မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၂၉-၃-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ငရုတ်ခြောက်၊ ငရုတ်စို၊ ငါးပိ၊ ပီလောပီနံခြောက်၊ မကျည်းသီးအစေ့ပါတို့တင်ပို့ခဲ့ပါသည်။

       ၂၉-၃-၂၀၂၄ရက်နေ့အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ၊ ငရုတ်ခြောက်၊ ငရုတ်စို၊ ငါးပိ၊ ပီလောပီနံခြောက်၊ မကျည်းသီးအစေ့ပါတို့ဖြစ်ပါသည်။

      ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

      ၂၉-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁)တန်လျှင် (၄၉၀.၇၁၃)ဒေါ်လာဖြင့် (၂၈၉.၃၇၅)တန်၊ (၀.၁၄၂)ဒေါ်လာသန်း၊ငရုတ်ခြောက်(၁)တန်လျှင် (၁၅၄၉.၃၁၄)ဒေါ်လာဖြင့် (၃၀.၃၃၆)တန်၊ (၀.၀၄၇)ဒေါ်လာသန်း၊ ငရုတ်စို (၁)တန်လျှင် (၃၂၉.၈၆၁)ဒေါ်လာဖြင့်(၅၇.၆၀၀)တန်၊(၀.၀၁၉)ဒေါ်လာသန်း၊ငါးပိ(၁)တန်လျှင် (၁၇၀၃.၇၇၉)ဒေါ်လာဖြင့် (၅၉.၂၈၀)တန်၊ (၀.၁၀၁)ဒေါ်လာသန်း၊ ပီလောပီနံခြောက်(၁)တန်လျှင်(၁၄၆.၄၉၇)ဒေါ်လာဖြင့်၊ (၆၂၈.၀၀၀)တန်၊ (၀.၀၉၂)ဒေါ်လာသန်း၊မကျည်းသီးအစေ့ပါ (၁)တန်လျှင် (၂၅၀.၀၀၀)ဒေါ်လာဖြင့် (၃၂.၀၀၀)တန်၊ (၀.၀၀၈)ဒေါ်လာသန်း၊ တို့ဖြစ်ပါသည်။

      ၂၉ - ၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၂၂၄)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်း (၀.၂၀၂)ဒေါ်လာသန်း၊ သွားတိုက်ဆေး (၀.၁၁၈)ဒေါ်လာသန်း၊ သံနှင့်သံမဏိ(၀.၀၃၁)ဒေါ်လာသန်း၊အခြားစက္ကူများ(၀.၀၃၀)ဒေါ်လာသန်း၊သုတ်ဆေး၊ ပေါလစ်များ(၀.၀၂၂)ဒေါ်လာသန်း၊ ဖိနပ်များ (၀.၀၂၁)ဒေါ်လာသန်း၊ ဇာနှင့် ဇာထိုးထားသော အထည်အလိပ်များ (၀.၀၂၀)ဒေါ်လာသန်း၊သွပ်ပြား (၀.၀၂၀)ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၀၁၂)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

      ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၂)ကျပ် ရှိပြီး ယခုအပတ်တွင် (၁၀၅) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမှာအနည်းငယ်တက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

      မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၂၉ ရက်နေ့အထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၃၁၉.၀၉၂) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၈၂၄.၄၆၈) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁၃၅.၁၃၃) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

             မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊မတ်လ(၂၆)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း ငါးမှုန့် (၁)တန်လျှင် (၉၀၀) ဒေါ်လာနှုန်းဖြင့် (၃၉၀) တန် ၊ တန်ဖိုး (၀.၃၅၁)ဒေါ်လာသန်း၊ ပြောင်း (၁)တန်လျှင် (၂၂၅) ဒေါ်လာနှုန်းဖြင့် (၂၇၀၀) တန် ၊ တန်ဖိုး (၀.၆၀၈)ဒေါ်လာသန်းအားထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ငါးကြိတ်သား(၁)တန်လျှင် (၁၈၆၉) ဒေါ်လာနှုန်းဖြင့် (၂၇) တန် ၊ တန်ဖိုး (၀.၀၅၁)ဒေါ်လာသန်းအား မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့်ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ကားလမ်းကြောင်းဖြင့်လည်းကောင်းအကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormDအကျိုးခံစားခွင့် များလျှောက်ထားရယူ၍ တင်ပို့ခဲ့ခြင်း၊ ရော်ဘာ(၁)တန်လျှင် (၁၃၆၁) ဒေါ်လာနှုန်းဖြင့် (၂၂၁၅.၂) တန် ၊ တန်ဖိုး (၃.၀၁၅)ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormEအကျိုးခံစားခွင့်လျှောက်ထားရယူ၍ မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းဖြင့်တင်ပို့ခဲ့ခြင်းများရှိခဲ့ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး (၄.၀၂၅)ဒေါ်လာသန်းအား တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊မတ်လ(၂၆)ရက်နေ့မှ (၃၀)ရက်နေ့တွင်း ဓာတ်ဆီ (၁)တန်လျှင် (၉၆၄) ဒေါ်လာနှုန်းဖြင့်(၂၀၀) တန် ၊ တန်ဖိုး (၀.၁၉၃) ဒေါ်လာသန်း၊ဒီဇယ်ဆီ (၁)တန်လျှင် (၈၇၉.၉) ဒေါ်လာနှုန်းဖြင့်(၁၉၀၀) တန် ၊ တန်ဖိုး (၁.၆၇၁) ဒေါ်လာသန်း စုစုပေါင်းသွင်းကုန်တန်ဖိုး (၁.၈၆၄) ဒေါ်လာသန်းအားတင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၉၅၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၃၁၅၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၂) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

             တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၃-၃-၂၀၂၄ မှ ၂၉-၃-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (10,007.754) တန်၊ တန်ဖိုး (၂.၂၇၆) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၇၂.၄၀၀) တန်၊ တန်ဖိုး (၀.၀၈၄) ဒေါ်လာသန်း၊ AROMATIC GINGER  (၃၂.၅၀၀)တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ ထောပတ်သီး (၁၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၇)ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၆.၆၀၀) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ ဆိတ်(အရှင်) (၂၅၀)​ကောင်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ LEAD SULFIDE (၂၈၂.၀၀၀)တန်၊ တန်ဖိုး (၀.၁၂၉) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၈၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်းနှင့်  ပလတ်စတစ်ဖြတ်စ (၅၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၃) အပါအဝင် ပို့ကုန် တန်ဖိုး (၂.၅၈၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၅၅.၅၉၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၂၃-၃-၂၀၂၄ မှ ၂၉-၃-၂၀၂၄) တွင် ဓာတ်ဆီ (၂,၉၉၀) BBL ၊ တန်ဖိုး (၀.၃၀၁) ဒေါ်လာသန်း၊ ဒီဇယ် (၂,၈၅၆) BBL ၊ တန်ဖိုး (၀.၃၂၂) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၁၃) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်း (၀.၁၀၄) ဒေါ်လာသန်း၊ လယ်ထွန်စက်များ (၀.၀၀၅) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၇၃) ဒေါ်လာသန်း၊ Solar Pannel (၀.၀၀၄) ဒေါ်လာသန်း၊ MIXED LPG GAS (၀.၀၀၉) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်း (၀.၀၇၁) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၁၄) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၀၅) ဒေါ်လာသန်း၊ သတ္တုကုန်ကြမ်းပစ္စည်းများ (၀.၀၀၁) ဒေါ်လာသန်း၊ မီးဖိုချောင်သုံး ပစ္စည်းများ (၀.၀၁၉) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၀၆) ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၁.၂၅၇) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

 

