးဆီ (၁၁၈၀) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

            ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကဖြစ်သည်။

             ၂၀၂၄ ခုနှစ်၊မတ်လကုန်သွယ်မှုလျာထားချက်မှာအမေရိကန်ဒေါ်လာ (၂၄ .၅၀၀) သန်းဖြစ်ပြီး (၃၁-၃-၂၀၂၄)ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ (၃၆.၀၆၃)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၁၄၇.၁၉၆ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ၃၁ရက်နေ့မှ ဧပြီလ ၁ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၃၁၅. ၃၅၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၉၀၀)သန်းတင်ပို့နိုင်ခဲ့ပြီးသွင်းကုန်ပိုင်းတွင် တင်သွင်းခြင်းမရှိပါ။ကုန်သွယ်မှုပမာဏအနေဖြင့် (၁.၉၀၀)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

                      ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ၃၁ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိရေထွက်ကုန်ပစ္စည်းအုပ်စုတွင် (၁၈၀၂.၂၈၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၅၆၂)သန်း၊ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် (၁၄၉၈.၀၆၂)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၃၃၆)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင်(၁၅.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၀၂)သန်းတင်ပို့နိုင်ခဲ့ပါသည်။ပို့ကုန်တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာပြောင်းသီးနှံအားတစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကိုပင်လယ်ရေကြောင်းရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်းကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ(၃၀) ရက်နေ့အထိနယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှရနောင်းသို့ ပြောင်းတန်ချိန်(၁၂၄၀၅.၀၆၂)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂.၈၃၇)သန်းအားတင်ပို့နိုင်ခဲ့ပါသည်။

             ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာနှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကိုသက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၃၀-၃-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် (၁)သိန်းလျှင် (၉၅၂.၄၀) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ(၁၀၅)ကျပ်ခန့် (၂၉-၃-၂၀၂၄)ရက်နေ့ နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၄၄၀၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

           မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၁)ရက်နေ့အတွင်း  တင်ပို့နိုင်ခြင်း မရှိပါ။မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန် လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန် လျက်ရှိကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၁)ရက်နေ့အတွင်း တင်သွင်း နိုင်ခြင်းမရှိပါ။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၉၅၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၃၁၅၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၄.၅) ကျပ်ဖြင့်  အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

           တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလ မှ မတ်လထိ) ပို့ကုန် ကန်ဒေါ်လာ (၆၁.၆၀၉) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၁၀၈.၄၂၇) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၁၇၀.၀၃၆) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁-၄-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၂,၆၀၅.၂၅၀) တန်၊ တန်ဖိုး (၀.၅၈၇) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ထောပတ်သီး  (၁၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၄၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၆၀၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၁-၄-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၉၅၀.၀၃၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး (၁-၄-၂၀၂၄) ရက်တွင် ဒီဇယ် (၀.၀၂၉)ဒေါ်လာသန်း၊ ဓာတ်ဆီ (၀.၀၅၉)​ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၀၇) ဒေါ်လာသန်း၊ စားသောက်ကုန် ​(၀.၀၀၉) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်း (၀.၀၆၈) ဒေါ်လာသန်း၊ အခြားပစ္စည်း  (၀.၀၀၇) ဒေါ်လာသန်း အပါအဝင် (၀.၁၇၉) ဒေါ်လာသန်း တင်သွင်း ခဲ့ပါ သည်။

Pages