တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၆-၄-၂၀၂၄ မှ ၁၂-၄-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၆,၇၆၁.၈၇၄) တန်၊ တန်ဖိုး (၁.၅၂၃) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၃၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၈၃) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၃.၂၀၀)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ကြက်သွန်နီ (၄၈.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၅၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ ထောပတ်သီး (၅.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ စကျင်ကျောက် (၇.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၀၁) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၀၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်းနှင့်  ပလတ်စတစ်ဖြတ်စ (၂၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၁) အပါအဝင် ပို့ကုန် တန်ဖိုး (၁.၆၉၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁)သိန်းလျှင် (၉၅၅.၀၀၈) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၆-၄-၂၀၂၄ မှ ၁၂-၄-၂၀၂၄) တွင် ဓာတ်ဆီ (၂,၀၉၃) BBL ၊ တန်ဖိုး (၀.၂၀၆) ဒေါ်လာသန်း၊ ဒီဇယ် (၃,၉၃၀) BBL ၊ တန်ဖိုး (၀.၄၁၉) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၈၀) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၃၈၅) ဒေါ်လာသန်း၊ ဆောက်လုပ်ရေး ပစ္စည်းများ (၀.၁၉၅) ဒေါ်လာသန်း၊ MIXED LPG GAS (၀.၀၀၉) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၂၀) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၂) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၂၀) ဒေါ်လာသန်း၊ တာယာ (၀.၀၀၅) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၃၇) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၇၉) ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၁.၅၆၇) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဧပြီလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့်(၁)တန်လျှင် (၈၇၉) ဒေါ်လာနှုန်းဖြင့် (၃၄၅) တန် ၊ တန်ဖိုး (၀.၃၀၃)ဒေါ်လာသန်းအား ကော့သောင်းကုန်သွယ်ရေးစခန်း မှတဆင့်ထိုင်းနိုင်ငံရနောင်းသို့ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ငါးကြိတ်သား (၁)တန်လျှင် (၁၈၃၉) ဒေါ်လာနှုန်းဖြင့် (၁၅.၂) တန် ၊ တန်ဖိုး (၀.၀၂၈)ဒေါ်လာသန်းအားမောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ကားလမ်းကြောင်းဖြင့်လည်းကောင်းအကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်များလျှောက်ထားရယူ၍တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန် တန်ဖိုး (၀.၃၃၁)ဒေါ်လာသန်းအားတင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဧပြီလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အတွင်းသွင်းကုန်ဒီဇယ်ဆီ (၁)တန်လျှင် (၇၉၀) ဒေါ်လာနှုန်းဖြင့်(၃၇၉၃) တန် ၊ တန်ဖိုး (၂.၉၉၆) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန်လျှင် (၈၉၈) ဒေါ်လာနှုန်းဖြင့်(၁၃၀၀) တန် ၊ တန်ဖိုး (၁.၁၆၇) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၁၂၈၁.၁၉၄)တန်၊ တန်ဖိုး (၀.၂၆၂) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၅၆၀)တန်၊တန်ဖိုး (၀.၂၈၆) ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်း (၁၄၄)U တန်ဖိုး(၀.၀၁၂) ဒေါ်လာသန်း တင်သွင်းနိုင်ငံခဲ့ပြီး စုစုပေါင်းသွင်းကုန်တန်ဖိုး (၄.၇၂၃) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၉၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၁၀၀) ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၄) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

           မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁၀) ရက်နေ့မှ (၁၄)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၈၂၄) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၁၀၅၄) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၄၇၈၇) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဧပြီလ(၁၀)ရက်နေ့ မှ (၁၄) ရက်နေ့ အထိ လယ်ယာထွက်ကုန် ပစ္စည်းအနေဖြင့် ငရုတ်သီး (၁၀.၀၀) တန်၊ တန်ဖိုး (၀.၀၀၇၇) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၂၇၈.၁၇၀၀) တန်၊ တန်ဖိုး (၀.၃၇၁၄) ဒေါ်လာသန်း၊ သစ်တောထွက်ပစ္စည်းအနေဖြင့် ဓနိဖက် (၁၂) တန်၊ တန်ဖိုး (၀.၀၀၁၅) ဒေါ်လာသန်း၊ စက်မှုကုန်ချော ပစ္စည်းအနေဖြင့် တံမြက်စည်း (၉၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၁၈) ဒေါ်လာသန်း၊ တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၅၀.၃၅) တန် တန်ဖိုး (၀.၀၂၇၈) ဒေါ်လာသန်း၊ ကြွေပြား (၁၄၇၃၅) M2 ၊ တန်ဖိုး (၀.၀၃၄၄) ဒေါ်လာသန်း၊ ကျောက်ပြား (၂၀)  တန်၊ တန်ဖိုး (၀.၀၁၀၇) ဒေါ်လာသန်း၊ ဖိနပ် (၂၈၈၀၀) ရံ၊  တန်ဖိုး (၀.၀၀၃၄) ဒေါ်လာသန်း၊ ဖိနပ် (၈၁၇၄) ရံ၊ တန်ဖိုး (၀.၀၁၉၁) ဒေါ်လာသန်း၊ A4 စက္ကူ (၈) တန်၊ တန်ဖိုး (၀.၀၁၀၀) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၅၀.၈၃၃) ဒေါ်လာနှုန်း၊ ပုစွန် (၂၀၂၆၃.၆၈၂) ဒေါ်လာနှုန်း၊ ကဏန်း (၁၇၁၈.၄၂၅၅) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၄၈.၅၆၆၈) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၇၀) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၂၅) ဒေါ်လာနှုန်း၊ တံမြက်စည်း (၀.၂) ဒေါ်လာနှုန်း၊ ဆီအုန်းကြိတ်ဖတ် (၈၉.၀၈၃) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၅၄၂.၂၀၅) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၃၃) ဒေါ်လာနှုန်း၊ ကျောက်ပြား (၁၆၅) ဒေါ်လာနှုန်း၊  ဖိနပ်တစ်ရံ (၂.၃၄)  ဒေါ်လာနှုန်း၊ A4 စက္ကူ (၁၂၅၀) ဒေါ်လာနှုန်းဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၄-၄-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၉၆၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၄.၁၇) ကျပ်ခန့် ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ၉ရက်နေ့မှ ၁၃ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၁၇၉.၇၈၅)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂.၁၀၃)သန်းနှင့်သွင်းကုန်(၂၇၁၃.၈၃၅)တန်၊(၃၃၃၄)U၊ (၂၁၇၅၈.၂၂၀)M2၊ (၇၅၀) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၀၆၂)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာ (၃.၁၆၅)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

                    ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ၉ရက်နေ့မှ ၁၃ရက်နေ့အထိရေထွက်ကုန်ပစ္စည်းအုပ်စုတွင် (၂၄၅၁.၂၃၄)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၉၅၈)သန်း၊ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် (၅၇၈.၅၅၁)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၁၃၀)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင်(၁၅၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၁၅)သန်းတင်ပို့နိုင်ခဲ့ပါသည်။ပို့ကုန်တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာပြောင်းသီးနှံအားတစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကိုပင်လယ်ရေကြောင်းရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်းကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့အထိနယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှရနောင်းသို့ ပြောင်းတန်ချိန်(၁၅၂၉၄.၂၂၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃.၄၈၇)သန်းအားတင်ပို့နိုင်ခဲ့ပါသည်။ယခုတစ်ပတ်အတွင်းငါးဈေးနှုန်းများမှာအောက်ပါအတိုင်းဖြစ်ပါသည် -

          စဉ်      အမည်        အရေအတွက်  ဈေးနှုန်း

          (၁)     ပလာလန်း     ၁ ကီလိုဂရမ်   ၁.၁၀၀ဒေါ်လာ

          (၂)     ပလာတူး       ၁ ကီလိုဂရမ်   ၀.၉၈၀ ဒေါ်လာ

          (၃)     တာဝမ်(100-200 gm) ၁ ကီလိုဂရမ်   ၀.၉၀၀ဒေါ်လာ

          (၄)     ဘောင်းကြေး  ၁ ကီလိုဂရမ်   ၀.၉၀၀ဒေါ်လာ

          (၅)     ပါကင် ၁ ကီလိုဂရမ်   ၀.၄၅၀ဒေါ်လာ

          (၆)     ကင်းမွန်(8cm down) ၁ ကီလိုဂရမ်   ၁.၇၉၀ဒေါ်လာ

          (၇)     ကင်းမွန်(8-12 cm)    ၁ ကီလိုဂရမ်   ၂.၁၀၀ဒေါ်လာ

         သွင်းကုန်ပိုင်းအနေဖြင့်၂၀၂၄ ခုနှစ်၊ဧပြီလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် (၁၁၁၂.၉၄၄)တန်၊ (၃၁၃၄)U၊ (၂၁၅၇၈.၂၂)M2၊တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၂၄၉) သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် (၁၆၉.၉၆၉) တန်၊ (၂၀၀)U၊ (၇၅၀)BBL၊ တန်ဖိုးအမေရိကန် ဒေါ်လာ(၀.၂၁၈)သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် (၁၄၃၀.၉၂၂)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၅၉၅)သန်းတင်သွင်းခဲ့ပါသည်။

             ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာနှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကိုသက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၁၃-၄-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် (၁)သိန်းလျှင် (၉၆၁.၅၀) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ(၁၀၄)ကျပ်ခန့် (၁၂-၃-၂၀၂၄)ရက်နေ့ နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၄၁၇၅) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၄၄၀၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ခုနှစ်၊ ဧပြီလကုန်သွယ်မှုလျာထားချက်မှာပို့ကုန်(27.420)ဒေါ်လာသန်းနှင့်သွင်းကုန် (၂.15၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (29.570) ဒေါ်လာသန်းဖြစ်ပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဧပြီလ(၁၃) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန်(၂၁.၉၂၈) ဒေါ်လာသန်း၊ သွင်းကုန်(၂.၈၅၃)ဒေါ်လာသန်း၊စုစုပေါင်း(၂၄.၇၈၁)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၈၃.၈၀၆%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဧပြီလ(၁၃)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ပဲယင်း၊ပဲကြီး၊ ပဲနီကြား၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ထောပတ်ပဲ၊ မတ်ပဲ၊စွန်တာနီပဲ၊ ပဲလွန်း၊ သီဟိုဌ်စေ့၊ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီး၊ ငရုတ်ခြောက်၊ မကျည်းသီး(အစေ့ပါ)၊ကြက်သွန်နီ၊အင်ကြင်းကျောက်၊ စကျင်ကျောက်ဆင်းတုနှင့်လောင်စာတောင့်ိိတို့တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် CMP ပစ္စည်းများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ဧပြီလ(၉)ရက်မှ ဧပြီလ(၁၃) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၅၅၄၄) တန်၊ တန်ဖိုး(၅.၃၉၃) ဒေါ်လာသန်း၊ပဲမျိုးစုံတင်ပို့မှုအနေဖြင့်ပဲယင်းတန်ချိန် (၃၄) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ပဲကြီးတန်ချိန် (၂၇၂) တန်၊ တန်ဖိုး (၀.၂၃၅) ဒေါ်လာသန်း၊ပဲနီကြားတန်ချိန် (၁၇၀.၅) တန်၊ တန်ဖိုး (၀.၁၁၈) ဒေါ်လာသန်း၊ထောပတ်ပဲတန်ချိန် (၃၇၆) တန်၊ တန်ဖိုး (၀.၃၆၉) ဒေါ်လာသန်း၊စွန်တာနီပဲတန်ချိန် (၃၃) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ပဲလွန်းတန်ချိန် (၁၀၆) တန်၊ တန်ဖိုး (၀.၀၈၃) ဒေါ်လာသန်း၊မြေထောက်ပဲတန်ချိန် (၂၀၄.၅) တန်၊ တန်ဖိုး (၀.၂၀၈) ဒေါ်လာသန်း၊ နိုင်လွန်ပဲတန်ချိန် (၁၃၆) တန်၊ တန်ဖိုး (၀.၁၂၄) ဒေါ်လာသန်း၊သစ်သီးဝလံတင်ပို့မှုအနေဖြင့်ရွှေဖရုံသီးတန်ချိန် (၇၆၃) တန်၊ တန်ဖိုး(၀.၀၇၇)ဒေါ်လာသန်း၊ဖရဲသီးတန်ချိန် (၂၉၄၅)တန်၊ တန်ဖိုး (၀.၃၀၉) ဒေါ်လာသန်း၊သီဟိုဌ်စေ့ တန်ချိန် (၁၆) တန်၊ တန်ဖိုး (၀.၀၈၀) ဒေါ်လာသန်း၊ငရုတ်သီးတန်ချိန် (၁၀၇) တန်၊ တန်ဖိုး(၀.၀၅၃)ဒေါ်လာသန်း၊ငရုတ်ခြောက် တန်ချိန် (၁၂၄၇)တန်၊ တန်ဖိုး (၁.၇၃၀) ဒေါ်လာသန်း၊ ကြက်သွန်နီတန်ချိန် (၃၃၉၅) တန်၊ တန်ဖိုး (၁.၃၆၆) ဒေါ်လာသန်းနှင့် မကျည်းသီး(အစေ့ပါ) တန်ချိန် (၂၀၂) တန်၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာသံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၁၇၆.၀၀၀) တန်၊ တန်ဖိုး(၀.၁၂၁)ဒေါ်လာသန်း၊လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၁၈၄.၄၀၀) တန်၊ တန်ဖိုး (၀.၄၄၅) ဒေါ်လာသန်းနှင့်လူသုံးကုန်ပစ္စည်းတန်ချိန် (၁၄၃.၀၀၀) တန်၊ တန်ဖိုး (၀.၁၁၂၃) ဒေါ်လာသန်းနှင့် CMP အထည်ချုပ်ပစ္စည်းတန်ချိန် (၅၂.၁၂၇) တန်၊ တန်ဖိုး (၀.၄၂၅) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနားကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲကုန်တင်ယာဉ်များပုံမှန်သွားလာလျက်ရှိပါသည်။

Pages