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ(၂၄) ရက်နေ့မှ (၂၆)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၇၀၄) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၂၈) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၇၃၂) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ မတ်လ(၂၄) ရက်နေ့ မှ (၂၆) ရက်နေ့အထိ လယ်ယာ ထွက်ကုန် ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၁၁၈.၁၄၈) တန်၊ (၀.၀၅၉၂) ဒေါ်လာသန်း၊ ငရုတ်သီး (၇၈.၇၆၈) တန်၊ တန်ဖိုး (၀.၀၅၃၆) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၃၆.၅၀၀) တန်၊ တန်ဖိုး (၀.၀၅၇၆) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် ပုစွန်သားပေါက် (၅၀၀၀၀၀၀) U၊ တန်ဖိုး (၀.၀၀၂၈) ဒေါ်လာသန်း၊ တင်သွင်း ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၉၀.၆၇၀) ဒေါ်လာနှုန်း၊ ပုစွန် (၁၆၇၀၀.၆၀) ဒေါ်လာနှုန်း၊ ကဏန်း (၂၈၃၈.၅၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၅၉၀.၁၅) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၅၀၁.၀၆၆) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၈၀.၄၇၀) ဒေါ်လာနှုန်း၊ ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - ပုစွန်သားပေါက် (၅.၆) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၆-၃-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၉၇၅) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၂.၅၆) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

             ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများ ကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။

             ၂၀၂၄ ခုနှစ်၊မတ်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၄ .၅၀၀) သန်း ဖြစ်ပြီး (၂၅-၃-၂၀၂၄)ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ (၂၈.၄၅၉)ဒေါ်လာသန်း ဆောင်ရွက်နိုင် ခဲ့သဖြင့် လျာထားချက်အပေါ် (၁၁၆.၁၅၉ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ၂၄ ရက်နေ့မှ ၂၅ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၅၃၇.၄၅၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၉၆၆)သန်းနှင့်သွင်းကုန်တန်ချိန်(၃၀၃.၇၁၂)တန်၊(၉၉၇)U၊(၆၁၂၀၀)2U၊(၁၃၂၈၀.၈၃၀)M2၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၂၆၀)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁.၂၂၆) သန်းဖြစ်ပါသည်။

                 ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ၂၄ ရက်နေ့မှ၂၅ရက်နေ့အထိ ရေထွက်ကုန် ပစ္စည်းအုပ်စုတွင် (၁၁၁၇.၁၇၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၉၃၀)သန်း၊ အခြားပစ္စည်း အုပ်စုတွင်(၄၂၀.၂၈၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၃၆)သန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          စဉ်        အမည်        အရေအတွက်      ဈေးနှုန်း

          (၁)     မျက်လုံးကျယ်(200-300gm)၁ ကီလိုဂရမ်     ၀.၈၇၀ ဒေါ်လာ

          (၂)      စက်ဟောက်(100-200 gm)၁ ကီလိုဂရမ်      ၀.၆၉၃ ဒေါ်လာ

          (၃)     ကင်းမွန်(8 cm down)          ၁ ကီလိုဂရမ်   ၁.၇၉၀ ဒေါ်လာ

          (၄)     သဲဂဏန်း       ၁ ကီလိုဂရမ်   ၃.၈၉၀ ဒေါ်လာ

          (၅)     ပလာတူး       ၁ ကီလိုဂရမ်   ၀.၉၈၀ဒေါ်လာ

          (၆)     သဲတိုး(100-300gm)   ၁ ကီလိုဂရမ်   ၁.၀၉၀ဒေါ်လာ

          (၇)     ငါးဗျောသီး(100-200 gm)     ၁ ကီလိုဂရမ်   ၀.၆၉၃ဒေါ်လာ

          (၈)     ငါးဒင်္ဂါး(100-200 gm) ၁ ကီလိုဂရမ်   ၀.၇၆၀ဒေါ်လာ

          (၉)     ပလာလန်း     ၁ ကီလိုဂရမ်            ၁.၁၀၀ ဒေါ်လာ

          (၁၀)ငါးပုလွေ(100-200gm)   ၁ ကီလိုဂရမ်   ၁.၀၁၀ ဒေါ်လာ

Pages